ကျောင်းတက်တဲ့ကာလ ၁၂ နှစ်လုံး တစ်ရက်မှ မပျက်ဘဲ ကျောင်းတက်ခဲ့တဲ့ကျောင်းသား

သူငယ်တန်းကနေ အထက်တန်းပြီးတဲ့အထိ တစ်ရက်မှ ကျောင်းမပျက်သူဆိုတာ လက်ချိုးရေတွက်လောက်အောင် ရှားပါးနိုင်ပါတယ်။

ဒါပေမယ့် အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က ကျောင်းသားတစ်ယောက်ကတော့ သူငယ်တန်းကနေ အထက်တန်းပြီးတဲ့အထိ တစ်ရက်မှ ကျောင်းမပျက်ခဲ့ပါဘူး။

သူ့နာမည်ကတော့ Blake Wolfe ဖြစ်ပြီး Westlake အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ကျောင်းတက်ခဲ့တာဖြစ်ပြီး ကျောင်းတက်ရက်ပေါင်းက ၂၁၈၄ ရက် ရှိပါတယ်။

Blake Wolfe က နှင်းတွေ အပြင်းအထန်ကျလို့ ကျောင်းပိတ်ပေးတဲ့ရက်တွေပဲ ကျောင်းမတက်တာပါ။ ကျန်တဲ့ရက်တွေ ဖျားတာနဲ့ ထိခိုက်ဒဏ်ရာတွေရတာတောင် ကျောင်းတက်ခဲ့ပါတယ်။

Blake Wolfe လည်း တစ်ရက်တစ်လေကျောင်းမသွားဘဲ အိမ်မှာနေချင်တဲ့ ရက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေက ကျောင်းသွားအောင် ဖြောင်းဖျပေးပြီး ကျောင်းကို လိုက်ပို့ပေးပါတယ်။


Blake Wolfe က အရမ်းလိမ္မာတဲ့ကလေးဖြစ်ကြောင်း၊ ကျောင်းတက်ခြင်းက အရေးကြီးတာကို သူ နားလည်ကြောင်း Blake Wolfe ရဲ့အမေက ပြောပါတယ်။

ဒါပေမယ့် ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ အချိန်မှာတော့ ကျောင်းတွေပိတ်ထားတာကြောင့် သူ့အတွက် ခက်ခဲခဲ့ပါတယ်။ အဆက်မပြတ်လေ့လာချင်တဲ့ Blake Wolfe ကတော့ online ကနေ ကျောင်းတက်ခဲ့ပါတယ်။

အခုတော့ Blake Wolfe ဟာ အိုဟိုင်းယိုးပြည်နယ်က Bluffton တက္ကသိုလ်မှာ ပညာသင်ဆုရရှိပြီး တက္ကသိုလ်တက်ရောက်နေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments