ကလေးတွေကို စနောက်ချင်တဲ့အခါ၊ ရယ်စေချင်တဲ့အခါမှာ လူကြီးတွေက ကလိထိုးတတ်ကြပါတယ်။ ဒါပေမယ့် ကလေးတွေကို ကလိမထိုးသင့်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။
ကြောက်စိတ်ဝင်စေခြင်း
အချို့ကလေးတွေကို ကလိထိုးပြီး စနောက်တဲ့အချိန်မှာ သူတို့ရဲ့နှလုံးခုန်နှုန်းတွေက မြန်လာပါတယ်။ အဲဒီကနေ ကြောက်စိတ်တွေဝင်လာပါတယ်။ နောက်ပိုင်းမှာတော့ ကလိထိုးတော့မယ်ဆိုရင် မပျော်တော့ဘဲ ကြောက်နေမှာပါ။
ခဏတာအကြောဆိုင်းစေခြင်း
ကလိထိုးတာက ကလေးကို ပျော်အောင် စနောက်တာဖြစ်ပေမယ့် အန္တရာယ်ရှိပါတယ်။ မကြာခဏကလိထိုးပြီး စနောက်တဲ့အခါမှာတော့ ခဏတာအကြောသေသလို ဖြစ်သွားစေမှာပါ။
အလိုအလျောက်တုံ့ပြန်ခြင်း
ကလေးတွေကို ကလိထိုးတဲ့အခါမှာတော့ ပျော်လို့ရယ်လို့ လူအများက မှတ်ယူကြပါတယ်။ တကယ်တော့ အဲဒါဟာ ပျော်လို့ရယ်တာ မဟုတ်ဘဲ အလိုအလျောက်တုံ့ပြန်ခြင်းသက်သက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အရမ်းငယ်သေးတဲ့ ကလေးတွေကို ကလိမထိုးသင့်ပါဘူး။
နာကျင်စေခြင်း
ကလေးတွေကို ကလိထိုးတဲ့အခါမှာ အချို့ကလေးက အော်သလို အချို့ကလေးက ရယ်ပါတယ်။ ကလိထိုးတဲ့အခါမှာ ကလေးတွေအတွက် မျက်နှာအကြောတွေ နာကျင်သလို နေရထိုင်ရလည်း ခက်စေပါတယ်။
ယောင်မှားတတ်တဲ့အကျင့်ကို ရရှိစေခြင်း
အချို့တွေက ကလိထိုးတဲ့အခါမှာ ယောင်မှားပြီး ပြောမိပြောရာလုပ်မိလုပ်ရာတွေ ဖြစ်သွားတတ်ကြပါတယ်။ အဲဒီအကျင့်က ဖျောက်ရခက်တာကြောင့် ငယ်ငယ်ကတည်းက ကလိထိုးပြီး စနောက်တတ်တဲ့အကျင့်ကို မလုပ်သင့်ပါဘူး။
ကလေးကို ပျော်စေဖို့အတွက် အခြားနည်းလမ်းများ
ကလေးကို ပျော်ရွှင်စေချင်ရင်၊ ရယ်မောစေချင်ရင် အခြားသောနည်းလမ်းများစွာ ရှိပါတယ်။ တူတူရေဝါးကစားနည်း၊ သီချင်းဆိုနည်း၊ ကြောင်သံနဲ့ စကားပြောတဲ့နည်း စတဲ့နည်းလမ်းတွေက ကလေးကိုပျော်ရွှင်စေမှာပါ။
Zombie (lovemedia)
0 Comments