အသက်အရွယ်က ကိန်းဂဏန်းပါလို့ ဆိုပေမယ့် ဇရာကိုတော့ ရှောင်လွှဲလို့မရပါဘူး။ နေထိုင်စားသောက်မှုပုံစံ၊ စိတ်ဖိစီးမှု စတဲ့အကြောင်းအချက်တွေကြောင့် ပုံမှန်ထက်ကို အိုမင်းလွယ်နေမှာပါ။ အဲဒါကြောင့် သင့်အသက်ကို ၁၀နှစ်စာလောက် နုပျိုသွားစေဖို့ နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂျင်းအဝတ်အစားတွေကို ဝတ်ပါ။

ဂျင်းအဝတ်အစားတွေကို သင့်ကို ငယ်ရွယ်နုပျိုအောင်၊ ဖက်ရှင်ကျလှပအောင် ပြုလုပ်ပေးနိင်ပါတယ်။ ရှေးရိုးအဝတ်အစားတွေကို စွန့်လွှတ်လိုက်ပါ။ ဂျင်းဘောင်းဘီက သင့်ကို အရှည်ပိုရှည်လာအောင်၊ ပိန်သွယ်လာအောင် ကူညီပေးနိုင်ပါတယ်။

၂။ ဆံမြိတ်ချပါ။

ဆံမြိတ်က သင့်အသက်အရွယ်ကို ဖုံးကွယ်ပေးနိုင်တဲ့အရာပါ။ ဆံမြိတ်တွေက နဖူးပေါ်က အရေးအကြောင်းတွေကိုလည်း ဖုံးကွယ်ပေးပါသေးတယ်။ မျက်နှာကိုလည်း သေးသွယ်စေပါတယ်။ ခပ်ရှည်ရှည်ဆံမြိတ်တွေက မျက်နှာတိုင်းလိုလိုနဲ့ လိုက်ဖက်ပါတယ်။

၃။ အဖြူရောင် sneakers

နုပျိုတဲ့အသွင်ကို ရဖို့ အဖြူရောင် sneakers က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ အဖြူရောင် sneakers က အဝတ်အစား တော်တော်များများနဲ့လည်း လိုက်ဖက်ပါတယ်။ ဂျင်းဘောင်းဘီ၊ စကတ်၊ ဘောင်းဘီရှည်စတဲ့အရာတွေနဲ့ အဖြူရောင် sneakers ကို တွဲဖက်ဝတ်ဆင်တဲ့အခါ သင့်အသွင်အပြင်က ၁၀ နှစ်လောက် နုပျိုသွားပါတယ်။

၄။ အနီရောင်နှုတ်ခမ်းနီ

အနီရောင်နှုတ်ခမ်းနီက မျက်နှာရဲ့လှပတဲ့ အစိတ်အပိုင်းတွေကို ပိုမိုပေါ်လွင်စေပါတယ်။ နှုတ်ခမ်းနီအနီရောင်အပြင် အနီရောင်ဘက်သန်းတဲ့ ပါးနီကိုပါ ခြယ်သလိုက်ပါ။ အဲဒီအခါ မျက်နှာပေါ်က အရေးအကြောင်းတွေက မှေးမှိန်သွားမှာပါ။

၅။ ကုပ်ဝဲဆံပင်

အသက်ကြီးနေတာကို နုပျိုနေတဲ့အထင်ရစေဖို့ ဆံပင်ရှည်တွေကို ဖြတ်ပြီး ကုပ်ဝဲဆံပင်ပဲ ညှပ်လိုက်ပါ။ ခပ်ထူထူ ဆံပင်ပုံစံလေးတွေက သင့်ရဲ့မျက်နှာကို ပင့်တင်ပေးသလိုဖြစ်ပြီး ပါးရိုးတွေကိုလည်း ပေါ်လွင်လာစေပါတယ်။ အထူးသဖြင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားအမျိုးသမီးတွေက ကုပ်ဝဲဆံပင်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။

၆။ ဘေးဘောင်အနက်ရောင်နဲ့ မျက်မှန်

ဘေးဘောင်တွေမပါတဲ့မျက်မှန်တွေကို တပ်လိုက်ရင် သင့်အသက် ပိုကြီးသလိုတောင် ဖြစ်သွားမှာပါ။ အဲဒါကြောင့် ဘေးဘောင်အနက်ရောင်နဲ့ မျက်မှန်တွေကို ရွေးချယ်ပါ။ အနက်ရောင်မျက်မှန်တွေက သင့်ကို ခန့်ညားတည်ငြိမ်တဲ့ အလှကိုလည်း ပေးနိုင်ပါတယ်။

၇။ မျက်ခုံးထူထူ

မျက်ခုံးကို ခပ်ပါးပါးဆွဲထားသူနဲ့ ခပ်ထူထူဆွဲထားသူကို ယှဉ်ကြည့်ပါ။ မျက်ခုံးပါးပါးဆွဲထားရင် ဖြူဖျော့ပြီး အားနည်းသယောင် ထင်ရစေပါတယ်။ အဲဒါကြောင့် မျက်ခုံးသန်လာအောင် အုန်းဆီလိမ်းပေးပြီး နှိပ်နယ်ပေးပါ။ အဲဒီနောက် မျက်ခုံးကို ဆွဲတံနဲ့ ထူအောင် ဆွဲလိုက်ပါ။

Zombie (lovemedia)