နှုတ်ခမ်းပုံစံပေါ်မူတည်ပြီး နှုတ်ခမ်းနီအရောင်ကို ရွေးချယ်နည်း (၇) ခု

နှုတ်ခမ်းက မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုပြီးပြည့်စုံစေတဲ့အရာပါ။ လူတစ်ယောက်နဲ့တစ်ယောက် နှုတ်ခမ်းပုံစံချင်းက ကွဲပြားပါတယ်။ ဒါပေမယ့် နှုတ်ခမ်းပုံစံ တစ်ခုချင်းစီတိုင်းမှာတော့ အလှတစ်မျိုးစီရှိပါတယ်။

အဲဒါကြောင့် နှုတ်ခမ်းပုံစံကို မူတည်ပြီး နှုတ်ခမ်းအလှကို ပေါ်လွင်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နှုတ်ခမ်းမှာ အရိုးတွေ၊ အမွေးအမျှင်တွေ၊ ချွေးဂလင်းတွေ မပါဝင်ပါဘူး။ နှုတ်ခမ်းမှာ ကြွက်သားအဓိက ပါဝင်ပါတယ်။ အပေါ်နှုတ်ခမ်းရဲ့အလယ်မှာ ကွေးညွတ်သွားတဲ့နေရာကို မြှားနတ်မောင်ရဲ့လေးတံ လို့လည်း ‌ခေါ်ကြပါတယ်။

၁။ အသည်းပုံစံနှုတ်ခမ်း

အောက်နှုတ်ခမ်းက ဖူးဖူးပြည့်ပြည့်လေးဖြစ်နေပြီး မြှားနတ်မောင်ရဲ့လေးတံနေရာက ထင်ရှားနေတဲ့အခါ အသည်းပုံစံနှုတ်ခမ်းပါ။ အသည်းပုံနှုတ်ခမ်းကို ပိုပေါ်လွင်စေဖို့အတွက် နှုတ်ခမ်းနီဆိုးတဲ့အခါ creamy nude colour က အကောင်းဆုံးပါပဲ။ အရောင်ရင့်တွေကလည်း အသည်းပုံစံနှုတ်ခမ်းအလှကို ပိုပေါ်လွင်စေပါတယ်။

၂။ အပေါ်နှုတ်ခမ်းထူသူ

အပေါ်နှုတ်ခမ်းထူသူတွေအတွက်တော့ နှုတ်ခမ်းဘေးအနားသားလေးတွေကို လိုင်းဖော်ပါ။ အဲဒီနောက်အပေါ်နှုတ်ခမ်းကို အရောင်ဖျော့တာ ဆိုးပြီး အောက်နှုတ်ခမ်းကိုတော့ အရောင်ရင့်တာလေးဆိုးပြီး အရောင်ရောလိုက်ပါ။ အဲဒီအခါ ပြီးပြည့်စုံတဲ့နှုတ်ခမ်းအလှက ပေါ်လွင်သွားမှာပါ။

၃။ အောက်နှုတ်ခမ်းထူသူ

အောက်နှုတ်ခမ်းထူသူတွေအတွက် အပေါ်နှုတ်ခမ်းကို ပြည့်တယ်လို့ထင်ရအောင် ဘေးလိုင်းလေးတွေ ဆွဲလိုက်ပါ။ အောက်နှုတ်ခမ်းထူသူတွေဟာ အရောင်ရင့်တဲ့ နှုတ်ခမ်းနီတွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

၄။ နှုတ်ခမ်းဖူးဖူး

အပေါ်နှုတ်ခမ်းရော အောက်နှုတ်ခမ်းပါ ထူထူလေးဖြစ်နေပြီး ဖူးဖူးပြည့်ပြည့်လေး ဖြစ်နေတာက အရမ်းကို ဆွဲဆောင်မှုရှိပါတယ်။ အင်ဂျလီနာဂျိုလီရဲ့နှုတ်ခမ်းလို့လည်း ခေါ်ကြပါတယ်။

နှုတ်ခမ်းဖူးဖူးလေးတွေကို ပိုင်ဆိုင်ထားသူတွေအတွက် nude colour နဲ့ အရောင်နုနုလေးတွေက ပိုပြီး လိုက်ဖက်ပါတယ်။ ဒါ့အပြင် အသားရေပေါ်မူတည်ပြီးတော့လည်း ရွေးချယ်လို့ရပါသေးတယ်။

၅။ နှုတ်ခမ်းထူသူနဲ့ နှုတ်ခမ်းပါးသူတွေအတွက်

နှုတ်ခမ်းထူသူတွေအတွက် နှုတ်ခမ်းဘေးလိုင်းလေးတွေကို lip pencil သို့မဟုတ် နှုတ်ခမ်းနီအရည်နဲ့ အရောင်ထပ်ထြည့်လို့ရပါတယ်။ အဲဒီနောက် အောက်နှုတ်ခမ်းကို အရောင်ရင့်တဲ့နှုတ်ခမ်းနီဆိုးပါ။

နှုတ်ခမ်းထူနေတာကို အရမ်းမသိသာချင်ရင် ပါးရိုးနေရာကို highlight တင်ပြီး မျက်လုံးကိုခြယ်တဲ့အခါ အရောင်တောက်ပတာကို ရွေးပါ။

၆။ နှုတ်ခမ်းဧရိယာကျယ်ဝန်းသူ

ရုပ်ရှင်မင်းသမီး ဂျူလီယာရောဘတ်လို ပြုံးလိုက်ရင် နှုတ်ခမ်းက ကျယ်ဝန်းသွားတာပါ။ နှုတ်ခမ်းအလှကို ပိုပေါ်လွင်ဖို့အတွက် အောက်နှုတ်ခမ်းမှာ ဘေးလိုင်းဆွဲပါ။

နှုတ်ခမ်းကျယ်တာကို သဘောမကျဘူးဆိုရင် ပါးမှာ highlight တင်ပေးပါ။ မျက်လုံးကိုလည်း မီးခိုးရောင်ခြယ်သပါ။ နှုတ်ခမ်းကိုလည်း အရမ်းကျယ်တာ မသိသာဖို့ အရောင်ဖျော့လေးတွေ ရွေးချယ်နိုင်ပါတယ်။

၇။ နှုတ်ခမ်းဝိုင်းသူ

နှုတ်ခမ်းရဲ့အမြင့်နဲ့ အကျယ်က အတူတူပဲဆိုရင် နှုတ်ခမ်းဝိုင်းသူပါ။ နှုတ်ခမ်းဝိုင်းသူတွေက နှုတ်ခမ်းနီအရောင်များစွာနဲ့ လိုက်ဖက်ပါတယ်။ အထူးသဖြင့်လိုက်ဖက်တာကတော့ နှုတ်ခမ်းနီအစိုပါပဲ။ အရောင်ရင့်တဲ့ နှုတ်ခမ်းနီတွေနဲ့တော့ မလိုက်ဖက်တာကြောင့် ရှောင်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments