ဆင်းရဲသားတွေ ဂိမ်းဆော့နေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။ ဆင်းရဲသားတွေ ဖုန်းသုံးနေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။ ဆင်းရဲသားတွေ အိပ်နေချိန်မှာ သူဌေးတွေ အလုပ် လုပ်ခဲ့ရတယ်။ ဆင်းရဲသားတွေ ချစ်သူနဲ့ ပျော်ရွှင် နေချိန်မှာ သူဌေးတွေ အချိန်မပေးနိုင် ခဲ့ကြဘူး။
ဆင်းရဲသားတွေ မဖြစ်နိုင်ဘူး လို့ ငြီးငြူနေတဲ့ အရာတွေကို သူဌေးတွေက မဖြစ် ဖြစ်တဲ့နည်း ရှာကြံပြီး ကြိုးစားခဲ့ ရတယ်။ ဆင်းရဲသားတွေ တရက်စာ၊ တလစာ အတွက်ပဲ ပူတဲ့အချိန်မှာ သူဌေးတွေဟာ ၅ နှစ်စာ ကနေ နှစ် ၁၀၀ စာ လောက်ထိ ပူခဲ့ရတယ်။
ဒါ့ကြောင့် သူဌေးတွေဟာ ဘာမှမလုပ်ပဲ ဇိမ်ကျနေတဲ့ ဆင်းရဲသားတွေကို မုန်းကြတာ ဖြစ်တယ်။ ဒီလိုနဲ့ အချိန်တခု ရောက်တဲ့အချိန်မှာ သူဌေးတွေကို ဆင်းရဲသားတွေက ပြန်မုန်းလာ ကြတယ်။
ဆင်းရဲသားတွေက ထင်တယ်၊ သူဌေးတွေ ဆိုတာ အချိန်ပြည့် ဇိမ်နဲ့ နေရတယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးဆိုတာ ရေကန်အသင့် ကြာအသင့် ချမ်းသာလာတာ ဖြစ်တယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ဆင်းရဲတဲ့ ဘဝအကြောင်း နားမလည် ကြဘူး။
ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေ ချမ်းသာခြင်းဟာ အထောက်ပံ့ ကောင်းတွေ ရှိလို့ပါ။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ခေါင်းပုံ ဖြတ်ကြတယ်။ ဆင်းရဲသားက ထင်တယ်၊ သူတို့ဘယ်လောက် ကြိုးစားကြိုးစား သူဌေးတွေလို မချမ်းသာနိုင်ဘူး။
ဆင်းရဲသား တွေက ထင်တယ်။ သူဌေးဆိုတာ မဟုတ်တာတွေ လုပ်လို့ ချမ်းသာလာတာ။ ဆင်းရဲသားတွေက ထင်တယ်၊ ရောင့်ရဲ တင်းတိမ်ခြင်းဟာ ဘဝကို အေးချမ်းစေတယ်။ ဆင်းရဲသားတွေက ထင်တယ်၊ ချမ်းသာခြင်း ဆိုတာ ဖန်ဆင်းရှင် တယောက်ယောက် ဆီက လာတယ်။
ဆင်းရဲသားတွေက ထင်တယ်၊ အခွင့်ရေး ဆိုတာ သူ့အလိုလို ရောက်လာတတ်တယ်။ ဆင်းရဲသားက ထင်တယ်၊ ဆင်းရဲသား ဘဝကနေ ချမ်းသာသွားသူ တွေဟာ ကံကောင်းလိုသာ ဖြစ်တယ်။ ဆင်းရဲသားက ထင်တယ်၊ သူဌေးတွေဟာ ဆင်းရဲသားတွေဆို မကူညီချင်ဘူး။
ဒါ့ကြောင့် ဆင်းရဲသားတွေဟာ သူဌေးတွေကို မုန်းလာကြတာ ဖြစ်တယ်။ တကယ်တော့ ကိုယ်တိုင် ရိုးသား ကြိုးစားပြီး တိုးတက် အောင်မြင်လာတဲ့ သူဌေးတွေဟာ ဘဝကို ဖြစ်သလို နေတတ်တဲ့ ကံကိုပဲ ပုံချတတ်တဲ့ ဆင်းရဲသားတွေကို ကူညီလေ့ မရှိဘူး။ သူတို့လို ရိုးသား ကြိုးစားလာတဲ့ ဆင်းရဲသား ကိုတော့ လက်တွဲ ကူညီတတ် ကြတယ်။
ကိုယ်တိုင် နေ့မအိပ် ညမအိပ် အားထုတ် ကြိုးစားခဲ့လို့ ရလာတဲ့ စည်းစိမ်ချမ်းသာ တွေနဲ့ ဂိမ်းဆော့လိုက် ရည်းစားထားလိုက် အိပ်လိုက်နဲ့ အချိန်ကုန် တတ်တဲ့ ဆင်းရဲသားတွေကို ဘယ်တော့မှ ကူညီမှာ မဟုတ်ပါဘူး။
လူငယ်တယောက် မဆုတ်မနစ် ကြိုးစားနေပြီ ဆိုရင် သူဌေးလို့ ခေါ်နိုင်ပါတယ်။ လူငယ်တယောက် ဖြစ်သလို နေနေပြီ ဆိုရင် မိဘက ချမ်းသာလည်း ဆင်းရဲသားလို့ ခေါ်ပါတယ်။
ချမ်းသာဖို့ အောင်မြင်ဖို့ ဆန္ဒပြင်းပြ လွန်းတဲ့ လူငယ်အတွက် မဖြစ်နိုင်ဘူးဆိုတဲ့ အခက်ခဲ့ဟာ အခွင့်ရေးအဖြစ် ပြောင်းသွားပါတယ်။ ဒါ့ကြောင့် ဂိမ်းဆော့ရင်း ဖုန်းကိုင်ရင်း ရည်းစားလေးနဲ့ အချိန်ကုန်ရင်း ကပ်ကြီးသုံးပါးကို ထိုင် အပြစ်ပြောရင်း အချိန်ကုန်နေ သ၍ ဆင်းရဲနေဦး မှာပါပဲ။ MMT
0 Comments