ခန္ဓာကိုယ်မှာ ဗီတာမင်ဒီချို့တဲ့နေကြောင်း ဖော်ပြတဲ့လက္ခဏာ (၆) ခု

ကမ္ဘာပေါ်ကလူပေါင်း တစ်ဘီလီယံခန့်ဟာ ဗီတာင်ဒီ ချို့တဲ့နေကြပါတယ်။ ဒီပမာဏက အလွန်ကို များပြားပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းက ကျန်းမာရေးပြဿနာများစွာကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် သင့်မှာ ဗီတာမင်ဒီ ချို့တဲ့နေကြောင်း ဒီအချက်တွေနဲ့ သိရှိနိုင်ပါတယ်။

၁။ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ဆံပင်ပါးခြင်း

ဗီတာမင်ဒီက အသားအရေ၊ လက်သည်း၊ ဆံပင်အတွက် များစွာအရေးပါပါတယ်။ ဗီတာမင်ဒီချို့တဲ့တဲ့အခါမှာ အမျိုးသားရော အမျိုးသမီးမှာပါ ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာကို ခံစားရပါတယ်။ အဲဒါကြောင့် နေ့စဉ်အစားအစာထဲမှာ ဗီတာမင်ဒီ ပါဝင်အောင် ထည့်သွင်းစားသုံးသင့်ပါတယ်။

၂။ အိပ်မပျော်ခြင်း

မကြာခဏအိပ်မပျော်တာကလည်း ဗီတာမင်ဒီချို့တဲ့တာနဲ့ ဆက်စပ်နေပါတယ်။ လေ့လာချက်တွေအရ ဗီတာမင်ဒီ နည်းပါးသူတွေမှာ ညပေါင်းများစွာ အိပ်မပျော်တာနဲ့ ခဏခဏ နိုးလာတာကို ခံစားရလေ့ရှိပါတယ်။ ခဏခဏ အိပ်မပျော်တဲ့ရက်တွေ များလာတဲ့အခါမှာ ဗီတာမင်ဒီကို ပြည့်ဝအောင် စားသုံးပါ။

၃။ မကြာခဏဖျားခြင်း

ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းအောင် ကာကွယ်ပေးထားတဲ့ ဒိုင်းက ဗီတာမင်ဒီပါ။ အဲဒါကြောင့် သင့်မှာ ဗီတာမင်ဒီ လျော့ပါးနေတယ်ဆိုရင် ကူးစက်ရောဂါပျိုးတွေက အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဗီတာမင်ဒီက အသက်ရှူစနစ်အတွက်လည်း အရေးပါတဲ့အရာပါ။

၄။ အရိုးအဆစ်တွေ အားနည်းလာခြင်း

ဗီတာမင်လုံလုံလောက်လောက် မရရှိသူတွေမှာ အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါ ရလေ့ရှိပါတယ်။ ဗီတာမင်ဒီက ကယ်လ်ဆီယမ်ကို စုပ်ယူမှုနဲ့အတူ အရိုးမပွအောင် ထိန်းသိမ်းပေးပါတယ်။ နှစ်ရှည်လရှည် ကြွက်သားနာကျင်တာ၊ အရိုးအဆစ် မကောင်းတာဟာ ဗီတာမင်ချို့တဲ့မှုနဲ့ ဆက်စပ်နေပါတယ်။

၅။ တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်း

စိတ်ဖိစီးမှုများတာ၊ စိတ်ပူပန်မှုများတာ၊ ဗီတာမင်ချို့တဲ့တာ စတဲ့အခြေအနေတွေကနေ အမြဲလိုလို ပင်ပန်းနွမ်းနယ်တာကို ဖြစ်ပေါ်စေပါတယ်။ အမြဲလိုလို ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းတွေကတော့ အရိုးနဲ့ ကြွက်သားတွေ အားနည်းလာလို့ပါ။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ ပြန်လည်အားပြည့်လာအောင် ဗီတာမင်ဒီအားဖြည့်အစားအစာတွေကို ထည့်သွင်းစားပေးပါ။

၆။ အနာကျက်ဖို့အချိန် ကြာခြင်း

ဆီးချိုရောဂါရှိသူတွေဟာ အနာတစ်ခုခု ဖြစ်တဲ့အခါ အနာကျက်ဖို့ အချိန်ကြာပါတယ်။ ဒါပေမယ့် သင့်မှာ ဆီးချိုရောဂါမရှိဘဲ အနာကျက်ဖို့အတွက် အချိန်တွေ ကြာနေရင်တော့ ဗီတာမင်ဒီချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ ဗီတာမင်ဒီက တစ်ရှူးအသစ်တွေ ဖြစ်ပေါ်လာဖို့ လုပ်ဆောင်ပေးပါတယ်။

ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ တိုးလာစေဖို့အတွက် နည်းလမ်းများ

- အဆီများတဲ့ငါး၊ ကြက်ဥအကာ၊ အဆီထုတ်ထားတဲ့နွားနို့၊ ဒိန်ချဉ်တို့ဟာ ဗီတာမင်ဒီကြွယ်ဝတဲ့ အစားအစာတွေပါ။

- ဗီတာမင်ဒီဖြည့်စွက်စာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးနိုင်ပါတယ်။

- မနက်ခင်းစောစော သဘာဝနေရောင်ခြည်မှာလည်း ဗီတာမင်ဒီတွေ ပါဝင်ပါတယ်။ ဒါပေမယ့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ နေရောင်ကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments