လူနာတင်ကားမှာ Ambulance စာလုံးကို ပြောင်းပြန် ရေးထားရတဲ့ အကြောင်းအရင်း

လူတိုင်း မေးဖူး ကြမှာပါ။ ဘာလို့ လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို ပြောင်းပြန် ရေးထားလဲ ဆိုတာ။

ကျနော် ငယ်ငယ်က သိပ်သိချင် ခဲ့တယ်။ ဒီလိုနဲ့ လူကြီးတွေကို လိုက်မေးရင်း မေးရင်းနဲ့ နောက်တော့ သိသွားတယ်။

လူနာတင်ကားမှာ ပြောင်းပြန် ဖြစ်နေတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ်ကို အဓိပ္ပါယ်ရှိပြီး အရေးပါ ပါတယ်။ Ambulance ကားရဲ့ အသက်ပေါ့။

Ambulance ကားတွေဟာ အရေးပေါ် လူနာတင်ပြီး ရှူပ်ထွေးတဲ့ လမ်းမပေါ်မှာ ပြေးလွှာပြီး လူနာအသက်ကို ကယ်ရ တာပါ။ အဲလို အခြေနေမျိုးမှာ သူလာနေပြီ ဆိုတာ အသိပေးတဲ့ အနေနဲ့ အသံပေး ပါတယ်။

ဒီအသံ တခုတည်းက သူ့ပန်းတိုင် ခရီးရောက်ဖို့ မကူညီ ပေးနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကားတွေ အရမ်းများပြီး ဆူညံနေတဲ့ အခါမျိုးမှာ အသံပဲ ကြားပြီး ဘယ်အရပ်က လာနေမှန်း မသိတော့ တခြားကားတွေက လမ်းဖယ် ပေးဖို့ မဖြစ်နိုင် ပါဘူး။

ကားသမားတွေက ရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အရပ် လေးမျက်နှာကို မြင်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒီတော့ နောက်က လာတဲ့ Ambulance ကားက သူ့ရဲ့ ပြောင်းပြန် ရေးထားတဲ့ စာလုံးကြောင့် ရှေ့မှာ သွားနေတဲ့ ကားတွေရဲ့ နောက်ကြည့်မှန်မှာ အတည့်၊ အမှန်တိုင်း သွားပေါ် ပါတယ်။

ဒီတော့ ကားသမားတွေက Ambulance ဆိုတာ သိတော့ လမ်းရှင်း ပေးလို့ ရတာပေါ့။

တခါတရံ သူငါ့ကို နားလည်မှာပါ လို့ ယူဆလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ သူက သင်နဲ့ မတူတဲ့ ရှုထောင့် ကနေပြီး ကြည့်နေတယ်၊ တွေးနေတယ် ဆိုတာ ကို သိဖို့ လိုပါတယ်။

ဘဝမှာ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါမှာလည်း ဒီအချက်က သိပ်ကို အရေးကြီး ပါတယ်။ တချို့ကိစ္စ တွေမှာ ကိုယ်ဖြစ်ချင်တာထက်၊ ကြည့်ကောင်း နေဖို့ထက် သူများတွေ အဆင်ပြေဖို့ ကိုယ်လုပ်နေကျ၊ တွေးနေကျ၊ ပြောနေကျ အရာတွေနဲ့ ဆန့်ကျင့်ဖက်တွေ လုပ်တတ်ဖို့ လိုပါတယ်။

ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပါ လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အဆင်မပြေ ရင်တောင် သူများ နားလည်ဖို့ အဆင်ပြေဖို့ ကိုယ့်ရဲ့ အဆင်မပြေခြင်းကို သီးခံတတ်ရမယ် လို့ ဆိုလို တာပါ။ ဒါမှ ခရီးရောက် မှာပါ။ crd

Post a Comment

0 Comments