နားကို နားကြပ်တံလေးတွေနဲ့ ဘာ့​ကြောင့်သန့်ရှင်းရေး မလုပ်သင့်တာလဲ

လူတွေဟာ နားကို သန့်ရှင်းရေးလုပ်ဖို့အတွက် ဘောပင်တွေ၊ ဆံညှပ်တွေ၊ ဂွမ်းတုတ်လေးတွေကို သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်တစ်ခုကမှ နားကို မသန့်ရှင်းသွားစေပါဘူး။

ပြီးတော့ ဂွမ်းစတွေကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်သွားနိုင်ပါတယ်။ သင့်ကို ကျေနပ်မှုနှင့် သန့်ရှင်းမှုဆိုင်ရာ ခံစားချက်ကို ပေးစွမ်းနိုင်ပေမယ့်လည်း လက်တွေ့မှာတော့ သင်ထင်ထားသလို မဟုတ်ပါဘူး။

ထိခိုက်ဒဏ်ရာရစေနိုင်ခြင်း

ဂွမ်းစတွေက သင့်နားကို ထိခိုက်ဒဏ်ရာရစေပြီး နားစည်ပေါက်ပြဲမှုကို ဖြစ်စေနိုင်ပါတယ်။ ဝါဂွမ်းနှင့်ဆက်စပ်တဲ့ နားရွက်ဒဏ်ရာတွေကို ကြည့်ရှုလေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၇၃ ရာခိုင်နှုန်းခန့်ဟာ နားသန့်ရှင်းရေးနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။

လေ့လာမှုက ၁၉၉၀ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ကလေးပေါင်း ၂၆၃၀၀၀ ကျော်ကို လေ့လာခဲ့တာပါ။ လေ့လာမှုကို ထည့်သွင်းစဉ်းစားရင် ကြီးမားတဲ့ ရာခိုင်နှုန်းတစ်ခုပါပဲ။

နားဖာချေးကို နားထဲကို ပိုနက်အောင် တွန်းပို့နိုင်ခြင်း

လူတော်တော်များများက နားဖာချေးကို ထုတ်ပစ်ဖို့ ဂွမ်းတုတ်လေးတွေကို အထဲထည့်ပြီး လှည့်တတ်ကြပါတယ်။ တကယ်တော့ နားဖာချေးတွေက အပြင်ကိုပါမလာပဲ အထဲကို ပိုနက်နက်ပြီးသာ ဝင်သွားပါတယ်။

တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန်ဆီကိုသွားပြီး နားဖာချေးကို ဖယ်ရှားခိုင်းခြင်းပဲ ဖြစ်ပါတယ်။

ရောဂါပိုးတွေကို ဖြစ်စေနိုင်ခြင်း

နားဖာချေးရဲ့ ကောင်းတဲ့အချက်တစ်ချက်ကတော့ နားထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို ဖမ်းယူ ချုပ်ကိုင်ထားခြင်းဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကြောင့် ဖြစ်လာမယ့် ရောဂါတွေကို ကာကွယ်ပေးပြီး ဆိုးရွားစွာပျက်စီးမှု မဖြစ်စေဖို့ ပိုက်ကွန်လိုမျိုး အလုပ်လုပ်ပါတယ်။

ဒါပေမယ့် ဂွမ်းတုတ်တွေကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ရင်တော့ နားဖာချေးနှင့် ဘက်တီးရီးယားတွေကို အတွင်းပိုင်းကို ပိုနက်အောင် တွန်းထည့်သလိုဖြစ်နေပါတယ်။ ဒီလိုကနေ နားပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့် နားဖာချေးကို လိုအပ်တာလဲ။

ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားရှင်းလင်းပေးတဲ့အပြင် နားဖာချေးဟာ နားထဲကို ပိုးမွှားတွေနှင့် အညစ်အကြေးလိုမျိုး အခြားအရာတွေကို တားဆီးပေးပါတယ်။ နားရွက်ခြောက်ခြင်းနှင့် ယားယံခြင်းတို့ကို ကာကွယ်ပေးတဲ့ အကောင်းဆုံး သဘာဝချောဆီလည်း ဖြစ်ပါတယ်။

ပြီးတော့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တိုင်း နားကနေ သူ့ဟာသူ ဖယ်ရှားသွားပေးပါတယ်။ ရေပုံမှန်ချိုးပေးရင်လည်း သူ့ဟာသူ သန့်ရှင်းသွားပါတယ်။

ဂွမ်းစတွေကြောင့် ကိုက်ခဲရင် ဘာလုပ်ရမလဲ။

နာကျင်မှုက အစပိုင်းမှာ မပြင်းထန်သလိုဖြစ်ပြီး ခံနိုင်ရည်ရှိတယ်လို့ ခံစားရရင် အကိုက်အခဲပျောက်ဆေးတွေကို သောက်နိုင်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ နားမကြားခြင်း ဒါမှမဟုတ် နားထဲမှာမြည်သံတွေ ကြားလာရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

နားကို ဘေးကင်းအောင် သန့်ရှင်းနည်း

ဒီနည်းလမ်း နှစ်ခုဟာ အိမ်တွင်အသုံးပြုဖို့ အထိရောက်ဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်ကြောင်း ပညာရှင်တွေက သက်သေပြထားပါတယ်။

နားထဲထည့်တဲ့ အရည်ကိုသုံးပါ။

ကလေးသုံးတဲ့ဆီ၊ နားသန့်ရှင်းရေးလုပ်တဲ့ အရည် ဒါမှမဟုတ် ဂလစ်စရင်ကို သင့်နားထဲကို ဂရုတစိုက်ထည့်ပါ။ နားဖာချေးတွေကို ပျော့ပျောင်းသွားစေပါလိမ့်မယ်။ နှစ်ရက်ကြာပြီးတဲ့နောက်မှာ သင်ရဲ့နားထဲကို ရေနွေးအနည်းငယ်ထည့်ဖို့ ပြွန်သေးသေးလေးကို သုံးပါ။ ပြီးရင် နားရွက်ရဲ့ အပြင်ပိုင်းကို သန့်ရှင်းရေးလုပ်ဖို့ မျက်နှာသုတ်ပဝါကို သုံးပါ။

သန့်ရှင်းတဲ့တစ်ရှူးကိုသုံးပါ။

ရေချိုးပြီးတိုင်း နားဖားချေးတွေက ပြောင်သွားပေမယ့်လည်း နောက်ဆုံးအကြွန်းအကျန်လေးတွေကို တစ်ရှူးအခြောက်နဲ့ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

ပြီးတော့ မလုပ်သင့်တဲ့နည်းလမ်းအချို့လည်း ရှိပါသေးတယ်။

နားပေါ်မှာ ဖယောင်းတိုင်ထွန်းခြင်း နားဖာချေးတွေကို ဖယ်ထုတ်ပေးတယ်လို့ လူသိများတဲ့ ဒီနည်းလမ်းဟာ အွန်လိုင်းပေါ်မှာ အလွန်ရေပန်းစားပါတယ်။ ဆရာဝန်တွေရဲ့ အဆိုအရ ဒီနည်းလမ်းဟာ လုံးဝမထိရောက်ပါဘူး။ ပြီးတော့လည်း အန္တရာယ်ရှိနိုင်ပြီး သင့်ဆံပင်တွေကို မီးလောင်စေနိုင်ပါတယ်။

အမျိုးမျိုးသော အရာဝတ္ထုများ

အထက်မှာပြောခဲ့တဲ့အတိုင်း လူအများစုဟာ နားကိုသန့်ရှင်းရေး လုပ်ဖို့အတွက် ဘောပင်တွေ၊ သော့တွေနှင့် ဆံညှပ်တွေကို အသုံးပြုကြပါတယ်။ ဒီလိုလုပ်တာက နားအတွင်းပိုင်းတွေကို နာကျင်စေနိုင်ပြီး နားစည်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments