ကိုယ်လက်လှုပ်ရှားမှုနည်းပါးတဲ့ နေထိုင်မှုပုံစံက နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး ထိုင်နေတာ၊ လဲလျောင်းနေတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
အဲဒါကြောင့် အချိန်ကြာကြာ အထိုင်များသူတွေအတွက် တွေ့ရနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ ပိုများလာခြင်း
လှုပ်ရှားမှုနည်းတာက ခန္ဓာကိုယ်မှာ ကိုယ်အလေးချိန် တိုးစေပါတယ်။ ကိုယ်အလေးချိန် တိုးပြီးနောက်မှာတော့ အရေပြားပြဿနာတွေလည်း ဖြစ်ပေါ်လာပါတယ်။
ချွေးထွက်များလာပြီး ချွေးပေါက်ပိတ်တာ၊ ဝက်ခြံတွေ ပွားလာတာ စတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို ကြုံတွေ့ရစေပါတယ်။ လှုပ်လှုပ်ရှားရှားနေတာက ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်စေတဲ့အပြင် အသားအရေကိုလည်း လှစေပါတယ်။
၂။ အရိုးတွေ အားနည်းလာခြင်း
ကြွက်သားနဲ့ အရိုးတွေဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပိုမိုသန်မာလာပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူရဲ့အရိုးက မပွဘဲ အမြဲသန်မာနေပါတယ်။ အဲဒါကြောင့် အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေမှာ အရိုးအားနည်းတာကို ကြုံရတတ်ပါတယ်။
၃။ အသားအရေ မလှတော့ခြင်း
သင်က ဝက်ခြံပျောက်အောင် ကုသနေပေမယ့် ဘာမှမထူးလာတဲ့အခါ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲသင့်ပါတယ်။ ထိုင်နေချိန်များတဲ့သူတွေမှာ သွေးလည်ပတ်မှုလည်း မကောင်းတော့ဘဲ အသားအရေလည်း မလှမပဖြစ်နေမှာပါ။
၄။ Cellulite တွေဖြစ်လာခြင်း
လှုပ်ရှားတက်ကြွမှုနည်းတဲ့ နေထိုင်မှုပုံစံတွေမှာ ခြေတွေလက်တွေ ရောင်လာပါတယ်။ သွေးလည်ပတ်မှု နည်းသွားပြီးနောက်မှာတော့ ဖျောက်ရခက်တဲ့ cellulite တွေက ပေါင်တစ်ဝိုက်မှာ ဖြစ်ပေါ်လာပါတယ်။
၅။ သွေးကြောထုံးလာခြင်း
လမ်းများများလျှောက်သူတွေမှာ ခြေထောက်သွေးကြောထုံးတာ အဖြစ်နည်းပါတယ်။ လမ်းလျှောက်တာကြောင့် သွေးလည်ပတ်မှု အားကောင်းပြီး နှလုံးကျန်းမာရေးကိုပါ အကျိုးပြုပါတယ်။
လမ်းလျှောက်နည်းပြီး အထိုင်များသူတွေမှာတော့ သွေးလည်ပတ်မှု အားနည်းတာကြောင့် သွေးကြောတွေ ထုံးလာတတ်ပါတယ်။
Zombie (lovemedia)
0 Comments