မြင့်တဲ့နေရာမှာ ရှိဖို့လိုတယ်
တခါက ကျီးကန်း တကောင်ဟာ သစ်ကိုင်းပေါ်မှာ တနေ့လုံး နားနားနေနေ နေနေပါတယ်။ ကျီးကန်းဟာ ဘာအလုပ် မှလည်း မယ်မယ် ရရ မရှိပါဘူး။
အဲဒီ သစ်ပင်အောက်က ယုန်ကလေးဟာ အဲဒီ ကျီးကန်းကို ကြည့်ပြီ အားကျနေ ခဲ့တာပေါ့။
တနေ့ မှာတော့ ကျီးကန်းကို ယုန်ကလေးက "ကျုပ်လည်း ဘာမှ မလုပ်ပဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တနေ့လုံး ထိုင်နေချင် လိုက်တာဗျာ" လို့ ပြောတယ်။
ကျီးကန်းကလည်း "ထိုင်လေ၊ မင်းလည်း သစ်ပင်အောက်မှာ တနေကုန် နားနားနေနေ နေပေါ့" လို့ ပြန်ပြောတယ်။ အဲဒါနဲ့ ယုန်ကလေးလည်း ကျီးကန်း နားနေတဲ့ သစ်ကိုင်းအောက်က မြေပြင် ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေ လိုက်တယ်။
အချိန် ဘာမှတောင် မကြာလိုက်ပါဘူး။ မြေခွေးတကောင်ဟာ အဲဒီ သစ်ပင်နားကို ရောက်လာပြီးတော့ ယုန်ကလေးကို ကိုက်ချီသွား ပါတော့တယ်။
သင်ခန်းစာ။ ။ ဘာမှမလုပ်ပဲ တနေ့လုံး ထိုင်နေဖို့ ဆိုရင် အလွန့် အလွန် မြင့်တဲ့ အခြေအနေမှာ ရှိမှ ရပါလိမ့်မယ်။
ဒါကြောင့် မတူညီတဲ့ ဘဝတွေ မတူညီတဲ့ အခြေအနေတွေမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး လိုက်တု မနေပါနဲ့။ Crd
Zawgyi
Post a Comment
0 Comments