ဖရဲသီးက လူကြိုက်များတဲ့ အသီးတစ်မျိုးပါ။ ရာသီဥတုပူတဲ့အချိန်မှာ ချိုအေးအေးအရသာလေးကို ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ဖရဲသီးဝယ်တဲ့အခါမှာတော့ နိုက်ထရိတ်များတဲ့ဖရဲသီးကို ရှောင်သင့်ပါတယ်။ ဖရဲသီးမှာ နိုက်ထရိတ်တွေ များနေလားဆိုတာ ဒီအချက်တွေနဲ့ သိနိုင်ပါတယ်။
၁။ ဖရဲသီးအနားကွပ်လေးတွေက အဝါရောင်ဖြစ်နေရင် နိုက်ထရိတ်များတဲ့ လက္ခဏာပါ။
နိုက်ထရိုဂျင်က အပင်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့အရာပါ။ ဒါပေမယ့် စိုက်ပျိုးသူတွေက ၃ ပတ်အတွင်း ၂၅ ပေါင်ခန့် အလေးချိန်ရှိတဲ့ ဖရဲသီးတွေကို ရဖို့ နိုက်ထရိုဂျင်တွေကို အများကြီးသုံးကြပါတယ်။ နိုက်ထရိုဂျင်များတဲ့ဖရဲသီးကို စားသုံးသူတွေမှာ အစာအဆိပ်သင့်စေမှာပါ။
အဲဒါကြောင့် ဖရဲသီးကို ခွဲလိုက်တဲ့အခါမှာ ဘေးနားကွပ်လေးတွေကို သတိပြုကြည့်ပါ။ ဘေးနားကွပ်လေးတွေမှာ အဝါရောင်တွေ များနေရင်တော့ နိုက်ထရိုဂျင်ဆေးတွေ အရမ်းသုံးထားတာကြောင့် မစားသင့်ပါဘူး။
၂။ ဖရဲသီးမှာ ပါတဲ့အပေါက်လေးတွေ
ဖရဲသီးမှာ အပေါက်လေးတွေပါရင် အင်းဆက်ပိုးမွှားလေးတွေကိုက်ထားတာဖြစ်ပြီး နိုက်ထရိတ်ဆေးကို ဆေးထိုးအပ်နဲ့ ထိုးထားတာမဟုတ်ဘူးလို့ အချို့က ယုံကြည်ကြပါတယ်။ ဒါပေမယ့် ဖရဲသီးမှာ အပေါက်လေးတွေ ပါနေရင်တော့ မဝယ်သင့်ပါဘူး။
၃။ အလယ်မှာ အပေါက်ကြီးဖြစ်နေတဲ့ဖရဲသီး
ဖရဲသီးကို ခွဲလိုက်တဲ့အခါမှာ အလယ်မှာ အပေါက်ကြီးဖြစ်နေရင် ဖရဲသီးက အမှည့်လွန်နေတာ သို့မဟုတ် ကြီးထွားစေတဲ့ဟော်မုန်းဆေးတွေ သုံးထားတာကြောင့်ပါ။ အမှည့်လွန်နေတဲ့ဖရဲသီးက အနည်းငယ်ခါးပါတယ်။ ကြီးထွားဟော်မုန်းဆေးတွေ သုံးထားတဲ့ဖရဲသီးကတော့ အစာအဆိပ်သင့်စေပါတယ်။
၄။ ဖရဲသီးကို မစားခင်မှာ ရေထဲခဏစိမ်ကြည့်ပါ။
ဖရဲသီးမှာ နိုက်ထရိတ်တွေများနေလားဆိုတာကို သိဖို့ ဖရဲသီးအနည်းငယ်ကို သန့်ရှင်းတဲ့ရေထဲကို ထည့်ကြည့်ပါ။ ရေရဲ့အရောင်က ပန်းရောင်အရင့်ကို ပြောင်းသွားရင်တော့ စားဖို့မသင့်တော်ပါဘူး။
၅။ ဖရဲသီးကို မ ကြည့်တဲ့အခါမှာ ပေါ့ပါးမနေသင့်ပါဘူး။
လတ်ဆတ်ကောင်းမွန်တဲ့ ဖရဲသီးက မ ကြည့်လိုက်တဲ့အခါမှာ သိပ်သည်းပြီး လေးနေပါတယ်။ မှည့်နေတဲ့အသီးက ပိုပြီးတော့ လေးပါတယ်။
အရသာရှိတဲ့ဖရဲသီးကို ရွေးချယ်နည်း
၁။ ချိုင့်ခွက်မပါတဲ့ဖရဲသီးကို ရွေးချယ်ပါ။
မှည့်ပြီးချိုတဲ့ဖရဲသီးက ခွဲကြည့်လိုက်တဲ့အခါ အရောင်တောက်ပပြီး နူးညံ့ပါတယ်။ အနာအဆာလည်း ကင်းပါတယ်။ ဖရဲသီးထဲမှာ ချိုင့်ခွက်လေးတွေ ပါနေရင်တော့ နာနေတဲ့အသီးပါ။
၂။ အပေါက်ပါတဲ့ဖရဲသီး
အပေါ်မှာဖော်ပြခဲ့သလို ဖရဲသီးမှာ အပေါက်ပါရင် မရွေးချယ်သင့်ပါဘူး။ ဒါပေမယ့် ဘေးအနားကွပ်နဲ့ ဝေးတဲ့နေရာမှာ အပေါက်လေးတွေက ဖရဲသီးအခွံပေါ်မှာတင်ရှိနေပြီး အတွင်းထဲထိ မရောက်နေရင်တော့ စားလို့ရပါတယ်။
၃။ ဂျွတ်တက်တဲ့နေရာ
ဖရဲသီးမှာ ဂျွတ်တက်တဲ့နေရာလေးတွေရှိပါတယ်။ အဲဒါ ပျားတွေ နားနေခဲ့ကြောင်း လက္ခဏာပါ။ ဒီလိုအသီးတွေက အရမ်းချိုပါတယ်။
၄။ မှည့်တဲ့ဖရဲသီးရဲ့အလေးချိန်
မှည့်ပြီး အရသာရှိတဲ့ဖရဲသီးက ပျမ်းမျှအားဖြင့် ၉ ပေါင်ရှိတယ်လို့ ၁၉၈၆ ခုနှစ်က စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။
၅။ ဖရဲသီးရဲ့အညှာ
ဖရဲသီးရဲ့အညှာက စိမ်းနေရင် ဖရဲသီးက မမှည့်သေးပါဘူး။ ခြောက်နေတဲ့အညှာပါတဲ့ဖရဲသီးကိုသာ ရွေးချယ်ပါ။
၆။ အခွံပေါ်မှာ အဝါရောင်အစက်အပြောက်လေးတွေ ပါတဲ့ဖရဲသီး
ဖရဲသီးအခွံပေါ်မှာ အဝါရောင်အစက်အပြောက်လေးတွေ ပါရင် ပိုပြီးချိုပါတယ်။ မှည့်နေတဲ့လက္ခဏာတစ်ခုပါ။
၇။ ကြိုတင်ခွဲထားတဲ့ဖရဲသီး
ဖရဲသီးဝယ်တဲ့အခါမှာ တစ်လုံးလုံးကို ဝယ်ပါ။ ခွဲထားဖရဲသီးတွေကို ဝယ်တဲ့အခါဓားပေါ်က ဘက်တီးရီးယားတွေက ဖရဲသီးထဲကို ဝင်သွားနိုင်လို့ပါ။
Zombie (lovemedia)
0 Comments