တရက်မှာ ခရုငယ်တကောင်ဟာ မြေပြင်မှာ တွားသွား နေတယ်။ ဒါကို လိပ်တကောင်က တွေ့တော "ငါ့ကျောပေါ် တက်ပါ၊ ငါခရီးကြုံ ပို့မယ်" လို့ ဆိုတယ်။
လိပ်ကျောပေါ် ခရုငယ် တက်သွားတော့ တီကောင် တကောင်ကလည်း ကြည့်နေပါတယ်။ တီကောင်က "သေချာ ထိုင်နော် သူသွားတာ တော်တော် မြန်တယ်" လို့ ပြောတယ်။
ဒီဟာသကို ကြားခါစက လိပ်ရဲ့ လေးစားဖွယ် သဘောထား တီကောင်ရဲ့ အထင်ကြီး အားကျပုံနဲ့ ခရုငယ်ရဲ့ ကျေးဇူးတရား ပြည့်ဝနေတဲ့ မျက်ဝန်းကို ကျွန်ုပ် မြင်ယောင်ခဲ့ မိပါတယ်။
ဒါကို ဟာသ တပုဒ်လို သဘောထားပြီး တွေ့သူတိုင်းကို ပြောပြခဲ့ ပါတယ်။ တချို့က "လိပ်က သူဟာ သူတောင် အင်အားမရှိ သွားတာလည်း နှေးတာတောင် တခြားသူကို ကူညီချင် သေးတယ်" လို့ ဝေဖန်အပြစ်တင် ကြတယ်။
တချို့က တီကောင်ကို "အမြင်မကျယ်တဲ့ တွင်းထဲက ဖားသူငယ်" အဖြစ် ခိုင်းနှိုင်းတယ်။ တချို့ကလည်း ခရုငယ်ကို "ကိုယ်ဘာသာကိုယ် မလျှောက်ဘူး၊ အမြန်လိုတော့ အနှေး တွေ့ပြီလေ" ဆိုပြီး အပြစ် ဖို့တယ်။
ဟာသတပုဒ်က ဒီလို အငြင်းပွား လိမ့်မယ် လို့ ကျွန်ုပ် တွေးထင် မထားခဲ့ မိပါဘူး။ ဒါပေမယ့် လူတယောက်ရဲ့ ပြောစကားက ကျွန်ုပ် ရင်ကို လှုပ်ခါသွား ခဲ့တယ်။ သူပြောတာက
"လိပ်က နှေးတယ် ဒါပေမယ့် တီကောင်နဲ့ ခရုအမြင်မှာ သူက မြန်တယ်။ ကိုယ့်လောက် မစွမ်းသူကို ကူညီတာ အကူအညီ လိုတဲ့သူကို ကူညီတာဟာ ဘယ်လောက်ပဲ ကူညီနိုင်တာ ဖြစ်ဖြစ် ချစ်စရာပါ" တဲ့။
ဒီစကားလေး တခွန်းက လူကို လှုပ်နှိုးသွားစေ ပြီးတော့ ပုံပြင်ရဲ့ တကယ့်အနက် အဓိပ္ပါယ်ကို နားလည် သွားခဲ့ပါတယ်။
တတ်စွမ်းသလောက် ကူညီတယ်၊ ကိုယ့်ထက် ခွန်အား နည်းသူကို ကူညီတယ်။ လက်တဖက် အကူညီ လိုသူကို လက်တဖက်က ကမ်းတယ်။ ကူညီမှုက နဲ များမဆို အကူအညီ လိုသူကို ကူညီတာဟာ မွန်မြတ်ခြင်း တပါးပါ။
ဖယောင်းတိုင် ငယ်လေးရဲ့ အလင်းဟာ ဘယ်အထိ ဝေးဝေးလင်း နိုင်ပါ့မလဲ၊ ဒါပေမယ့် သူ့ အနီးဝန်းကျင်က အမှောင်ထု ကိုတော့ ခွင်းနိုင်ပါတယ်။ phoomyatchal
0 Comments