အဆီအခေါက်ကင်းပြီး ချပ်ရပ်တဲ့ဝမ်းဗိုက်ကို ရရှိဖို့ ရှောင်ကြဉ်သင့်တဲ့အစားအစာ (၁၀) မျိုး

ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေက အဆီတွေကျဖို့ လွယ်ကူပေမယ့် ဗိုက်ခေါက်အဆီကတော့ အရမ်းကို ခေါင်းမာပါတယ်။ အချိန်ကြာတာတောင် ဗိုက်ခေါက်အဆီက ကျဖို့ခက်ပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေများနေတာက အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေပါတယ်။

အဲဒါကြောင့် ဗိုက်အဆီကျဖို့ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တာ၊ လှုပ်လှုပ်ရှားရှားနေထိုင်တာကို ပြုလုပ်ပေးနိုင်ပါတယ်။ ဝမ်းဗိုက်အဆီကျဖို့ အတွက်ဆိုရင် အောက်ပါအစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၁။ ပဲအမျိုးမျိုး

ပဲတွေမှာ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် ပဲတွေမှာ ကာဗွန်ဟိုက်ဒရိတ်တွေလည်း ပါရှိပါသေးတယ်။ ပဲကိုစားတဲ့အခါ ပရိုတိန်းဓာတ်ရရှိပါတယ်။ အဲဒါကြောင့် ဗိုက်ချပ်ချင်သူတွေက ပဲတွေကို အနည်းငယ်သာ စားသုံးသင့်ပါတယ်။

၂။ ဒိန်ချဉ်

ခရင်မ်တွေပါတဲ့ ဒိန်ချဉ်တစ်ခွက်မှာ ကယ်လိုရီ ၁၇၀ ခန့်ပါဝင်ပါတယ်။ အဆီထုတ်ထားတဲ့ဒိန်ချဉ်မှာတော့ ကယ်လိုရီ ၁၂၀ ပါဝင်ပါတယ်။ ဝမ်းဗိုက်အဆီတွေ မတက်ဖို့ဆိုရင် ဒိန်ချဉ်ကို‌ လျှော့စားသင့်ပါတယ်။

၃။ အချိုရည်များ

Coke တစ်ဗူးမှာ ကယ်လိုရီ ၁၄၀ ပါဝင်ပါတယ်။ အချိုရည်တွေကို သောက်ပါများရင် ဆီးချိုရောဂါကိုပါ ဖြစ်စေပါတယ်။ သင်က ဗိုက်ချပ်ချင်သူဆိုရင်တော့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။

၄။ ဂျုံ

ဂျုံစားသုံးမှုများတဲ့အခါမှာ အဝလွန်စေမှာပါ။ ဂျုံအဖြူမှာ အာဟာရဓာတ်တွေ နည်းနည်းပဲ ပါဝင်ပါတယ်။ အမျှင်ဓာတ်မပါပါဘူး။ ဂျုံတစ်ခွက်မှာ ၄၅၅ ကယ်လိုရီတောင်ပါရှိပါတယ်။

၅။ သကြား

သကြားတွေ စားသုံးမှုများရင် ဗိုက်အဆီတွေကို ချရခက်လာမှာပါ။ သကြားကို အရမ်းစားရင် အဝလွန်တာနဲ့ ဆီးချိုရောဂါကိုပါ ဖြစ်စေပါတယ်။ သကြားတစ်ခွက်မှာ ၇၇၃ ကယ်လိုရီတောင် ပါရှိတာကြောင့် ဗိုက်ချပ်ချင်သူတွေအတွက် သကြားကို လျှော့စားသင့်ပါတယ်။

၆။ မရောနိစ်

မရောနိစ်မှာ အဆီတွေက အနည်းဆုံး ၈၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဲဒါကြောင့် ကိုယ်အလေးချိန် ကျချင်သူတွေနဲ့ ဗိုက်ချပ်ချင်သူတွေအတွက် လုံးဝကို ရှောင်သင့်တဲ့အစားအစာပါ။

၇။ အသင့်စားအစားအစာများ

အသင့်စားအစားအစာအများစုမှာ ပြည့်ဝဆီ၊ သကြား၊ ဆားနဲ့ ကယ်လိုရီတွေအများကြီး ပါရှိပါတယ်။ အသင့်စားအစာတွေက ဗိုက်ချပ်ချင်သူတွေအတွက်ရော ကျန်းမာချင်သူတွေအတွက်ပါ ရှောင်ကြဉ်သင့်တဲ့အစားအစာပါ။

၈။ အာလူး

အာလူးက လူကြိုက်များတဲ့ အစားအစာတစ်ခုပါ။ ဒါပေမယ့် အာလူးမှာ ကယ်လိုရီတွေ အများကြီးပါနေပါတယ်။ အာလူးအလတ်စားတစ်လုံးမှာ ၁၆၃ ကယ်လိုရီ ပါဝင်ပါတယ်။ အဲဒါကြောင့် ဗိုက်ချပ်ဖို့အတွက်ဆိုရင် အာလူးကို ဘေးဖယ်ထားသင့်ပါတယ်။

၉။ အသီးခြောက်

အသီးခြောက်တွေမှာ ရေဓာတ်မပါရှိတဲ့အပြင် ကယ်လိုရီလည်း များပါသေးတယ်။ အသီးခြောက်တွေမှာ သကြားတွေလည်း ပါဝင်မှုများတာကြောင့် အဆာပြေအနေနဲ့တောင် မစားသင့်ပါဘူး။

၁၀။ Energy bars

စားလို့ကောင်းတဲ့ Energy bars တွေမှာ ကယ်လိုရီပါဝင်မှုက မြင့်မားပါတယ်။ အားကစားလုပ်ပေမယ့် Energy bars တွေကိုစားနေရင် လေ့ကျင့်ထားတာတွေက အလကားဖြစ်သွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments