ရုန်းထွက်လိုက်ပါတော့

ဖားတကောင်ကို ရေဖြည့်ထားတဲ့ ခွက်ထဲ ထည့်လိုက်ပြီး အဲ့ဒီ ခွက်ကလေးကို အပူ ပေးလိုက်တယ်။ ရေရဲ့ အပူချိန် မြင့်တက်လာတဲ့ အခါ ဖားလေးဟာ သူ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို စပြီး ညှိယူခဲ့ပါတယ်။

ရေအပူချိန် မြင့်တက် လာတာနဲ့ အမျှ ဖားကလည်း သူ့ရဲ့ ခန္ဓာကိုယ် အပူချိန်ကို ညှိယူနေဆဲပါ။ ခွက်ထဲက ရေတွေဟာ ရေဆူမှတ်ကို ရောက်တဲ့ အခါမှာတော့ ဖားကလေးလည်း အပူချိန်ကို မညှိနိုင် တော့ပါဘူး။

ဒီအချိန် မှာတော့ ဖားလေး အပြင်ကို ခုန်ထွက်ဖို့ ကြိုးစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့ ရေရဲ့ အပူချိန်ကို ညှိယူရင်းနဲ့ပဲ သူ့ရဲ့ ခွန်အားတွေ ဆုံးရှုံးခဲ့ရတော့ ဖားကလေးဟာ အပြင်ကို ခုန်ထွက်ဖို့ ကြိုးစားပေမယ့် မထွက်နိုင်ခဲ့ပါဘူး။

သိပ်မကြာခင် မှာပဲ ဖားကလေး သေခဲ့ရတယ်။ ဖားကလေးကို ဘယ်အရာက သတ်လိုက်တာလဲ။ ဖားလေး သေရတာ "ရေနွေး ဆူဆူကြောင့်" လို့ အများစုက ပြောကြပါလိမ့်မယ်။

တကယ်တမ်း ဖားကလေးကို သတ်ခဲ့တဲ့ အရာ ကတော့ "ဘယ်အချိန်မှာ ခုန်ထွက်ရမလဲ" ဆိုတာကို မဆုံးဖြတ် နိုင်ခဲ့တဲ့ ဖားကလေးရဲ့ ညံ့ဖျင်းမှု ပါပဲ။

ကျွန်မတို့ အားလုံးလည်း နေ့စဉ်ဘဝမှာ ထိတွေ့ ဆက်ဆံနေ ရတဲ့ လူတွေနဲ့ ရင်ဆိုင် တွေ့ကြုံနေရတဲ့ အခြေအနေ များစွာ အပေါ် သေသေချာချာ ညှိနှိုင်းယူတတ်ဖို့ လိုပါတယ်။ ဘယ်လို အချိန်မှာ ညှိယူရမလဲ၊ ဘယ်အချိန်မှာ ရုန်းထွက်ရမလဲ ဆိုတာတော့ သိဖို့ လိုအပ်ပါတယ်။

ကျွန်မတို့ကသာ လူတိုင်းအပေါ် ကျွန်မတိုရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်း ဆိုင်ရာ၊ ငွေရေးကြေးရေး ဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်း ဆိုင်ရာ အစစ အရာရာကို လွှမ်းမိုး ချုပ်ကိုင်ခွင့် အသုံးချခွင့် ပေးလိုက်မယ် ဆိုရင်

အဲဒီ လူတွေဟာ သူတို့ ကိုယ်ကျိုးအတွက် ကျမတို့အပေါ် အဲဒီလို အပြုအမူမျိုးတွေ ဘဝ တလျှောက်လုံး ပြုမူသွား ပါလိမ့်မယ်။

သင့်ရဲ့ အနာဂတ်ကို ဖျက်ဆီးချင်တဲ့ လူတချို့ကြောင့် လမ်းမပျောက်ပါစေနဲ့။ သူတို့တွေ မရှိလည်း သင် ရှင်သန်နိုင် ပါတယ်။ သူတို့တွေက အောက်စီဂျင်မှ မဟုတ်တာ။ သေနေတဲ့ ငါးတွေ သာလျှင် ရေစီးနဲ့ အတူ ဦးတည်ရာမရှိ မျောပါကြတယ်။

သင် ရှင်သန်နေသေးလား၊ သင် သေဆုံးသွားပြီလား။ ဘယ်အချိန်မှာ ရုန်းထွက်ရမလဲ ဆုံးဖြတ်တတ် ပါစေ။ ကျမတို့ ဆီမှာ ခွန်အားတွေ ရှိနေတုန်း ရုန်းထွက်နိုင် ကြပါစေ။

Post a Comment

0 Comments