အမျိုးသားတွေအတွက် အနောက်တိုင်းဝတ်စုံတစ်စုံကို စမတ်ကျကျ ဝတ်ဆင်နည်းများ

အနောက်တိုင်းဝတ်စုံတွေက အခုချိန်မှာ အရမ်းကို ခေတ်စားလာပြီး ဝတ်လိုက်တဲ့လူကိုလည်း ခန့်ငြားသွားစေပါတယ်။ ဝတ်စုံနဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ အများကြီးရှိပေမယ့် ပေါ့ပေါ့ပါးပါးပုံစံမျိုးကို သဘောကျတဲ့ အမျိုးသားတွေအတွက် ဘယ်လိုဝတ်ရမလဲဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ Jacket

- အင်္ကျီအရှည်

ဂျာကင်အင်္ကျီရဲ့အရှည်ကို မှန်မှန်ကန်ကန် ရွေးချယ်သင့်ပါတယ်။ တင်ပါးနှင့် ဘောင်းဘီဇစ်ကို ဖုံးအုပ်ထားသင့်ပြီး အဲဒီထက် ပိုမရှည်ရပါဘူး။ ကြယ်သီးနှစ်လုံးပါတဲ့ ဂျာကင်အင်္ကျီကို ဝတ်ထားရင် ပထမဆုံးကြယ်သီးက ချက်အထက်မှာ ရှိသင့်ပါတယ်။ ကြယ်သီးသုံးလုံးပါတဲ့ ဂျာကင်အင်္ကျီကိုဝတ်ရင် အလယ်ကြယ်သီးကိုလည်း အတူတူပါပဲ။

- Lapels

ပါးလွှာတဲ့ Lapels တွေက ယနေ့ခေတ်မှာ ခေတ်စားနေပေမယ့်လည်း ခေတ်ဟောင်းပုံစံ Lapels တွေကလည်း လှပနေတုန်းပါပဲ။

- Vents

လေဝင်လေထွက်ပေါက်တွေကတော့ အနောက်မှာပါတာနဲ့အတူတူပါပဲ။ နှစ်ထပ်ပေါက်တွေကို ခေတ်မီတယ်လို့ ယူဆကြပါတယ်။

- အရောင်

ဝတ်စုံရဲ့အရောင်ကတော့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မီးခိုးရောင် ဒါမှမဟုတ် မီးသွေးရောင်ဝတ်စုံက ပွဲတွေမှာ ဝတ်ဖို့မသင့်တာကြောင့် အနက်ရောင်ထက် ပိုကောင်းတဲ့ အရောင်ကို ရွေးချယ်နိုင်ပါတယ်။

- အိတ်

အိတ်တွေက ပစ္စည်းထည့်ရင် ကြည့်လို့မကောင်းတော့ပါဘူး။ ဘာမှမထည့်ပဲ ဝတ်တာက ပိုကြည့်ကောင်းပါတယ်။

- ကြယ်သီးတပ်ထားတဲ့ ဂျာကင်အင်္ကျီနဲ့ သင့်လျော်မှုရှိမရှိ စစ်ဆေးသင့်ပါတယ်။ သင့်ရင်ဘတ်နှင့် ဂျာကင်ကြား လက်မြှောက်လိုက်တဲ့အခါ မကျပ်နေဖို့ လိုပါတယ်။

- သင့်ဂျာကင်အင်္ကျီက သင်နဲ့အဆင်မပြေဘူးလို့ ထင်စေတဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ သင့်အင်္ကျီကော်လာနဲ့ သင့်ဂျာကင်အင်္ကျီရဲ့ရင်ဘတ်ကြားမှာ ကွာနေတာကို သင်တွေ့လိုက်တဲ့အခါ ဖြစ်ပါတယ်။

- ဝတ်စုံအသစ်ကို မဝတ်ခင် အပေါက်ဖောက်ဖို့နှင့် ဘယ်ဘက်မှာရှိတဲ့ တံဆိပ်ကို ဖယ်ဖို့ မမေ့ပါနဲ့။

- သင့်ရဲ့ဝတ်စုံကို မပျက်စီးစေချင်ရင် အိတ်ကပ်တွေကို ဘယ်တော့မှ မသုံးပါနဲ့။ အင်္ကျီအိတ်ကပ်တွေကို ချုပ်ရိုးမဖြုတ်ပါနဲ့။

- သင့်အင်္ကျီကို ကြယ်သီးမဖြုတ်ဘဲ မထိုင်ပါနဲ့။

ဝတ်စုံတွေမှာ ကြယ်သီးအမျိုးမျိုး ရှိနိုင်ပါတယ်။

၁ ကြယ်သီးတစ်လုံး ဝတ်စုံ

မတ်ရပ်နေတဲ့အချိန်မှာ ကြယ်သီးကို တပ်ထားသင့်ပြီးတော့ ထိုင်ရင် ကြယ်သီးကို ဖြုတ်ရပါမယ်။

၂ ကြယ်သီးနှစ်လုံး ဝတ်စုံ

တ်တပ်ရပ်နေတဲ့အချိန်မှာ အပေါ်ဘက်ကြယ်သီးကို တပ်ထားသင့်ပြီး အောက်ကြယ်သီးကို ဖြုတ်ထားသင့်ပါတယ်။ ထိုင်ရင်တော့ ကြယ်သီးအားလုံးကို ပြန်ဖြုတ်ပါ။

၃ ကြယ်သီးသုံးလုံး ဝတ်စုံ

ရပ်နေချိန်မှာ အပေါ်နှင့် အလယ်ကြယ်သီးကို တပ်ထားပြီး အောက်ကြယ်သီးကို ဖြုတ်ထားပါ။ ဒါမှမဟုတ် အလယ်ကြယ်သီးပဲ တပ်ထားပါ။

၂။ ရှပ်အင်္ကျီ

- ပုံစံ

သင့်အင်္ကျီနှင့် လည်စည်းပုံစံတွေကို ဂရုစိုက်သင့်ပါတယ်။ အရွယ်အစားတူ မဖြစ်သင့်ပါဘူး။

- ကော်လာ

သပ်သပ်ရပ်ရပ် အသွင်အပြင်ကို ရွေးမယ်ဆိုရင် အင်္ကျီကော်လာက ပိုသေးသင့်ပါတယ်။

- အင်္ကျီလက်

အင်္ကျီတွေက ဂျာကင်ထက် လက်မဝက်လောက် ပိုရှည်နေရပါမယ်။

- Vest

အင်္ကျီကို ကြယ်သီး အကုန်လုံး ဝတ်ထားသင့်ပါတယ်။

ပြီးတော့ ဆက်စပ်ပစ္စည်းတွေကိုလည်း လျစ်လျူမရှုသင့်ပါဘူး။

- လက်ကြယ်သီးတံဆိပ်

ရှပ်အင်္ကျီကို မဝတ်ခင် သူတို့ကိုအရင်တပ်ပါ။ ကြယ်သီးတွေရဲ့ ဒီဇိုင်းနှင့် ပတ်သက်ရင် ဝတ်စုံတွေနှင့် လိုက်ဖက်နိုင်စေဖို့ အကောင်းဆုံး အကြံပြုချက်ကတော့ ကြားနေတစ်ခုကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ကြယ်သီးပေါ်လာတဲ့အခါတိုင်း သင့်ဝတ်စုံရဲ့အရောင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေမယ့် အရောင်တစ်ရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ခါးပတ်နှင့် နာရီ၊ ပစ္စည်းနှင့် အရောင်အလိုက် လက်ကြယ်သီးတွေကို ရွေးချယ်ပါ။

- နာရီ

သင့်လက်ပတ်နာရီရဲ့ ဒီဇိုင်းကို ရိုးရိုးရှင်းရှင်း ဝတ်ထားသင့်ပါတယ်။ သင့်ရဲ့ရုပ်သွင်ကို သန့်စင်နေစေဖို့ အနက်ရောင် ရိုးရိုးသားရေကြိုးကို ဝတ်ဆင်လိုက်ပါ။ Chronograph နှင့် စမတ်နာရီတွေက ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့ ထုတ်ထားတာကြောင့် တွဲမဝတ်သင့်ပါဘူး။

၃။ ဘောင်းဘီရှည်

- ဘောင်းဘီရှည်ကို ဂျင်းဘောင်းဘီလို နိမ့်နိမ့်မဝတ်သင့်ပါဘူး။ တင်ပါးဆုံရိုးရဲ့ အပေါ်မှာထားပြီး ဝတ်သင့်ပါတယ်။ ပိုမြင့်တဲ့ရုပ်ရည်ကိုရဖို့ ဘောင်းဘီကို ပိုမြင့်အောင်ဝတ်ဆင်ပါ။

- ထိုင်တဲ့ထတဲ့အခါမှာ အရမ်းကျပ်မနေဖို့လည်း လိုပါတယ်။

- တင်ပါးနေရာမှာ တင်းကျပ်လွန်းတာကြောင့် အလျားလိုက် အတွန့်တွေ မရှိသင့်ပါဘူး။

- အဝတ်တွေပွနေတာက သင့်ဝတ်စုံကို ထိခိုက်စေနိုင်ပါတယ်။ ဘေးနှစ်ဖက်မှာရှိတဲ့ အိတ်တွေဖောင်းမနေသင့်ပါဘူး။

- ခြေထောက်တွေ တင်းကြပ်နေတာမျိုး မဖြစ်စေဖို့ သင့်ပေါင်တစ်ဖက်စီမှာ ၂.၅ စင်တီမီတာခန့် ပိုချုပ်ထားသင့်ပါတယ်။

- ဒူးအောက်နေရာမှာ တအားမကျပ်ပါစေနဲ့။

- ထိုင်တဲ့အခါ ခြေထောက်ကို မမြင်ရအောင် အတိုအရှည်ကို ဂရုစိုက်ပါ။

- ဘောင်းဘီအောက်ခြေက သင့်ဖိနပ်ရဲ့ထိပ်ဘက်နဲ့ ထိမထိစစ်ဆေးပါ။

- ခါးပတ်

ခါးပတ်က အနည်းနှင့်အများ သေးသင့်ပြီး သင့်ဖိနပ်အရောင်နှင့် လိုက်ဖက်တာကို ရွေးပါ။

၄။ လည်စည်း

လည်စည်းက အင်္ကျီထက် ပိုရှည်သင့်ပါတယ်။ အလွန်ရှည်လျားတဲ့ပုံစံနဲ့လည်း မချည်သင့်ပါဘူး။ သင့်ခါးပတ်ထိပ် ဒါမှမဟုတ် သင့်ဘောင်းဘီရဲ့ခါးပတ်အထိသာ ရှိသင့်ပါတယ်။ လည်စည်းရဲ့အကျယ်က ဂျာကင်အင်္ကျီရဲ့အကျယ်နှင့် ညီသင့်ပါတယ်။

ကြိုးထိန်း

သာမာန်အသုံးအဆောင်ပစ္စည်းဖြစ်ပေမယ့်လည်း ကြည့်ကောင်းချင်ရင်တော့ သင့်လည်စည်းကြိုးထက် မကျယ်သင့်ပါဘူး။

၅။ ဖိနပ်

- အနက်ရောင်ဝတ်စုံဝတ်ရင် အနက်ရောင်ဖိနပ်ကို ရွေးချယ်ပါ။ တခြားအရောင်ရှိတဲ့ ဖိနပ်တွေက သင့်ကို ပိုပေါ့ပေါ့ပါးပါးဖြစ်အောင်သာ ပြုလုပ်ပေးနိုင်ပါတယ်။

- အပြာရောင်ဝတ်စုံက စတိုင်လ်ကျပြီး ဘယ်တော့မှ ရိုးမသွားပါဘူး။ အမြဲတမ်း အညိုရောင်ဖိနပ် ဒါမှမဟုတ် အနက်ရောင်နဲ့ burgundy နဲ့တောင် အဆင်ပြေပါတယ်။

- မီးခိုးရောင်ဝတ်စုံအတွက် အကောင်းဆုံးဖိနပ်အရောင်ကတော့ အနက်ရောင်ဖြစ်ပြီး အဖြူရောင်ရှပ်အင်္ကျီ၊ အညိုရောင်တို့နဲ့ လိုက်ပါတယ်။

- မီးသွေးမီးခိုးရောင်ဝတ်စုံက ရိုးရိုးအနက်ရောင်ဖိနပ် ဒါမှမဟုတ် ဆန်းပြားတဲ့ burgundyလိုမျိုး လိုအပ်ပါတယ်။ အညိုရောင် သားရေဖိနပ်ကို ရှောင်ပါ။

- မီးခိုးရောင်ဖျော့ဖျော့ဝတ်စုံတွေကတော့ အသားရောင်သားရေဖိနပ်နဲ့ လိုက်ပါတယ်။

- ရှန်ပိန်ရောင်ဝတ်စုံကတော့ နွေရာသီပွဲတွေအတွက် ပြီးပြည့်စုံပြီး အသားရောင်၊ အဖြူရောင် ဒါမှမဟုတ် အညိုဖျော့ရောင် ဖိနပ်လိုမျိုး ပေါ့ပါးတဲ့ ရှူးဖိနပ်တွေနဲ့ ဝတ်သင့်ပါတယ်။

- အသားရောင်ဝတ်စုံတွေကတော့ စွယ်စုံရတာကြောင့် ကြိုက်တဲ့ဖိနပ်အရောင်နဲ့ စီးလို့အဆင်ပြေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments