လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ဗိုက်မှာ ကြွက်သားမထွက်လာရတဲ့ အကြောင်းအရင်းများ

ဗိုက်မှာ ကြွက်သားတွေ ရှိနေတဲ့အခါ အဝတ်အစားဝတ်ရင် အရမ်းကို ယုံကြည်မှုရစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တိုင်းလည်း ဗိုက်မှာ ကြွက်သားတွေက ရမလာနိုင်ပါဘူး။

အဲဒါကြောင့် သင်က တစ်နေ့ကို အိပ်ထမတင် အကြိမ် ၁၀၀၀ ပြုလုပ်ရင်တောင် ဗိုက်မှာ ကြွက်သားမရှိလာရတဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးပါမယ်နော်။

ဗိုက်လေ့ကျင့်ခန်းတစ်ခုတည်းပဲ လုပ်နေရင်လည်း ဗိုက်အဆီကျဖို့ ခက်ပါတယ်။

ဗိုက်က အဆီတွေကို ကျချင်တဲ့အခါ အချို့က ဗိုက်လေ့ကျင့်ခန်းကိုပဲ သီးသန့်လုပ်ကြပါတယ်။ တစ်ကိုယ်လုံးရဲ့အဆီတွေ ညီညီမျှမျှ လောင်ကျွမ်းသွားတဲ့အခါ ဗိုက်ကအဆီတွေကလည်း ကျသွားမှာပါ။ အဲဒါကြောင့် ဗိုက်အဆီကျချင်ရင် တစ်ကိုယ်လုံးလေ့ကျင့်ခန်းနဲ့ ဗိုက်လေ့ကျင့်ခန်းကို တွဲလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းတစ်ခုတည်းက ကြွက်သားတွေကို မဖြစ်ပေါ်စေပါဘူး။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုမစားတဲ့အခါ လေ့ကျင့်ခန်း လုပ်နေလည်း ပင်ပန်းရုံပဲ ရှိမှာပါ။ အဲဒါကြောင့် ကယ်လိုရီများတဲ့ အစားအစာ၊ အဆီတက်စေတဲ့အစားအစာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

အစားအစာကို စားတဲ့အခါ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီကို တွက်ချက်ပြီးစားတာက ဗိုက်အဆီကျဖို့ အကူအညီဖြစ်စေပါတယ်။

တစ်နေ့ကို ဘယ်နှကြိမ်စားလဲ ဆိုတာက အရေးကြီးပါတယ်။

အချို့က ကိုယ်အလေးချိန်ကို မြန်မြန်ကျချင်တာကြောင့် တစ်နေ့ကို တစ်နပ်ပဲ စားကြပါတယ်။ စားတဲ့အခါ ဗိုက်အဆာလွန်ပြီး အများကြီးစားမိသွားတတ်ပါတယ်။ အဲဒီအခါ လေ့ကျင့်ခန်း လုပ်ထားတာတွေက အလကားဖြစ်သွားမှာပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို တစ်ခါစားရင် နည်းနည်းလေးနဲ့ လေးကြိမ်လောက် ခွဲစားတာက ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် အများကြီးမစားဖိဖို့လည်း အရေးကြီးပါသေးတယ်။

Zombie (lovemedia)

Post a Comment

0 Comments