Straweberry skin ဖြစ်လာတဲ့အခါ အသားအရေညီညာအောင် ပြုလုပ်နည်း (၇) ခု

Strawberry skin ဆိုတာ အစက်အပြောက်လေးတွေက အရေပြားမှာ ပိတ်မိနေတဲ့ အဆီ၊ ဘက်တီးရီးယားနှင့် ဆဲလ်သေတွေ ပေါင်းစပ်ပြီးဖြစ်လာတာပါ။

စတော်ဘယ်ရီပေါ်မှာရှိတဲ့ အစေ့သေးသေးလေးတွေနဲ့တောင် တူနေပါတယ်။ တကယ်လို့ သင့်မှာဒီလိုအစက်အပြောက်လေးတွေ ရှိတယ်ဆိုရင် ဖယ်ရှားဖို့အတွက် အိမ်တွင်းကုထုံးတချို့ ရှိပါတယ်။

၁။ အသားအရေကို နေ့တိုင်း အစိုဓာတ်ဖြည့်ပေးပါ။

အသားအရေကို ရေဓာတ်ဖြည့်ဖို့အတွက် အစိုဓာတ်ထိန်းခရင်မ်ကို သုံးပါ။ အဲဒီအစက်လေးတွေက အစိုဓာတ်မရှိတာကြောင့် ထွက်တတ်ပါတယ်။ ပြီးတော့ ဒီနည်းဟာလွယ်ကူတဲ့ အိမ်တွင်းကုသမှုတစ်ခု ဖြစ်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်က သင့်အသားအရေရဲ့ အသွင်အပြင်ကို ပိုကောင်းအောင် ကူညီပေးနိုင်ပြီး တင်းတိပ်လေးတွေ ထပ်မထွက်လာအောင် တားဆီးပေးနိုင်ပါတယ်။ တာရှည်ခံဆေးမပါတဲ့ ခရင်မ်ကို သုံးပါ။

၂။ အမွှေးရိတ်ရင် အပေါ်ဘက်ကို ဆွဲရိတ်ပါ။

မုတ်ဆိတ်ရိတ်ခြင်းက သင့်အသားအရေကို ယားယံခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ခြေသလုံးမွှေးရိတ်ရင်လည်း အပေါ်ဘက်ကို ဆွဲရိတ်ပါ။ ရိတ်ရင် ညင်သာစွာ ရိတ်ပါ။ မကြာခဏ အမွှေးရိတ်ပေးတာက အစက်အပြောက်ထတာတွေကနေ ဝေးစေပါတယ်။

၃။ ရေခဲ အုပ်ပေးပါ။

မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ သင်မုတ်ဆိတ်ရိတ်တဲ့နေရာကို ရေအေးနဲ့ အအေးခံပြီး မိနစ်အနည်းငယ်ကြာအောင် ထားပေးတာကောင်းပါတယ်။ နီရဲခြင်းနဲ့ သင်တုန်းဓားကြောင့် ခံစားရတဲ့ ဝေဒနာမှန်သမျှကို ပျောက်ကင်းစေနိုင်ပါတယ်။ အဝတ်နဲ့ထုပ်ထားတဲ့ ရေခဲကိုလည်း သုံးနိုင်ပါတယ်။

၄။ သင်သုံးနေကျ ခရင်မ်တွေကို alpha hydroxy acids နဲ့ရောမွှေပါ။

အစက်အပြောက်တွေကို ဖယ်ရှားဖို့ ဒီနည်းကိုသုံးသင့်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်စေပြီး အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ဖြည့်ပေးဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သင့်ခြေထောက်ပေါ်က အရေပြားကို မပွတ်မိဖို့ ကြိုးစားပါ။

ဒီအက်ဆစ်က အရေပြားရဲ့ အပေါ်ဆုံးအလွှာကို ပျော့သွားစေပါတယ်။ ကျန်ရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နောက်ဆုံးမှ လိမ်းသင့်ပါတယ်။

၅။ သင့်အရေပြားကို ခြောက်သွေ့အောင် ပွတ်ပေးပါ၊

Dry brushing က သင့်အသားအရေခြောက်သွေ့မှုအတွက် ကောင်းမွန်တဲ့ exfoliation နည်းလမ်းပါပဲ။ သင့်ချွေးပေါက်တွေကို ပွင့်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အသားအရေကို ချောမွေ့နူးညံ့စေပြီး တောက်ပစေပါတယ်။ ရေနွေးပူပူကြောင့် အစက်အပြောက်တွေက ယားယံနိုင်ပါတယ်။

ဒါကြောင့် အေးမြတဲ့ရေနဲ့ချိုးဖို့ အကြံပြုလိုပါတယ်။ ဒါပေမယ့် ရေပူကောင်းကောင်းနဲ့ ရေချိုးရတာကို နှစ်သက်တယ်ဆိုရင်တော့ ရေချိုးပြီးရင် ခြောက်အောင် ပွတ်တိုက်ပေးဖို့ အကြံပြုချင်ပါတယ်။

၆။ Baking soda mix

မုန့်ဖုတ်ဆိုဒါက မီးဖိုချောင်သုံးမှာ အသုံးဝင်ရုံသာမကပဲ သင့်အသားအရေကို သန့်စင်ပေးတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်နေတဲ့အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်စင်ပေးပါတယ်။

oatmeal ခွက်တစ်ဝက်၊ မုန့်ဖုတ်ဆိုဒါ ၃ ဇွန်း၊ ပျားရည် ၂ ဇွန်းနဲ့ ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေလိုက်ပါ။ ပြီးရင် ခြေထောက်ပေါ် လိမ်းပါ။ ၁၅ မိနစ်လောက် ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

၇။ ရိတ်တာထက် wax လုပ်တာက ပိုကောင်းပါတယ်။

ရိတ်ခြင်းက အမွှေးတွေကို ခဏတာတော့ ပြောင်စေပေမယ့် အရေပြားကို ပိတ်ဆို့ပြီး ပိုးဝင်သွားနိုင်ပါတယ်။ အမှန်တကယ်ကတော့ waxလုပ်တာက ပိုကောင်းပါတယ်။ သင့်အသားအရေကို ပိုပြီးနူးညံ့စေပါတယ်။ မကြာခဏပြုလုပ်ဖို့ မလိုအပ်တာကြောင့် အရေပြား ယားယံတာတွေ၊ ရောင်ရမ်းတာတို့ကို သက်သာစေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments