စိုပြေလှပတဲ့အသားအရေကို မိန်းကလေးတိုင်း မက်မောကြပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ၊ ဗီတာမင်ချို့တဲ့တာတွေက အသားအရေကို မလှမပဖြစ်စေပါတယ်။
အဲဒါကြောင့် အသားအရေလှပဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေအကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဗီတာမင်စီ
ကော်လဂျင်ထုတ်လုပ်မှုအတွက် ဗီတာမင်စီက အရမ်းကို အရေးပါပါတယ်။ ဗီတာမင်စီမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေခြောက်ခြင်း၊ မျက်ကွင်းညိုခြင်း၊ အသားအရေ နီမြန်းခြင်းကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေးအကြောင်းတွေနဲ့ အသားအရေ မညီမညာဖြစ်တာတွေကိုလည်း ဗီတာမင်စီက ကုစားပေးနိုင်ပါတယ်။
အသားအရေ လှပဖို့အတွက် ဗီတာမင်စီပါဝင်တဲ့ serum နဲ့ ခရင်မ်တွေကို လိမ်းပေးပါ။ ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကတော့ ခရမ်းချဉ်သီး၊ ပန်းငရုတ်၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေပါ။
၂။ ဗီတာမင်ဒီ
ဗီတာမင်ဒီက ကယ်လ်ဆီယမ်စုပ်ယူမှုကို တိုးတက်စေပါတယ်။ အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင်ဒီကို အများဆုံးရနိုင်တဲ့နေရာတွေကတော့ နေရောင်ခြည်၊ အစားအသောက်နဲ့ ဖြည့်စွက်စာပါ။
ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ချို့တဲ့တဲ့အခါ ဝက်ခြံနဲ့ အသားအရေခြောက်သွေ့တာကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဗီတာမင်ဒီကို အများအပြား စားသုံးတာကလည်း မကောင်းပါဘူး။ လိမ္မော်ရည်၊ ဒိန်ချဉ်၊ အဆီများတဲ့ငါး၊ ဆာဒင်းငါး၊ ဆော်လမွန်ငါး၊ တူနာငါး၊ ငါးကြီးဆီ၊ အမဲအသည်း၊ ကြက်ဥအကာစတဲ့ အစားအစာတွေမှာ ဗီတာမင်ဒီပါဝင်ပါတယ်။
၃။ ဗီတာမင် E
ဗီတာမင် E က အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီးတော့ နေရောင်ခြည်နဲ့ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် အသားအရေမလှတာတွေ၊ အသားအရေရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
ကိုယ်ခံအားစနစ်၊ မျက်လုံးအမြင်အာရုံတို့အတွက်လည်း ဗီတာမင် E ကို မရှိမဖြစ် လိုအပ်ပါတယ်။ အစေ့အဆံ၊ ထောပတ်သီး၊ ဟင်းနုနွယ်ရွက်၊ စပျစ်ဆီ၊ ပဲပုပ်ဆီတို့မှာ ဗီတာမင် E တွေ အများအပြားပါရှိပါတယ်။
၄။ ဗီတာမင်ကေ
သွေးကြောပိတ်တာမဖြစ်ဖို့၊ အရိုးကျန်းမာဖို့အတွက် ဗီတာမင်ကေကို လိုအပ်ပါတယ်။ ဗီတာမင်ကေက နှလုံးကျန်းမာရေးအတွက်လည်း အကျိုးပြုတယ်လို့ လေ့လာမှုအချို့မှာ ဖော်ပြထားပါတယ်။
ဖျောက်ရခက်တဲ့ မျက်ကွင်းညိုတာတွေကိုလည်း ဗီတာမင်ကေက ပျောက်ကင်းစေပါတယ်။ ကိုက်လန်၊ ထောပတ်သီး၊ ကညွတ်၊ ပန်းငရုတ်၊ ပဲ၊ ကြက်ဥအကာ၊ ချိစ်၊ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်ကေကို တွေ့နိုင်ပါတယ်။
Zombie (lovemedia)
0 Comments