ပုလင်းလေးတွေက အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်ရင် နေ့စဉ်ဘဝအတွက် အများကြီး အသုံးဝင်ပါတယ်။ အဲဒါကြောင့် ရေပုလင်းလေးတွေကနေ မီးသီးလေးတွေအဖြစ် ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
ဖန်ပုလင်းနဲ့ ပြုလုပ်နိုင်သော နည်းလမ်းများ
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
- ဖန်ပုလင်းအလွတ်တစ်လုံး
- Lamp kit တစ်ခု
- မီးအုပ်ဆောင်းတစ်ခု
- မီးသီးတစ်လုံး
Lamp kit ကို ပုလင်းထဲကို ထည့်လိုက်ပါ။ မီးအုပ်ဆောင်းကို ဖန်ပုလင်းပေါ်မှာ တင်လိုက်ပါ။ မီးသီးကို မီးအုပ်ဆောင်းအောက်မှာ ထည့်ပြီး Lamp kit နဲ့ သွယ်တန်းလိုက်ရုံပါပဲ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
- ဖန်ပုလင်းအလွတ်တစ်လုံး
- ခရစ်စမတ်မီးကြိုးတစ်ကြိုး
ပုလင်းကို ရေဆေးပြီး မီးကြိုးထည့်လိုက်ပါ။ အဲဒီနောက် မီးကြိုးမှာပါတဲ့ ခလုတ်ကိုဖွင့်လိုက်ရင် ခရစ်စမတ်မှာ အလှဆင်ဖို့ ရသွားပါပြီ။
နည်းလမ်း ၃
- ဖန်ပုလင်း
- Highlighter pen
- ဆီ
- အက်စပရင်ဆေးပြား
ဖန်ပုလင်းထဲကို ရေဖြည့်ပါ။ အဲဒီနောက် Highlighter pen ထဲက မင်တွေကို ရေထဲထည့်လိုက်ပါ။ ဆီနဲ့ အက်စပရင်ဆေးပြားကို ထပ်ထည့်ပါ။ အက်စပရင်ဆေးပြားက မီးလင်းလာစေဖို့ ပြုလုပ်ပေးပါတယ်။
ပလက်စတစ်ပုလင်းနဲ့ ပြုလုပ်နိုင်သော နည်းလမ်းများ
နည်းလမ်း ၁
လိုအပ်သောပစ္စည်းများ
- ပလက်စတစ်ဘူး
- LED မီးချောင်း
- သိုးမွေး
- ကော်
ပလက်စတစ်ဘူးထဲမှာ LED မီးချောင်း ကိုထည့်ထားလိုက်ပါ။ ပလက်စတစ်ဘူးပတ်လည်ကို ကော်သုတ်ပြီးနောက် သိုးမွေးတွေကို ကပ်ပါ။ အဲဒီနောက်မီးဖွင့်လိုက်ရင် တိမ်ပုံစံ မီးသီးလေး ရပါပြီ။
နည်းလမ်း ၂
လိုအပ်သောပစ္စည်းများ
- ပလက်စတစ်ဘူး
- ပလက်စတစ်ဇွန်း
- ကတ်ကြေး
- ကော်
- Lamp kit
ပလက်စတစ်ဘူးတစ်ခုကို လိုသလောက် အနေအထား ဖြတ်ပါ။ ပလက်စတစ်ဇွန်းတွေကို ဇွန်းခွက်တွေပဲ ကျန်အောင်ညှပ်လိုက်ပါ။ အဲဒီနောက် ဘူးပတ်လည်ကို ကော်သုတ်ပြီး ခုနက ဖြတ်ထားတဲ့ ဇွန်းတွေကို ကပ်လိုက်ပါ။ Lamp kit ကို သွယ်တန်းပြီးရင် ပုံစံဆန်းတဲ့ မီးဆိုင်းလေးတစ်ခု ရသွားပါပြီ။
Zombie (lovemedia)
0 Comments