လူကြိုက်များပေမယ့် ကျန်းမာရေးအတွက် မညီညွတ်တဲ့အစားအသောက်ပုံစံ (၈) ခု

အချို့သောစားသောက်ပုံ ပုံစံတွေကခန္ဓာကိုယ်အတွက် အကျိုးရှိတယ်ထင်ရပေမယ့် တကယ်‌တော့ အန္တရာယ်ပါ ဖြစ်စေပါတယ်။ အဲဒါကြောင့် လူအများစုလွဲမှားပြီး ပြုလုပ်မိတတ်ကြတဲ့ အစားအသောက်ပုံစံလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အအေးမိတဲ့အခါ ကြက်သွန်ဖြူကို နှာခေါင်းထဲ ထည့်ခြင်း

လူအများစုက အအေးမိတဲ့အခါ ကြက်သွန်ဖြူအမြွှာလေးတွေကို မိနစ်၂၀ ခန့် နှာခေါင်းထဲ ထည့်ထားတတ်ကြပါတယ်။ အဲဒီအခါ အချွဲတွေထွက်လာပြီး အအေးမိတာ ပျောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။

တကယ်တော့ ဒီနည်းက အအေးမိတာကို မပျောက်စေတဲ့အပြင် ဘာမှလည်းအကျိုးမရှိပါဘူး။ နှာခေါင်းထဲကနေ သွေးတွေတောင် ထွက်လာစေနိုင်ပါသေးတယ်။

၂။ ကလိုရိုဖီးလ်ရေကို သောက်ခြင်း

ကလိုရိုဖီးလ်ရေက အသာအးရေကို ကြည်လင်စေတယ်လို့ ယုံကြည်ကြပြီး အမျိုးသမီးအများစု သောက်ကြပါတယ်။ သဘာဝကလိုရိုဖီးလ်ကတော့တော့ အဆိပ်အတောက်မရှိပါဘူး။

ဒါပေမယ့် ကလိုရိုဖီးလ်ရေမှာ chlorophyllin ပါဝင်ပြီး အဲဒီchlorophyllin က ရေထဲမှာ မပျော်ဝင်နိုင်ပါဘူး။ သောက်လိုက်တဲ့အခါ လျှာအရောင်ပြောင်းတာ၊ ဝမ်းလျှောတာတွေဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေလည်း မသောက်သင့်ပါဘူး။

၃။ ကော်ဖီထဲကို သံပုရာရည်ညှစ်ထည့်ခြင်း

ကော်ဖီထဲကို သံပုရာရည်ညှစ်ထည့်ပြီးသောက်ရင် ကိုယ်အလေးချိန်ကျတယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သံပုရာသီးမှာ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့အစွမ်း မရှိပါဘူး။ သံပုရာသီးမှာ စစ်ထရစ်အက်စစ်များတာကြောင့် သွားအပေါ်ယံကြွေသားတွေကိုလည်း ထိခိုက်စေပါတယ်။

၄။ အားဖြည့်အချိုရည်တွေသောက်ခြင်း

ကြော်ငြာတွေထဲမှာတော့ အားဖြည့်အချိုရည်တွေသောက်ပြီးရင် အားပြည့်လန်းဆန်းပြီး အလုပ်တွေ ပိုလုပ်နိုင်တယ်လို့ ဖော်ပြကြပါတယ်။ ESFA ရဲ့ဖော်ပြချက်အရ တစ်ရက်ကို ကာဖိန်း ၄၀၀ မီလီဂရမ်သောက်ရင် အရွယ်ရောက်ပြီးသူတစ်ယောက်အတွက် လုံလောက်တယ်လို့ ဆိုပါတယ်။

၂၅၀ မီလီလီတာပါဝင်တဲ့ အားဖြည့်အချိုရည်ဟာ လိုအပ်တဲ့ကာဖိန်းဓာတ်ရဲ့ ၂ ဆခွဲဖြစ်နေတာကြောင့် အများကြီးမသောက်သင့်ပါဘူး။ အများကြီးသောက်မိရင် အိပ်မပျော်တာ၊ နှလုံးခုန်အရမ်းမြန်တာကို ဖြစ်စေနိုင်ပါတယ်။

၅။ အစားအသောက်ဗွီဒီယိုတွေကို ကြည့်ရတာ စွဲလမ်းခြင်း

အစားအသောက်တွေကို အားရပါးရစားပြတဲ့ဗွီဒီယိုတွေက လူကြိုက်များပါတယ်။ ကင်မရာနောက်ကွယ်မှာတော့ ဗွီဒီယိုထဲကအတိုင်း မဟုတ်ပါဘူး။ အစားအသောက်ဗွီဒီယိုတွေကို စွဲလမ်းသွားတဲ့အအအခါ စားသောက်မှုပုံစံကစဉ့်ကလျားဖြစ်တဲ့ အမူအကျင့်တွေကို ရရှိသွားစေပါတယ်။

၆။ အစားအသောက်တွေကို စုပြီးစားခြင်း

စားပွဲဝိုင်းကြီးတစ်ခုထဲမှာ အစားအသောက်တွေကို စုပြုံတင်ထားပြီး တစ်ယောက်တစ်လက် ယူစားကြတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့တော့ မညီညွတ်ပါဘူး။ မစားခင်လက်တွေကို သေချာဆေးထားလား၊ မဆေးထားဘူးလားဆိုတာ မသေချာတဲ့အတွက် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၇။ အသားတွေကို ကျက်အောင်မချက်ခြင်း

အသားတွေကို ကင်ပြီးစားရတာ ပျော်စရာကောင်းတဲ့အပြင် အရသာလည်း ရှိပါတယ်။ ဒါပေမယ့် အသားတွေကို ကင်စားတဲ့အခါ မကျက်တကျက်ဖြစ်နေရင် ကျန်းမာရေးကို အလွန်ထိခိုက်စေမှာပါ။

၈။ ချိစ်ဆန်းဝှ်ချ်ကို ပေါင်မုန့်မီးကင်စက်ထဲမှာ ထည့်ကင်ခြင်း

ပေါင်မုန့်ထဲကို ချိစ်ထည့်ပြီး ပေါင်မုန့်မီးကင်စက်ထဲ ထည့်စားတာက မြန်ဆန်ပါတယ်။ ဒါပေမယ့် ပေါင်မုန့်မီးကင်စက်က ပေါင်မုန့်ကို ကင်ဖို့အတွက်ပဲ ထုတ်လုပ်ထားတာဖြစ်တာကြောင့် စက်အတွက် အန္တရာယ်ရှိစေပါတယ်။ ဒါ့အပြင် ပေါင်မုန့်က ထင်သလိုလည်း အရသာကောင်းမှာမဟုတ်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments