အပေါစားလို့ မထင်မခံပါနဲ့

တချို့ မိန်းကလေးတွေ ရှိကြတယ်။ ကောင်လေး တယောက်က ကိုယ့်ကို ရည်းစားစကား လာပြောတယ်။ ၄၊ ၅ ရက်လောက် ပဲ အချိန်ယူ စဉ်းစားတယ်။ ပြီးတော့ ချစ်တယ်လို့ အဖြေ တန်းပေး လိုက်တယ်။

၁၊ ၂ လ လောက်ပဲ တွဲကြတယ်။ ပြီးတော့ ပြတ်ကြတယ်။ နောက်တယောက်ကို လွယ်လွယ် ထပ်တွဲတယ်။ လွယ်လွယ်နဲ့ပဲ ပြတ်တယ်။ ရည်းစားတွေ ၃၊ ၄၊ ၅ ယောက်လောက် ထားဖူး သွားတယ်။ အတည်တကျ မရှိခဲ့ဘူး။

ချစ်သူ ရည်းစားတွေ များလို့ ဂုဏ်ယူ မနေပါနဲ့ အမိ။ ကိုယ့်တန်ဖိုးကို ကိုယ်ပဲ မြှင့်တင် ရတာ။ လွယ်လွယ် ရတဲ့ ခေတ်ကြီး ထဲမှာ လွယ်လွယ် အဖြေ ပေးမိလို့ ကတော့ အပေါစား မိန်းမ တယောက် ဖြစ်သွား ပါလိမ့်မယ်။

ယောက်ျားလေး တယောက်က ကိုယ့်ကို ရည်းစားစကား လာပြောတယ်။ ကိုယ်ကလည်း သူ့ကို ချစ်တယ်။ ဒါပေမဲ့ အဖြေ တန်း မပေးလိုက် ပါနဲ့။ ၄၊ ၅ လ လောက် အချိန်ယူ စဉ်းစားပြီး စောင့်ခိုင်းထား လိုက်ဦး။

အဲဒီလို စောင့်ခိုင်း ထားလိုက်ခြင်း အားဖြင့် သူလည်း ကိုယ့်ကို အပေါစား မိန်းမလို့ မထင်တော့ဘူး။ တန်ဖိုးထားမယ်။ လေးစား သွားမယ်။ ကိုယ့်ကို ချစ်တယ်လို့ ဖွင့်ပြောလိုက်တဲ့ နေ့က စပြီး ချေတာချေ။

ကိုယ်က ချေလွန်းလို့ ကိုယ့်အပေါ် နောက်ဆုတ်သွားတဲ့ ယောကျာ်းတွေ ဆိုရင် လှည့်မကြည့်နဲ့။ ထားသာ ထားခဲ့လိုက်။

ကိုယ့်ကို တကယ်ချစ်တဲ့ ယောကျာ်းက ကိုယ်က ချေတာလေး ကိုမှ ချစ်နေ တတ်တာ။ လွယ်လွယ် အလျော့ ပေးတတ်တဲ့ ယောကျာ်းတွေ ဆိုရင် စဉ်းကို မစဉ်းစားနဲ့။

ကိုယ့်အဖြေကို မစောင့်နိုင်လို့ နောက်တယောက် ပြောင်းသွားတယ် ဆိုရင်လည်း ဝမ်းနည်း မနေနဲ့။ တကယ် မချစ်တဲ့ ယောကျာ်းတွေနဲ့ ဝေးသွားလို့ ပျော်လိုက်စမ်းပါ။ အခုချစ်၊ အခုကြိုက်၊ အခုပြတ် ဆိုတာကြီးတော့ မဖြစ်စေ ချင်ဘူး။

"ရည်းစား တထောင်၊ လင်ကောင် တယောက်" ဆိုတဲ့ စကားပုံကို အတု ယူပြီး ရည်းစားတွေ အများကြီး ထားမိရင် မှားသွားမှာပေါ့ အမိရဲ့။ ရည်းစားတွေ အများကြီး ထားမိရင်လည်း ကိုယ်က အချစ်ကို ရင်မခုန်တော့ပဲ ဖြစ်သွားမယ်။

ရည်းစားတွေ ထားရင်း အမိရဲ့ ဘဝလေး ပွန်းပဲ့ သွားနိုင်တယ် ဆိုတာ ကိုရော စဉ်းစားမိ ရဲ့လား။ မိန်းကလေး ဆိုတာ ချစ်သူ ရည်းစားတွေ များလေ တန်ဖိုး ကျလေ ပါပဲ။ ရည်းစား နဲနဲ ထားဖူးလေ၊ ယောကျာ်းလေးတွေ အထင်ကြီးလေ ယောကျာ်းလေးတွေ တန်ဖိုးထားလေ ပါပဲ။

တကယ်လို့ ချစ်သူ ရည်းစားတွေ အများကြီး ထားမိတယ် ဆိုရင်လည်း ဘာမှ စိတ်ဓာတ် ကျစရာ မလိုပါဘူး။ နောက်တခါ ရည်းစား ထားရင် တဘဝလုံးစာ အတွက် သေသေ ချာချာ ရွေးပြီး ထားပါ။ အဓိကက အမှား သိပြီး အမှန်ပြင်ဖို့ ပါပဲ။

ကောင်လေးတွေ ကလည်း တကယ် ချစ်ရင် ချက်ချင်း အဖြေ မတောင်းပါနဲ့ဦး။ အချိန် တခု အထိတော့ စောင့်ပါဦး။ ကိုယ့်ကို ချက်ချင်း အဖြေ ပေးလိုက်ရင် ပတ်ဝန်းကျင်က သူမကို အထင် သေးသွား နိုင်ပါတယ်။

သူမကို လွယ်လွယ် ရတဲ့ မိန်းကလေး လို့ ထင်သွားပါ လိမ့်မယ်။ ကိုယ်က တကယ် ချစ်ရင် သူမရဲ့ သိက္ခာ အတွက် စဉ်းစားပေးပါ။ KZY

Post a Comment

0 Comments