အထက်တန်း ကျောင်းတကျောင်းတွင် ဖြစ်သည်။ ကျောင်းသူ တဦးနှင့် ကျောင်းသားတဦး စကားပြော နေသည်ကို ဆရာမက ဘေးမှ ချောင်ပြီး နားထောင်နေသည်။
"ကျော်ကျော်ရေ ဒီမှာ ကြည့်ပါ့အုံး ငါ့အိမ်က ပေးလိုက်တာ။ ပန်းသီးတလုံး။ အရမ်းစားလို့ ကောင်းမှာပဲဟဲ့" "ငါ့ကိုလည်း တခြမ်း ကျွေးပါ့လား မြင့်မြင့်ရယ်။ ငါလည်း စားချင်လို့ပါ"
"အောင်မှာ ဘာလို့ ကျွေးရမှာလဲ။ ဒီပန်းသီးက အရမ်းစားလို့ ကောင်းတာဟဲ့။ နင့်ကို ကျွေးရင် ငါ နည်းနည်းပဲ စားရမှာပေါ့ ဟဲ့"
"မြင့်မြင့်ရာ နင်တော်တော် အကျင့်ပုပ်တာပဲ။ မကျွေးချင်ပဲ ငါ့ကို ဘာလို့ ပြတာလဲ။ အခု ငါက မြင်တော့ အရမ်း စားချင်တာပေါ့။ နင် ငါ့ကို ကျွေးဟာ" " သေလိုက်ပါ့လား မကျွေးပါဘူး"
ကျော်ကျော်သည် သူများနှင့် မတူပါ။ လိုချင်တာ မရမက ယူတတ်သည်။ မြင့်မြင့်က ပန်းသီးကို ပြပြီး မကျွေးသဖြင့် လုယူဖို့ စဉ်းစားလိုက်သည်။
"မကျွေးရင် လုတယ်ဟာ" ကျော်ကျော် ပန်းသီးလုပြီး ပြေးသွားပြီ။ မြင့်မြင့် ငိုပြီ။ သူ့ အပြစ်နှင့်သူ ခံရလေပြီ။ ကြွားချင် ပြချင်တော့ ခံရတာပေါ့။ ဆရာမဆီ သွားတိုင်သည်။
ဆရာမက ဖြစ်ကြောင်းကုန်စင် အကုန် သိပြီးသား။ ကျော်ကျော်ကို ထိုင်ထ အခါ ၅၀ လုပ်ပြီး အပြစ်ပေး လိုက်သည်။ ထို့နောက် အတန်းထဲမှ ကျောင်းသား ကျောင်းသူများကို ဆုံးမစကား ပြောလေသည်။
"ကလေးတို့ရေ၊ အခု မြင့်မြင့်နဲ့ ကျော်ကျော်တို့ ပြောတာတွေကို ဆရာမ အကုန်ကြားတယ်။ မြင့်မြင့်က ပန်းသီးကို ကျော်ကျော် မြင်အောင် ပြတယ်။ စားချင်လာအောင် အရသာ ရှိကြောင်း ပြောတယ်။
အရမ်း စားချင်လာတော့ သူ မကျွေးဘူး။ အဲဒီတော့ ကျော်ကျော်က စိတ်မထိန်းနိုင်ပဲ လုစားလိုက်တယ်။ ကျော်ကျော့်မှာ လုံးဝ အပြစ် ရှိပါတယ်။ မြင့်မြင့်မှာလည်း အပြစ်မကင်း ပါဘူး။ မြင့်မြင့်ဟာလည်း ကိုယ်မကျွေးချင်ရင် မပြသင့်ဘူး ဆိုတာ မှတ်သားထားပါ"
"အခုခေတ်မှာ မိန်းခလေး တွေဟာ ယောကျ်ားလေးတွေ မြင်အောင် ရင်သားတွေဖော်၊ ပေါင်တွေပြတဲ့ အဝတ်အစားတွေ ဝတ်တယ်။ ခုနက ပန်းသီး လိုပေါ့။ မကျွေးချင်ပဲ သူတပါး မြင်အောင် ပြတာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ပါပဲ။
မိန်းကလေးတွေက ဒီလို အတွင်းသားတွေ ပြတော့ စိတ်ရိုင်းရှိတဲ့၊ အသိဉာဏ် နဲပါးတဲ့ ယောက်ျားသားတွေက ဖြစ်ချင်ရာ ဖြစ်ဆိုပြီး လုစားတတ်တယ်။ သမီးတို့လည်း နောင်တချိန် အရွယ်ရောက်လာရင် လုံလုံ ခြုံခြုံ ဝတ်ကြပါလို့ ဆရာမ မှာချင်ပါတယ်"
"ဟုတ်ကဲ့ပါ ဆရာမ။ သမီးတို့ လုံလုံ ခြုံခြုံ ဝတ်ပါ့မယ်" မြန်မာမလေး တို့ရေ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်။ မကျွေးချင်ရင် မပြပါနဲ့။ လုစား ခံရတတ်တယ်နော်။ နားလည် သဘောပေါက်ပါစေ။ မယ်လ်မဒီ and funny pc
0 Comments