စုံတွဲတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ ပိုတိုးလာဖို့ နည်းလမ်းတွေအများကြီး ရှိပါတယ်။ အဲဒီလိုနည်းလမ်းတွေထဲမှာမှ ပျော်ပျော်နေတတ်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါးထားတတ်ခြင်းက ချစ်သူနှစ်ဦးကြားမှာ ရင်းနှီးမှုတွေ ပိုတိုးလာစေပါတယ်။
အဲဒါကြောင့် ပျော်ပျော်နေတတ်တဲ့စုံတွဲတွေမှာ ရလာမယ့် ကောင်းကျိုးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးခြင်း
ရယ်မောခြင်းက အကောင်းဆုံးဆေးနည်းပါ။ ချစ်ရသူတွေကြားမှာ လေးလေးပင်ပင် ထိုင်းမှိုင်းမနေဘဲ ပျော်ပျော်ရွှင်ရွှင်နေတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် စကားများတာတွေကိုလည်း လျော့ကျစေပြီး တန်ဖိုးရှိတဲ့အချိန်တွေကို အတူတူကုန်ဆုံးပြီးသားလည်း ဖြစ်စေမှာပါ။
၂။ ပိုမိုရင်းနှီးလာခြင်း
စုံတွဲတွေကြားမှာ နာမည်ပြောင်တွေ ပေးထားတာ၊ တိရစ္ဆာန်နာမည်တွေ ပေးထားတာ၊ အသီးနာမည်တွေ ပေးထားတာက ရင်းနှီးမှုတွေ ပိုရစေပါတယ်။ လျှို့ဝှက်နာမည်တွေ ပေးထားခြင်းကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုတိုးလာစေပါတယ်။ ပျော်စရာတွေ မျှဝေပြီးသားလည်း ဖြစ်စေမှာပါ။
၃။ ကိုယ်ခံအားစနစ်ကို တိုးတက်စေခြင်း
ပျော်ပျော်နေတတ်တဲ့အကျင့်ကြောင့် ကိုယ်ခံအားတွေ ကောင်းလာပြီး အအေးမိတာတွေတောင် နည်းပါးသွားမှာပါ။ သင့်ချစ်သူဘက်က စိတ်ညစ်နေတာတွေကိုလည်း ပြေလျော့သွားစေဖို့ ပျော်ပျော်နေတတ်တဲ့အကျင့်လေးက ကူညီပေးနိုင်ပါတယ်။
၄။ သံယောဇဉ်တွေ ပိုတိုးလာခြင်း
ချစ်သူရည်းစားတွေ ကြားမှာ သံယောဇဉ်က အရမ်းကို အရေးပါတဲ့အရာပါ။ တစ်ဖက်သားကို ပျော်ရွှင်အောင် လုပ်ပေးလိုက်တာက သင့်အပေါ်မှာ သံယောဇဉ်တွေ ပိုတိုးလာစေမှာပါ။ ပျော်စရာအခိုက်အတန့်တွေက အေးစက်စက်ဆက်ဆံရေးတွေကို ပြန်လည်နွေးထွေးလာစေမှာပါ။
၅။ စကားများတာတွေ နည်းလာခြင်း
ချစ်သူစုံတွဲတိုင်း စကားများကြပါတယ်။ ဒါပေမယ့် မိမိစိတ်ကို ပျော်ရွှင်အောင် ထားပြီး တစ်ဖက်သားကိုလည်း ပျော်ရွှင်အောင် ဖန်တီးပေးတဲ့အခါ စကားများဖို့အချိန်တောင် ရှိတော့မှာ မဟုတ်ပါဘူး။
၆။ ကြာရှည်မြဲစေခြင်း
ပျော်ရွှင်တဲ့ဆက်ဆံရေးတွေမှာ စကားများတာ၊ အထင်လွဲတာတွေ နည်းပါးပါတယ်။ အဲဒီအခါ ကြုံလာရမယ့် အခက်အခဲတွေကိုလည်း အာရုံစိုက်နိုင်ပြီး ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါတယ်။
ဒါ့အပြင် စိတ်ချမ်းသာမှုတွေ၊ ပျော်ရွှင်မှုတွေ ပေးတဲ့သူနားမှာပဲ အမြဲနေချင်နေမှာပါ။
Zombie (lovemedia)
0 Comments