မြေခွေးတကောင်ရဲ့ သင်ခန်းစာ

တခါတုန်းက မြေခွေး တကောင်ဟာ ကြက်ခြံ တခြံကို တွေ့တော့ ခြံထဲကို ဝင်ပြီး ကြက်ခိုးစားဖို့ ကြံတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ဝလွန်းတာကြောင့် ခြံထဲကို တိုးဝင်လို့ မရဘူး။

မြေခွေးဟာ ဘယ်လိုတိုးတိုး မရတာနဲ့ အစာငတ် ခံတဲ့ နည်းကို သုံးပြီး ၃ ရက် အငတ်ခံပြီး ကိုယ်လုံး သေးသွားတော့မှ ခြံထဲကို တိုးဝင်လို့ ရသွားရော။

မြေခွေးဟာ ကြက်တွေကို ခိုးစားလို့ ဝပြီး ပြန်ထွက်မယ် လုပ်တော့ ပြန်ဝနေတာနဲ့ ထွက်လို့ မရတော့ပြန်ဘူး ဖြစ်နေရော။ အဲဒါနဲ့ နောက်သုံးရက် အစာ အငတ်ခံတော့ မှပဲ ကြက်ခြံထဲက ပြန်ထွက်လာလို့ ရပါတော့တယ်။

နောက်ဆုံးတော့ မြေခွေးလည်း စဉ်းစားမိတယ် ကိုယ့်ရဲ့ တုံးအ မှုကြောင့် ကိုယ့်အခြေအနေကို ကိုယ်ပြောင်းလဲနေ မိတယ် နောက်ဆုံးတော့ ဘာအကျိုးမှလဲ မရှိဘူး ဆိုတာ ပါပဲ။

ပုံပြင်က ဒီမှာပဲ ပြီဆုံးသွားပါတယ်။ ကျွန်တော်တို့ ဘဝတွေဟာလည်း အထက်ပါ ပုံပြင်လေးနဲ့ အတူတူ ပါပဲ။ ဘာမှ သိပ်မကွာခြား လှပါဘူး။ ကျွန်တော်တို့ မွေးဖွားလာတုန်းက ကိုယ်အလွတ်နဲ့ လက်ဗလာ မွေးဖွားလာ ကြပြီး ပြန်သွားတဲ့ အချိန်ကျတော့လည်း လက်ဗလာနဲ့ပဲ ပြန်သွားကြ ရမှာပါ။

ဘယ်အရာမှ သယ်သွားလို့ မရနိုင်ပါဘူး။ ဘယ်သူက မှလည်း ရှာဖွေးထားတဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဓန တွေကို သယ်မသွားနိုင် ကြပါဘူး။ ကျွန်တော်တို့ နုပျို ငယ်ရွယ်တုန်း အချိန်မှာ ကြိုးစားရုန်းကန်ပြီး ငွေကို အသဲအသန် ရှာဖွေခဲ့ကြ ပေမဲ့ အဲ့ဒီ ပိုက်ဆံတွေနဲ့ ကျွန်တော်တို့ရဲ့ ပျိုရွယ်တဲ့ ဘဝတွေကို ပြန်ဝယ်လို့ ဘယ်လိုမှ မရ နိုင်ပါဘူး။

ပျော်ရွင်မှုတွေကို ငွေနဲ့ သွားလဲခဲ့ကြ ပေမဲ့ အဲဒီငွေတွေနဲ့ ပျော်ရွင်မှုနဲ့ အချိန်တွေကို ပြန်သွားဝယ်လို့ မရနိုင်ပါဘူး။ တကမ္ဘာလုံးမှာ ရှိတဲ့ ဥစ္စာပစ္စည်းတွေနဲ့လည်း ကိုယ့်ရဲ့ဘဝကို ပြန်ဝယ်လို့ မရနိုင်ပါဘူး။

ဒါကြောင့် အလုပ် လုပ်တဲ့အခါလည်း လုပ်ပါ၊ အနားယူတဲ့ အခါမှာလည်း အနားယူပါ။ အလုပ် လုပ်နေရင်းနဲ့လည်း ဘဝရဲ့ ပျော်ရွင်မှုလေးတွေနဲ့ တန်ဖိုးတွေကို ရိတ်သိမ်းသွားဖို့ သိတတ်ပါစေ။ ကိုယ့်မှာ ရှိနေတဲ့ တန်ဖိုးကို ရှာတွေ့တတ် ပါစေ။

ကိုယ့်မှာရှိနေတဲ့ အချစ်တွေကို ထိန်းသိမ်း ဂရုစိုက်တတ် ပါစေ။ ကုန်းဆုံးနေတဲ့ တရက်ပြီး တရက်ကို ပျော်ရွင်မှုတွေသာ ရရှိနေပါစေ။ အင်မတန် ခမ်းနားတဲ့ ဈေးကြီး အိမ်ကြီး ဖြစ်နေပါစေ ညအိပ်တဲ့အခါ မျက်လုံးပိတ် အိပ်ရမှာပါပဲ။

ကားအကောင်းစား ဈေးကြီး ကြီးနဲ့ ဘယ်လောက်ပဲ ကောင်းနေ မြန်နေပါစေ ရန်ကုန် ကားတောထဲမှာ ညပ်ပြီး ပိတ်ခံ နေရပြီဆို အမြန်မောင်းလို့မှ မရတာ။ ဈေးကြီးတဲ့ အိတ်အကောင်းစားကြီးပဲ ဖြစ်နေပါစေ ထည့်လို့ရတာ ကတော့ ပလပ်စတစ်အိတ် သာသာပဲ ထည့်လို့ ရပါလိမ့်မယ်။

ဆုပ်ကိုင်ထားတဲ့ အစစ်အမှန်တွေနဲ့ ပျော်ရွှင်ပါ အတုအယောင် ပျော်ရွင်မှုတွေကို ပစ်ထားခဲ့ လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တကယ်တမ်း ပျော်ရွင်မှု အစစ်အမှန် ဆိုတာ နေရာတိုင်း အချိန်တိုင်းမှာ ရှိနေနိုင်ပါတယ်။ Crd

Post a Comment

0 Comments