ကိုယ့်သမိုင်းလေး လှပါစေ

အရက် ရောင်းတဲ့သူက ဘယ်ကိုမှ မသွားရဘဲ ရောင်းနေရပြီး နွားနို့ ရောင်းသူက အိမ်တိုင်းစေ့ ရောက်နေရတယ်။ ကြေးမုံပြင်က မှန်တယ်။ ကိုယ်ငိုရင် ဘယ်တော့မှ သူ မရီဘူး။

ဖယောင်းတိုင်တွေ ထွန်းပြီး သေသူကို သတိတရ ဝမ်းနည်းကြ ပေမယ့် ဖယောင်းတိုင် မှုတ်ပြီး မွေးနေ့ပွဲတွေ ကျင်းပ ကြတယ်။

ခြေကျင်းစွပ်ကို သိန်းချီ ပေးဝယ်ရတယ်။ ပြီးတော့ ခြေထောက်မှာ စွပ်ကြတယ်။ ဒါပေမယ့် ဆံပင်ချည် သရေပင်က ရာဂဏန်းပဲ တန်ဖိုးရှိပြီး ခေါင်းမှာ နေရာရတယ်။

ဒါကြောင့် တန်ဖိုးထက် လုပ်ဆောင်ရမယ့် နေရာက အဓိက ဖြစ်လာတယ်။

မှန်ကန်တဲ့ အကြံပေးသူဟာ ဆားခါးနဲ့ တူတဲ့ မိတ်ဆွေစစ် ဖြစ်တယ်လို့ ယူဆပြီး အလိုလိုက် အကြိုက်ဆောင် အချိုသတ် ပေါင်းသူတွေဟာ သကြား လိုပါပဲ။ ဆားခါးက ပိုးပုရွက် မကျဘဲ၊ သကြား ကတော့ ပိုးပုရွက်ကြောင့် ပျက်စီးခြင်းကို ရောက်ရတယ်။

ကောင်းတဲ့လမ်းကို ဘယ်သူမှ မသွားချင် ကြဘူး။ မကောင်းတဲ့ လမ်းကိုတော့ အားလုံး သွားကြတယ်။ ဒါကြောင့် အရက်ရောင်းသူက ဘယ်မှ မသွားရဘဲ နွားနို့ရောင်းသူက အိမ်တိုင်းထိ သွားရတယ်။

နံရံပေါ်က ဓာတ်ပုံရဲ့ ဝန်ကို တကယ် ထမ်းထားတာက သံချောင်းလေး။ ဒါပေမယ့် လူတွေ ချီးမွမ်းကြ တာက သူ့ပေါ် ချိတ်ထားတဲ့ ဓာတ်ပုံ။

လူတွေက သူတို့ကို တိရိစ္ဆာန်လို့ ပြောရင် ထသတ်ချင် ကြပြီး ကျားလို ခြင်္သေ့လို ရဲရင့်လိုက်တာ ဆိုရင်တော့ ကျေနပ်နေကြ ပြန်ပါလေရော။

မင်္ဂလာပွဲ တွေမှာ လူတွေက အရှေ့ကနေ လိုက်ကြပြီး မသာပို့ချိန်ကြ နောက်ရောက် သွားကြတယ်။ ဒါကို မြင်ရတော့ လောကကြီးက ပျော်နေချိန်မှာ သင့်ရှေ့က နေကြပြီး ဝမ်းနည်းချိန်မှာ နောက်ကို ဆုတ်သွားတတ် ကြတဲ့ သင်ခန်းစာကို ယူမိတယ်။

မွေးမယ် သေမယ် ဖြစ်နေကြအုံးမယ့် တလောကလုံးမှာ အမြဲတမ်း ကျန်ခဲ့မယ့် ကိုယ့်သမိုင်းလေး ကိုတော့ လက်ရေး လှအောင် အမှန်ကန်ဆုံး ရေးနိုင်ကြ စေချင်ပါတယ်။ Crd

Post a Comment

0 Comments