သွယ်လျတဲ့မျက်နှာလေးရဖို့အတွက် ရှောင်ကြဉ်သင့်တဲ့အစားအစာများ

ပါးဖောင်းဖောင်းလေးတွေက ချစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် မျက်နှာက အရမ်းကို ဖောင်းကားနေတဲ့အခါမှာတော့ သင်ကိုယ်တိုင်တောင် သဘောမကျ ဖြစ်လာမှာပါ။ အဲဒါကြောင့် မျက်နှာသွယ်သွယ်လေးရဖို့အတွက် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဆားများတဲ့ အစားအစာတွေကို ရှောင်ပါ။

ဆားများတဲ့ အစားအစာတွေကို စားတဲ့အခါမှာတော့ မျက်နှာက ဖောင်းနေမှာပါ။ ဆားအပြင် ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကိုလည်း ရှောင်ပြီးစားသင့်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း မျက်နှာကို ဖောရောင်သလို ဖြစ်စေပါတယ်။

၂။ ကာဗိုဟိုက်ဒရိတ်တွေကို ဖြတ်တောက်ပါ။

ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေက မျက်နှာကို ပြဲကားစေတဲ့အပြင် ကိုယ်အလေးချိန်လည်း တက်စေပါတယ်။ အဲဒါကြောင့် ကစီဓာတ်များတဲ့ ဆန်၊ ကောက်ညှင်း၊ ဂျုံ၊ အာလူး စတဲ့အစားအစာတွေကို ခဏတာ ဖြတ်တောက်လိုက်ပါ။ အဲဒီအခါ မျက်နှာက သွယ်သွယ်လျလျလေး ဖြစ်လာမှာပါ။

၃။ ရေဓာတ်ပြည့်ဝအောင်နေပါ။

ရေဓာတ်ပြည့်ဝတဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပြီး ဖြစ်စေမှာပါ။ အစားစားပြီးချိန်မှာ ရေတစ်ခွက်သောက်ရင် ခန္ဓာကိုယ်ထဲက ဆိုဒီယမ်တွေကို ဖယ်ရှားပေးပါတဘ်။ အစားမစားခင်မှာ ရေတစ်ခွက်သောက်ရင်တော့ အစားကို နည်းနည်းပဲ စားဖြစ်စေပါတယ်။

၄။ ရေခဲမုန့်အစား ဒိန်ချဉ်သောက်ပါ။

နွားနို့၊ ချိစ်တွေက မျက်နှာကို ဖောင်းကားစေပေမယ့် ဒိန်ချဉ်ကတော့ မျက်နှာကို လှပစေပါတယ်။ သကြားမပါတဲ့ဒိန်ချဉ်က ခန္ဓာကိုယ်ကို အများကြီးအကျိုးပြုပါတယ်။

၅။ မျက်နှာကို ရေအေးနဲ့ သစ်ပါ။

မနက်အိပ်ရာထတဲ့အခါ မျက်နှာက ဖောရောင်ပြီး ဖောင်းကားနေတဲ့အခါ ရေအေးနဲ့ မျက်နှာသစ်ပါ။ ရေအေးက မျက်ခွံအိတ်ဖောင်းနေတာကိုလည်း သက်သာစေပါတယ်။

မျက်နှာသစ်ပြီးတဲ့အခါ ရေစိုဝတ်ကို မျက်လုံးပေါ်မှာ မိနစ်အနည်းငယ် တင်ထားပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments