မျောပါမသွားပါစေနဲ့

တခါက ကလေးနှစ်ယောက်ဟာ မြစ်တခုမှာ ရေချိုးနေ ကြသတဲ့။ တယောက်က ရေဖလားနှင့် ခပ်ပြီး ရေချိုးတယ်။ သူက ရေမကူးတတ် လို့ပေါ့။ နောက်တယောက် ကတော့ ရေကူးတတ်လို့ မြစ်ထဲမှာ ရေဆင်းချိုးတယ်။

ရေဖလားနဲ့ ခပ်ချိုးတဲ့ ကလေးက "သူငယ်ချင်း မြစ်အလယ်ကို သွားပြီး မချိုးနဲ့ ရေစီးသန်တယ် ရေနစ်လိမ့်မယ်" လို့ ပြောတယ်။

ရေကူးတတ်တဲ့ ကလေးက အခုလို ပြန်ပြောလိုက်တယ်။ "ဟားဟားဟား မင်းသာ ရေမကူးတတ်လို့ ကမ်းစပ်မှာ ချိုးတာကွ။ ငါက ရေကူးတတ် တယ်လေ။ ဒါကြောင့် ငါရေနစ်မှာ မစိုးရိမ်နဲ့။ ငါ ရေကူး ဘယ်လောက်ကျွမ်းလဲ ဆိုတာ မင်းကို လက်တွေ့ပြမယ်"

ရေကူးတတ်တဲ့ ကလေးဟာ အဲဒီလို ပြောပြီး မြစ်အလယ်သို့ ရေကူးသွားတယ်။ မြစ်လယ်ရောက်တော့ ရေစီး သန်လွန်းတဲ့အတွက် ရေစီးကြောင်းအတိုင်း မျောပါသွားတာပေါ့။ ကမ်းစပ်က ကလေးငယ်ဟာ ဘာလုပ်ရမည်ကို မစဉ်းစားတတ်အောင် ဖြစ်သွားတယ်။

သူကိုယ်တိုင် ကယ်ရအောင်လည်း ရေက မကူးတတ် ဆိုတော့ ဒါပေမယ့် ကယ်မယ့်သူကလည်း သူတယောက်သာ ရှိနေတယ်။ မြစ်ကြောင်း တလျှောက်မှာလည်း လူသားဆိုလို့ သူတို့နှစ်ဦးသာ ရှိနေလေရဲ့။ ရေစီးထဲ မျောပါနေတဲ့ ကလေးက "ကယ်ပါ ကယ်ပါ" လို့ တစာစာ အော်နေတယ်။

ကမ်းစပ်က ကလေးကလည်း ရေမကူးတတ်တော့ မကယ်နိုင်ဘူးပေါ့။ ဒါပေမဲ့ ကမ်းစပ်က ကလေးက ဆုံးဖြတ်ချက် တခုကို သေချာစွာ ချလိုက်တယ်။ သူက လက်ထဲက ရေချိုးတဲ့ ခွက်ကို ရေထဲ ပစ်ချလိုက်တယ်။ ပြီးတော့ အခုလို အော်ပြောလိုက်တယ်။

"သူငယ်ချင်း ရေခွက်ကို သေချာကြည့်။ သူလည်း မင်းလိုပဲ ရေစီးအတိုင်း မျောနေတယ်။ သူ့မှာ ကမ်းစပ်ရောက်ဖို့ ရေကူးစရာ ခြေလက် မရှိဘူး။ မင်းမှာ ခြေလက် တစုံ ရှိတယ်။ စိုးရိမ်စိတ်တွေ မေ့ပစ်ပြီး ကမ်းစပ်ရှိရာကို အားစိုက်ကူးလိုက်။ ဒီလိုမှ မဟုတ်ရင်တော့ မင်းလည်း ရေခွက်နဲ့ အတူ မကြာခင် နစ်မြုပ်လိမ့်မယ်"

ထိုသို့ အော်ပြောရင်း ကမ်းစပ်ကနေပြီး မြစ်ကြောင်းအတိုင်း ပြေးလိုက်သတဲ့။ ပါးစပ် ကလည်း "ကမ်းစပ်ကို ကူးခဲ့လေကွာ။ ရေခွက်လိုပဲ ရေစီးကြောင်း အတိုင်း လိုက်သွားချင် လို့လား။ မင်းမှာ ခြေလက်တွေ ရှိတယ်လေကွာ။ ကူးခဲ့စမ်းပါ ဒီဘက်ကို"

ထိုသို့ အကြိမ်များစွာ အော်ပြောလိုက်တော့မှ မြစ်ကြောင်းအတိုင်း မျောနေတဲ့ ကလေးငယ်ဟာ အားသွန် ခွန်စိုက်နဲ့ ကမ်းစပ်ရှိရာကို ကူးသတဲ့။ ဒီလိုနဲ့ နောက်ဆုံးတော့ ကမ်းစပ်ရှိရာကို ကူးခက်နိုင်ခဲ့ တာပေါ့။

သူ ကမ်းစပ် ရောက်နေချိန် မှာတော့ ရေမကူးတက်တဲ့ ကလေးငယ်ရဲ့ ရေခွက်လေးဟာ တဖြည်းဖြည်းနဲ့ ရေစီးထဲမှာ မျောရင်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသတဲ့။

နှစ်ယောက်သား မောမောနှင့် ကမ်းစပ်မှာ ပက်လက်လှန်ကာ အနားယူလိုက်တယ်။ ထို့နောက် ကောင်းကင်ကြီးကို ကြည့်ပြီးအော်ရယ်လိုက်ကြ သတဲ့။ သူတို့ စိတ်ထဲမှာ အိမ်ပြန်နောက်ကျလို့ မေမေရိုက်မည့် အရေးကို တွေးနေရင်းနဲ့ နှစ်ယောက်သား ထပ်ပြီး ကြုံဦးမည့် ဒုက္ခတခု အတွက် ရယ်မောရင်း အားမွေးလိုက်သတဲ့။

ဒီအကြောင်းအရာ လေးက မြစ်ကြီးနဲ့ တူတဲ့ လူ့လောကမှာ ရေစီးသန်တဲ့ မြစ်အလယ်လိုပဲ အခက်ခဲတွေဆို ရှိတတ်ကြပါတယ်။ ဒီအခက်ခဲတွေကို ရေကူးကျွမ်းကျင်သော ကလေးငယ်ရဲ့ မလိုအပ်ပဲ ဒုက္ခမြစ်လည်ထဲကို မိုက်မဲစွာ မကူးလိုက်ပါနဲ့။ ကမ်းစပ်မှာ အေးအေးဆေးဆေး ချိုးပါ။

အကယ်၍ ဒုက္ခမြစ်လယ်လို့ ကူးခတ်မိလျှင်လည်း ရေခွက်လေးလို ဒုက္ခရဲ့ ခေါ်ဆောင်ရာကို အလိုက်သင့် လိုက်မသွားပါနဲ့။ ခြေ လက်တွေနဲ့ တူသော ကြိုးစားမှုဖြင့် အခက်ခဲများ ကြားက ရုန်းထွက် လိုက်ပါ။

မရုန်းထွက်နိုင် သရွေ့တော့ ရေခွက်လေး လိုပဲ ဦးတည်ရာ မဲ့စွာနဲ့ အခက်ခဲတွေ ကြားမှာ ဒုက္ခတွေရဲ့ ခေါ်ဆောင်ရာကို လိုက်သွားရ ပါလိမ့်မယ်။ အမှောင်ထဲက လူသား

Post a Comment

0 Comments