ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ဒီနည်းလမ်း (၃) ခုကို အသုံးပြုပါ

ဆံပင်အဖျားတွေ နှစ်ခွဖြစ်တာက မိန်းကလေးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေထဲက တစ်ခုပါပဲ။

ဆံပင်ကို ခဏခဏလေမှုတ်ပြီး အခြောက်ခံတာ၊ အရောင်ဆိုးတာ၊ ကောက်လိုက်ဖြောင့်လိုက်လုပ်တာ၊ နေရောင်ခြည်နဲ့ထိတွေ့မှုများတာ၊ အာဟာရမမျှတတာ၊ ခေါင်းလျှော်ရည် အသုံးပြုပုံမှားတာ စတဲ့အချက်တွေက ဆံပင်အဖျားတွေကို နှစ်ခွဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။

အဲဒါကြောင့် ဆံပင်အဖျားတွေ နှစ်ခွဖြစ်တာကို ရှင်းလင်းနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Hair mask သို့မဟုတ် conditioner ကို အသုံးပြုပါ။

Hair mask နဲ့ conditioner က ဆံပင်အဖျားနှစ်ခွ ဖြစ်တာတွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ Conditioner ကို အသုံးပြုတဲ့အခါ ဆံပင်အရင်းပိုင်းကိုတော့ မရောက်သင့်ပါဘူး။ Hair mask က ဆံပင်ကို ရေဓာတ်ဖြည့်ပေးပါတယ်။ Hair mask ကို တစ်ပတ်တစ်ခါခန့် အသုံးပြုရုံနဲ့ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။

၂။ ရေဓာတ်ဖြည့်ပေးတဲ့အဆီများ

သဘာဝအဆီတွေက ဆံပင်အဖျားနှစ်ခွဖြစ်တာကို ကုစားပေးနိုင်ပါတယ်။ Argan oil နဲ့ almond oil ကတော့ အကောင်းဆုံးပါပဲ။ ဆီအနည်းငယ်ကို ယူပြီး ဆံပင်မှာ လိမ်းပေးရုံပါပဲ။

၃။ သဘာဝ hair mask

အိမ်မှာတင်လည်း သဘာဝ hair mask တွေကို ပြုလုပ်လို့ရပါတယ်။

- ထောပတ်သီးတစ်လုံး၊ ကြက်ဥတစ်လုံး၊ သံလွင်ဆီအနည်းငယ်ကို ရောမွှေပြီး ဆံပင်မှာ အနှံ့လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါ ရေနွေးနဲ့ ရေဆေးချပေးပါ။

- ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရောမွှေပြီး ဆံပင်မှာ မိနစ် ၃၀ ခန့် ပေါင်းထားပါ။ အဲဒီနောက် ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်လို့ရပါပြီ။

- ကြက်ဥအနှစ်ထဲကို သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ စိုနေတဲ့ဆံပင်မှာ လိမ်းပေးပြီး မိနစ် ၃၀ ခန့် ပေါင်းထားပေးပါ။ မိနစ် ၃၀ ကြာပြီးနောက်မှာတော့ ခေါင်းလျှော်ချလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments