အသားအရေစိုပြေလှပဖို့က အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါပဲ။ အဲဒါကြောင့် အရေပြားဆရာဝန်တွေ အကြံပေးလေ့ရှိတဲ့ အဓိကအချက်တွေကို သိထားရင် သင့်ရဲ့အသားအရေက အမြဲကိုလှပနေမှာပါ။
၁။ မျက်နှာကို သေသေချာချာ သန့်ရှင်းရေးလုပ်ပါ။
မျက်နှာကို သေသေချာချာသန့်ရှင်းရေးလုပ်ရာမှာ ceramides ပါဝင်တဲ့ cleaning product တွေကို အသုံးပြုပါ။ ceramides ပါဝင်တဲ့ cleaning product တွေဟာ အရေပြားဆဲလ်တွေကို ရေဓာတ်ဖြည့်ပေးပါတယ်။ ဆောင်းရာသီမှာတော့ Spirits နဲ့ acids ပါဝင်တဲ့ cleaning product တွေကိုတော့ ရှောင်သင့်ပါတယ်။
၂။ အသုံးပြုသင့်တဲ့ Sunscreen ပမာဏ
Sunscreen ကို လိမ်းတဲ့အခါ များလေ ပိုကောင်းလေလို့ အရေပြားဆရာဝန်တွေက အကြံပြုကြပါတယ်။ အဲဒါကြောင့် Sunscreen ကို လိမ်းရင် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် လိမ်းပေးပါ။
၃။ Thermal water
မျက်နှာအရေပြားကို တင်းရင်းလှပစေဖို့အတွက် Thermal water ဖျန်းပေးပါ။ Thermal water မှာ ကယ်လ်ဆီယမ်၊ ကော့ပါ၊ သံဓာတ်၊ ဆိုဒီယမ်၊ သတ္ထုဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။
၄။ ဘူးသေးလေ ကောင်းလေ
အလှအပပစ္စည်းတွေကို ဝယ်တဲ့အခါ တစ်ခါတည်း ဘူးကြီးကို မဝယ်ထားဘဲ ဘူးသေးတွေပဲ ဝယ်ထားပါ။ အချိန်တွေ ကြာလာတာနဲ့အမျှ အာနိသင်တွေက အားနည်းလာတတ်လို့ပါ။
၅။ ယောဂကျင့်ပါ။
အသားအရေလှပဖို့အတွက် သွေးလည်ပတ်မှု အားကောင်းအောင် ပြုလုပ်ပေးပါ။ သွေးလည်မှုအားကောင်းပြီး အောက်ဆီဂျင်တွေက အရေပြားမှာ အပြည့်အဝရရင် အသားအရေက စိုပြေလှပါနေမှာပါ။ အဲဒါကြောင့် ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။
၆။ ခေါင်းအုံးစွပ်
အရေးအကြောင်းတွေကို ကာကွယ်ဖို့ ခေါင်းအုံးစွပ်ကလည်း အရေးပါတဲ့အရာပါ။ အဲဒါကြောင့် ချည်သားခေါင်းအုံးစွပ်အစား ပိုးသား၊ ဖဲသား ခေါင်းအုံးစွပ်ကိုသာ အသုံးပြုပါ။
၇။ Skin care လုပ်ဖို့အတွက် မပျင်းပါနဲ့။
Sunscreen နဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ပစ္စည်းတွေကို မနက်ပိုင်းမှာ သုံးရင် ပိုကောင်းပါတယ်။ Retinoids ပါဝင်တဲ့ပစ္စည်းတွေကိုတော့ ညပိုင်းမှာ သုံးတာ ပိုကောင်းပါတယ်။ အသားအရေလှပဖို့အတွက် နေ့ရောညပါ skin care သင့်ပါတယ်။
၈။ ဆောင်းရာသီအတွက်
ဆောင်းရာသီမှာ ပျစ်တဲ့ cream တွေကို သုံးသင့်ပါတယ်။ အဲဒါကြောင့် ဗီတာမင် C, E နဲ့ ceramides, ရှားစောင်းလက်ပတ်၊ hyaluronic acid ပါဝင်တဲ့ cream တွေကို အသုံးပြုပါ။ နွေရာသီမှာတော့ အမိုင်နိုအက်စစ်နဲ့ သဘာဝဆီတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုပါ။
၉။ အုန်းရည်
အုန်းရည်က အသားအရေကို အရမ်းအကျိုးပြုပါတယ်။ အုန်းရည်ကို ပုံမှန်သောက်ပေးရင် အသားအရေက နှစ်ပတ်အတွင်း ဝင်းပလာပါတယ်။ ဒါ့အပြင် ရေကိုလည်း များများသောက်ပေးပါ။
Zombie (lovemedia)
0 Comments