အားပေးစကား

တခါက ခရီးသွား ကုန်သည်အဖွဲ့ တဖွဲ့ဟာ တောင်တန်း တခုကို ဖြတ်ပြီး ခရီးသွားကြရင် မထင်မှတ်ပဲ အဖွဲ့ထဲမှ တယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါး ထဲကို ပြုတ်ကျ သွားခဲ့တယ်။

ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့ ထက်ဝက်မှာ ရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ဂျောက်ကမ်းပါးကြီး ကလည်း အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလည်း ဆင်းမကယ်ဝံ့ ကြဘူးပေါ့။

ဒီတော့ ကုန်သည်အဖွဲ့က "ပြုတ်ကျသူကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွားပါပြီ။ ဒီတော့ သူ့အိမ်ကို ဘာများ မှာချင်သလဲ" ဆိုပြီး ကမ်းပါးထိပ် ကနေ အော်ဟစ်ပြီး မေးကြမယ်။

"ဟေ့ မင်းဟာ မကြာခင် သေရ တော့မယ်။ ဒီချောက်ကမ်းပါးပေါ်ကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လည်း ဆင်းကယ်လို့ မရနိုင်ဘူး။ ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲ ပြော၊ ငါတို့ သွားပြောပေးမယ်" လို့ အော်ပြောကြ သတဲ့။

ဒီအချိန်မှာ ပြုတ်ကျတဲ့ သူဟာ ဂျောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပြီး တက်ဖို့ ကြိုးစား ပါတော့တယ်။ ကမ်းပါးထိပ်က အဖွဲ့ကလည်း တက်ဖို့ မကြိုးစားပါနဲ့တော့။

ဆက်ပြီး အောက်ကို ပြုတ်ကျလိမ့်မယ်။ မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါတို့ကို ပြောပါ။ အဖွဲ့က ရမယ့် မင်းရဲ့ ဝေစုကိုလည်း မင်းအိမ်ကို ပေးပေးပါ့မယ်" လို့ အော်ဟစ် ပြောဆိုကြ ပြန်တယ်။

ဒီလိုပြောလေ ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ် တက်လာလေပါပဲ။ ဒီလိုနဲ့ တက်လာလိုက်တာ မယုံနိုင်အောင်ပါပဲ သူဟာ အပေါ်ကို ရောက်လာနိုင် ခဲ့ပါတယ်။

ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရ ဖြစ်ပြီး "မင်းကို မဖြစ်နိုင်ပါဘူး။ မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့ တာလဲ" လို့ ဝိုင်းမေး ကြတယ်။

ထိုအခါ သူက "ငါဟာ နား သိပ်မကြားသူ တယောက်ပါ။ မင်းတို့ ပြောတာကို ငါမကြားဘူး။ ငါက မင်းတို့ဟာ ငါ့ကို အပေါ် တက်ဖို့ တိုက်တွန်း အားပေးနေ ကြတာ လို့ ထင်တာနဲ့ အားကြိုး မာန်တက် တက်လာခဲ့ တာပါ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

ဒီလိုပါပဲ ဘဝမှာ အောင်မြင်ဖို့ အတွက် အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင် ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက် စကားတွေကို လျစ်လျူရှုပြီး ခွန်အားတွေ အဖြစ် အသုံးချ လိုက်ပါ။ ဓမ္မအလင်းရောင်

Post a Comment

0 Comments