အသက်ကြီးလာတဲ့အမျှ အရေးအကြောင်းတွေက ပိုပိုများလာပါတယ်။ အရေးအကြောင်းတွေက နေထိုင်မှုပုံစံ၊ မျိုးရိုးဗီဇနဲ့ သက်ဆိုင်သလို စိတ်ခံစားမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။
အဲဒါကြောင့် ဘယ်လိုစိတ်ခံစားချက်တွေများတဲ့အခါ မျက်နှာမှာ ဘယ်လိုအရေးအကြောင်းတွေ ပေါ်လာနိုင်မလဲဆိုတာ love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ နဖူးပေါ်က အရေးအကြောင်းများ
နဖူးပေါ်က အရေးအကြောင်းတွေဟာ အတိတ်က စိတ်ဒဏ်ရာ၊ ထိတ်လန့်စရာတွေနဲ့ ဆက်စပ်နေပါတယ်။ စိတ်ပူပန်မှုများတဲ့အခါ မျက်ခုံးအပေါ်ဘက်တွေမှာ အရေးအကြောင်းတွေ ပိုလာပါတယ်။ အတွေးများသူတွေမှာလည်း နဖူးပေါ်က အရေးအကြောင်းတွေ ပိုထင်ရှားပါတယ်။
၂။ မျက်မှောင်ကြုတ်တဲ့နေရာက အရေးအကြောင်းများ
လေးလေးနက်နက်စဉ်းစားသူတွေ၊ စိတ်ကို အနားမပေးသူတွေမှာ မျက်မှောင်ကြုတ်တဲ့နေရာက အရေးအကြောင်းတွေ ထင်ရှားလာပါတယ်။
ခက်ခဲပင်ပန်းတဲ့အလုပ်တွေ လုပ်ကိုင်ရတတ်တဲ့ အမျိုးသမီးတွေမှာ ပိုအတွေ့ရများပါတယ်။ ဒါ့အပြင် ဒီလိုအရေးအကြောင်းရှိသူတွေဟာ စိတ်မရှည်ဘဲ စိတ်မြန်ကိုယ်မြန်လုပ်တတ်ကြပါတယ်။
၃။ မျက်ထောင့်ရှိအတွန့်အခေါက်ကြောင်း
မကြာခဏပြုံးလေ့ရှိသူ၊ ရယ်လေ့ရှိသူတွေမှာ ဒီလိုအရေးကြောင်းတွေကို တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ဖိအားများသူတွေမှာလည်း မျက်ထောင့်မှာ အရေးအကြောင်းတွေ တွေ့ရပါတယ်။
၄။ နှုတ်ခမ်းပေါ်က အရေးအကြောင်း
ဆေးလိပ်သောက်တတ်သူ၊ အစားကို ပုံမှန်စားလေ့မရှိသူတွေမှာ နှုတ်ခမ်းအပေါ်ဘက်နေရာမှာ အရေးအကြောင်းတွေတွေ့ရပါတယ်။ ဒါ့အပြင် နှုတ်ခမ်းအပေါ်ဘက်မှာ ဒေါင်လိုက်အရေးအကြောင်းတွေ ရှိနေရင် အာဟာရ မမျှတကြောင်း ဖော်ပြနေတာပါ။
၅။ မျက်လုံးအောက်က အရေးအကြောင်းများ
မျက်လုံးအောက်က အရေးအကြောင်းတွေဟာ သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ဝမ်းနည်းစရာကိစ္စတွေများသူ၊ အချိန်ကြာကြာ စိတ်ခံစားမှုများသူတွေမှာဆိုရင် မျက်လုံးအောက်မှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။
ဒါ့အပြင် စိတ်ဖိစီးစရာ၊ စိတ်ရှုပ်စရာများသူတွေမှာလည်း မျက်လုံးအောက်မှာ အရေးအကြောင်းတွေက ပိုလာပါတယ်။
၆။ နှာခေါင်းပေါ်က အရေးအကြောင်း
ပြုံးပါများတဲ့အခါ နှာခေါင်းပေါ်မှာ အရေးအကြောင်းတွေက ပိုလာပါတယ်။ ဒါ့အပြင် ဘဝမှာ ဝမ်းနည်းစရာကို အချိန်ကြာကြာ ခံစားရသူတွေမှာလည်း တွေ့ရပါတယ်။ အူလမ်းကြောင်းမှာ နာတာရှည်ရောဂါရှိရင်လည်း နှာခေါင်းမှာ အရေးအကြောင်း ပေါ်လာတတ်တာဖြစ်လို့ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။
၇။ နှုတ်ခမ်းနဲ့ ပါးအောက်ဖက်က အရေးအကြောင်းများ
ဝမ်းနည်းစရာတွေ၊ ပူဆွေးသောကတွေများသူတွေမှာ နှုတ်ခမ်းနဲ့ ပါးအောက်ဖက်မှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။
စိတ်ပူပန်စရာတွေက မျက်နှာပေါ်က အလှအပတွေကို အချိန်တိုအတွင်း တိုက်စားသွားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments