ဓာတုဆေးနည်းတွေမသုံးဘဲ အချိန်တိုအတွင်း ရေချိုးခန်းကို သန့်စင်သွားစေမယ့်နည်းလမ်း (၇) ခု

တစ်နေ့တာပင်ပန်းပြီးနောက်မှာ ရေချိုးခန်းက ပင်ပန်းမှုတွေကို ပြေပျောက်စေတဲ့နေရာတစ်ခုပါ။ ဒါပေမယ့် ရေချိုးခန်းထဲမှာ ဘက်တီးရီးယားတွေ အများကြီး ပေါက်ဖွားနိုင်ပါတယ်။ အဲဒါကြောင့် ဓာတုဆေးနည်းတွေမသုံးဘဲ အချိန်တိုအတွင်း ရေချိုးခန်းကို သန့်စင်သွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေချိုးခန်းနံရံ

ရေခ်ျိုးခန်းနံရံကို သန့်ရှင်းရေးလုပ်ဖို့အတွက် ရှာလကာရည်ခွက်တစ်ဝက်နဲ့ ရေနွေးခွက်တစ်ဝက်တို့ကို ရောပါ။ ရောထားတာကို ၁၀ မိနစ်ခန့်ထားပါ။ အဲဒီနောက် ဖော့ သို့မဟုတ် ဘရက်ရှ်ကို အသုံးပြုပြီး နံရံပေါ်မှာ ပွတ်တိုက်ပေးပါ။ ရှာလကာရည်က ဘက်တီးရီးယားတွေ၊ အညစ်အကြေးတွေ၊ ဆီတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။

၂။ ကြွေပြားတွေကြားက ဖယ်ရှားရခက်တဲ့ အစွန်း

ကြွေပြားတွေကြားမှာ အစွန်းတွေ ရှိနေရင် ဖယ်ရှားရခက်ပါတယ်။ ဓာတုဆေးနည်းကို မသုံးဘဲ သံပုရာကို ကြွေပြားကြားတွေထဲမှာ ပွတ်တိုက်ပေးပါ။ အဲဒီနောက် ၁၀ မိနစ်ခန့် ထားပြီးရင် အဝတ်တစ်ခုနဲ့ ထပ်ပြီး ပွတ်တိုက်ပါ။ သံပုရာသီးမှာပါဝင်တဲ့ အက်ဆစ်ဓာတ်က အစွန်းတွေကို ပြောင်စေပါတယ်။ ရေချိုးခန်းထဲမှာလည်း သံပုရာရနံ့လေးတွေ မွှေးပျံ့နေမှာပါ။

၃။ ရေချိုးခန်းတံခါး

ရေချိုးခန်းတံခါးမှာလည်း ဘက်တီးရီးယားတွေ ကပ်နေနိုင်ပါတယ်။ အဲဒီအခါ ရေနွေးနဲ့ ရှာလကာရှည်ကို သုံးပြီး ဆေးကြောပါ။ ပြီးနောက်မှာတော့ ရေနဲ့ဆေးချပြီး ခြောက်သွေ့တဲ့အဝတ်နဲ့ သုတ်ပေးပါ။

၄။ ရေချိုးခန်းထဲက လိုက်ကာ

ရေချိုးခန်းထဲက လိုက်ကာကိုလည်း လျှော်ပေးဖို့ လိုအပ်ပါတယ်။ ရေချိုးခန်းလိုက်ကာထဲမှာလည်း ဘက်တီးရီးယားတွေ ပေါက်ပွားနေနိုင်ပါတယ်။ အဲဒါကြောင့် ရေချိုးခန်းလိုက်ကာကို အဝတ်လျှော်စက်ထဲမှာ လျှော်ပေးနိုင်ပါတယ်။

၅။ ရေပန်း

တစ်ခါတရံမှာ ရေပန်းကလည်း ပိတ်နေတတ်ပါတယ်။

- အိတ်တစ်လုံးထဲမှာ ရှာလကာရည်ခွက်တစ်ဝက်၊ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၂ ဇွန်းထည့်ပါ။

- အိတ်ထဲကို ရေပန်းထဲပြီး သေချာချည်ထားပါ။

- တစ်ညခန့်ထားပြီးရင်တော့ အိတ်ကိုဖယ်လိုက်လို့ရပါပြီ။

- အဲဒီနောက် ရေပူတွေကို ခဏလောက်ဖွင့်ထားလိုက်ပါ။

၆။ ‌ရေချိုးခန်းကြမ်းပြင်

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းနဲ့ ရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် ရေမြှုပ် သို့မဟုတ် အဝတ်စတစ်ခုနဲ့အတူ ကြမ်းပြင်မှာ သုတ်ပေးပါ။ သုတ်နေတဲ့အချိန်မှာ လက်အိတ်ဝတ်ထားဖို့ မမေ့ပါနဲ့နော် နောက်ဆုံးမှာတော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။ ရေချိုးခန်းကြမ်းပြင်ဟာ ချော်နိုင်တာကြောင့် မကြာခဏ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

၇။ လက်ဆေးကန်

လက်ဆေးကန်ထဲမှာ ပိတ်နေတာတွေကို ဖယ်ရှားဖို့အတွက် ရေနွေးနဲ့ ဖြည်းဖြည်းချင်း လောင်းချပါ။ ခဏလောက်စောင့်ပြီးရင် ရေနွေးနဲ့ ထပ်ပြီးလောင်းချပါ။

Bonus

ရေချိုးခန်းကို အမြဲတမ်း သန့်ရှင်းနေဖို့အတွက် ရေနွေးနဲ့ မကြာခဏဆေးကြောပေးပါ။ စိုထိုင်းမှုများပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနည်းအောင် လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments