အကျိုးမရှိသောစကား

တနေ့မှာ လူတဦးဟာ ဂရိတွေးခေါ် ပညာရှင် ဆိုကရေးတီးဆီ လာတွေ့ပြီး "ခင်ဗျားမိတ်ဆွေ အကြောင်း ကြားပြီးပြီလား"လို့ မေးလိုက်တယ်။ အဲဒီအခါ ဆိုကရေးတီးက

"နေဦး၊ ခင်ဗျားမပြောခင် ခင်ဗျားကို မေးခွန်း ၃ ခု မေးစရာ ရှိတယ်" ဆိုပြီးတော့ ဆိုကရေးတီးက ဆက်ပြောတယ်။

"လူတယောက် အကြောင်းကို မပြောခင် အခု ကျုပ်ပြောတဲ့ ဆန်းစစ်မှု ၃ ခု အရင်လုပ်ပါ။ ပထမ တခုက အမှန်တရား။ ဒါက ဘာလဲ ဆိုရင် ခင်ဗျား အခုပြောမယ့် စကားက အမှန်စင်စစ် ဖြစ်ရဲ့လား" လို့ မေးလိုက်တယ်။

ထိုလူက "သေချာမသိပါဘူး။ ကျွန် တော်လည်း ကြားမိတာပဲ" လို့ ပြန်ဖြေလိုက်တယ်။ ဆိုကရေတီးက စကားဆက်တယ်။

"ကောင်းပြီ၊ ခင်ဗျား သေချာမသိဘူးနော်။ ကဲ ဒုတိယမေးခွန်း ဆက်ရအောင်။ အခု ကျုပ်မိတ်ဆွေ အကြောင်းပြောမယ့် သတင်းဟာ ကောင်းသတင်းလား"

ထိုသူက "အိုး၊ မဟုတ်ဘူး။ သတင်းဆိုးလေ" လို့ ဖြေတယ်။ ဆိုကရေးတီးက ဆက်ပြောတယ်။ "အခု ခင်ဗျား ကျုပ်ကို ပြောမယ့်စကားဟာ မှန်မမှန် မသေချာတဲ့ အပြင် မကောင်းတဲ့ သတင်းလည်း ဖြစ်တယ်။

ကောင်းပြီ၊ နောက်ဆုံးမေးခွန်းက အခု လာပြောတဲ့ သတင်းက ကျုပ်အတွက် နားထောင်မိလို့ အကျိုးရှိလား" လို့ မေးလိုက်တယ်။ ထိုသူက "အကျိုးမရှိပါဘူး" လို့ ဖြေလိုက်တယ်။

ဆိုကရေးတီးက "ခင်ဗျားတို့ လူတယောက် အကြောင်းကို ပြောမယ်ဆို သတင်းဟာ မှန်ကန်ရဲ့လား၊ ကောင်းတဲ့သတင်း ဖြစ်ရဲ့လား၊ နားထောင်သူ အတွက်ရော အကျိုးရှိရဲ့လား လို့ ဆန်းစစ်ပြီး မှ ပြောကြပါ" လို့ ဆုံးမပြီး ပြန်လွှတ်လိုက် ပါတယ်။

တပါးသူရဲ့ အကြောင်း အတင်းစကား ပြောမယ် ဆိုရင် အတွေးခေါ်ပညာရှင် ဆိုကရေးတီး လို အချက် (၃) ချက်နဲ့ ဆန်းစစ်ပြီးမှ ဆက်ပြောသင့် မပြောသင့် ဆုံးဖြတ်ကြပါ။ မိမိရဲ့ နှုတ်ထွက်စကားကြောင့် တပါးသူ မထိခိုက်သွားဖို့ အထူး ဆင်ခြင်သင့် လှပါတယ်။ Crd

Zawgyi

အက်ိုးမရွိေသာစကား

တေန႔မွာ လူတဦးဟာ ဂရိေတြးေခၚ ပညာရွင္ ဆိုကေရးတီးဆီ လာေတြ႕ၿပီး "ခင္ဗ်ားမိတ္ေဆြ အေၾကာင္း ၾကားၿပီးၿပီလား"လို႔ ေမးလိုက္တယ္။ အဲဒီအခါ ဆိုကေရးတီးက "ေနဦး၊ ခင္ဗ်ားမေျပာခင္ ခင္ဗ်ားကို ေမးခြန္း ၃ ခု ေမးစရာ ရွိတယ္" ဆိုၿပီးေတာ့ ဆိုကေရးတီးက ဆက္ေျပာတယ္။

"လူတေယာက္ အေၾကာင္းကို မေျပာခင္ အခု က်ဳပ္ေျပာတဲ့ ဆန္းစစ္မႈ ၃ ခု အရင္လုပ္ပါ။ ပထမ တခုက အမွန္တရား။ ဒါက ဘာလဲ ဆိုရင္ ခင္ဗ်ား အခုေျပာမယ့္ စကားက အမွန္စင္စစ္ ျဖစ္ရဲ႕လား" လို႔ ေမးလိုက္တယ္။

ထိုလူက "ေသခ်ာမသိပါဘူး။ ကြၽန္ ေတာ္လည္း ၾကားမိတာပဲ" လို႔ ျပန္ေျဖလိုက္တယ္။ ဆိုကေရတီးက စကားဆက္တယ္။ "ေကာင္းၿပီ၊ ခင္ဗ်ား ေသခ်ာမသိဘူးေနာ္။ ကဲ ဒုတိယေမးခြန္း ဆက္ရေအာင္။ အခု က်ဳပ္မိတ္ေဆြ အေၾကာင္းေျပာမယ့္ သတင္းဟာ ေကာင္းသတင္းလား"

ထိုသူက "အိုး၊ မဟုတ္ဘူး။ သတင္းဆိုးေလ" လို႔ ေျဖတယ္။ ဆိုကေရးတီးက ဆက္ေျပာတယ္။ "အခု ခင္ဗ်ား က်ဳပ္ကို ေျပာမယ့္စကားဟာ မွန္မမွန္ မေသခ်ာတဲ့ အျပင္ မေကာင္းတဲ့ သတင္းလည္း ျဖစ္တယ္။

ေကာင္းၿပီ၊ ေနာက္ဆုံးေမးခြန္းက အခု လာေျပာတဲ့ သတင္းက က်ဳပ္အတြက္ နားေထာင္မိလို႔ အက်ိဳးရွိလား" လို႔ ေမးလိုက္တယ္။ ထိုသူက "အက်ိဳးမရွိပါဘူး" လို႔ ေျဖလိုက္တယ္။

ဆိုကေရးတီးက "ခင္ဗ်ားတို႔ လူတေယာက္ အေၾကာင္းကို ေျပာမယ္ဆို သတင္းဟာ မွန္ကန္ရဲ႕လား၊ ေကာင္းတဲ့သတင္း ျဖစ္ရဲ႕လား၊ နားေထာင္သူ အတြက္ေရာ အက်ိဳးရွိရဲ႕လား လို႔ ဆန္းစစ္ၿပီး မွ ေျပာၾကပါ" လို႔ ဆုံးမၿပီး ျပန္လႊတ္လိုက္ ပါတယ္။

တပါးသူရဲ႕ အေၾကာင္း အတင္းစကား ေျပာမယ္ ဆိုရင္ အေတြးေခၚပညာရွင္ ဆိုကေရးတီး လို အခ်က္ (၃) ခ်က္နဲ႔ ဆန္းစစ္ၿပီးမွ ဆက္ေျပာသင့္ မေျပာသင့္ ဆုံးျဖတ္ၾကပါ။ မိမိရဲ႕ ႏႈတ္ထြက္စကားေၾကာင့္ တပါးသူ မထိခိုက္သြားဖို႔ အထူး ဆင္ျခင္သင့္ လွပါတယ္။ Crd

Post a Comment

0 Comments