Waist trainer ဝတ်တဲ့အခါ ရလာမယ့် ကျန်းမာရေးဆိုးကျိုး (၆) ခု

ဗိုက်ချပ်စေတဲ့ ခါးစည်းတွေကို ရှေးရှေးတုန်းကတည်းက အသုံးပြုကြပါတယ်။ ယနေ့ခေတ်မှာတော့ ခါးသေးပြီး ဗိုက်ချပ်စေတဲ့ waist trainer တွေက လူကြိုက်များလာပါတယ်။ ဒါပေမယ့် Waist trainer တွေကို ဝတ်တဲ့အခါမှာ ရလာမယ့် ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။

၁။ သင်လိုချင်တဲ့ သဲနာရီပုံစံခန္ဓာကိုယ်ကို မရရှိပါဘူး။

Waist trainer ကို ဝတ်တဲ့အခါမှာ သင့်ရဲ့ခါးက သေးသွားပါလိမ့်မယ်။ ဒါပေမယ့် မဝတ်တော့တဲ့အခါမှာတော့ အရင်ခါးပုံစံအတိုင်းပဲ ပြန်ဖြစ်သွားမှာပါ။ သဲနာရီပုံစံခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်တာက အသင့်တော်ဆုံးပါ။

၂။ ကိုယ်အလေးချိန်လည်း မကျသွားပါဘူး။

Waist trainer ဝတ်ပြီးနောက်မှာ ကိုယ်အလေးချိန် အနည်းငယ် ကျသွားတာကို သတိထားမိမှာပါ။ Waist trainerကိုဝတ်ထားတဲ့အခါမှာ အစာအိတ်ကို ညှစ်ထားသလိုဖြစ်ပြီး ဗိုက်ပြည့်သလို ခံစားနေရတာပါ။

အဲဒါကြောင့် ဗိုက်မဆာဘဲ သိပ်မစားဖြစ်တော့ပါဘူး။ ဒီနည်းနဲ့ ကိုယ်အလေးချိန်ချတာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ မဝတ်တော့တဲ့အခါမှာ ကိုယ်အလေးချိန်က ပြန်တက်လာမှာပါ။

၃။ နေရထိုင်ရ အဆင်မပြေခြင်း

Waist trainer ကိုဝတ်ထားတဲ့အခါ တင်းကြပ်ပြီး နေရထိုင်ရခက်စေပါတယ်။ ရေရှည်ဝတ်ဖို့လည်း ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။

၄။ ခါးနာလာခြင်း

Waist trainer ဝတ်ထားချိန်မှာ ကိုယ်နေဟန်ထားမှန်ကန်သလို ရှိလာမှာပါ။ ဒါပေမယ့် ဝတ်ပါများလာတဲ့အခါမှာတော့ ကျောရိုးကြွက်သားတွေ အားနည်းလာပါတယ်။ မဝတ်ဖြစ်တဲ့အခါမှာ ခါးနာလာပြီး ကိုယ်နေဟန်ထားလည်း မမှန်တော့ပါဘူး။

၅။ အသက်ရှူရခက်ခြင်း

Waist trainer ဝတ်ထားချိန်မှာ အသက်ရှူရခက်ခဲတာကို ကြုံတွေ့ရမှာပါ။ Waist trainer က အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပါတယ်။ အဲဒါကြောင့် အသက်ရှူခက်ပြီး အခြားဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

၆။ ကိုယ်တွင်းအင်္ဂါနဲ့ နံရိုးတွေကို ထိခိုက်စေခြင်း

Waist trainer ကိုဝတ်ထားချိန်မှာ အစာအိမ်ကို ညှစ်ထားတာကြောင့် အစာအိမ်ကိုလည်း ထိခိုက်စေပါတယ်။ သူ့ရဲ့ညှစ်အားက ကိုယ်တွင်းအင်္ဂါတွေရဲ့အနေအထားတွေကိုပါ ပြောင်းလဲသွားစေပါတယ်။ သွေးလည်းပတ်မှုကိုလည်း မမှန်စေတော့ပါဘူး။

အချိန်ကြာကြာ ဝတ်ပါများရင် နံရိုးတွေကိုပါ ရွဲ့စောင်းလာစေမှာပါ။ အဲဒါကြောင့် ကိုယ်အလေးချိန်ကျပြီး လှပတဲ့ခန္ဓာကိုယ်ရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကို ရွေးချယ်ပြီး လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးပါ။

Zombie (lovemedia)

Post a Comment

0 Comments