ကျောင်းပွဲမှာ သားတွေမျက်နှာမငယ်ရအောင် အမေတစ်ယောက်လိုဝတ်ဆင်ပြီးသွားခဲ့တဲ့ single father

ကလေးတစ်ယောက်ကို နှစ်ယောက်အတူတူ ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူး။ အဖေ သို့မဟုတ် အမေ တစ်ယောက်တည်းအားနဲ့ ကလေးကို ပြုစုပျိုးထောင်ရတာ ပိုတောင်ခက်ခဲပါသေးတယ်။

Chatchai Sam Panuthai ဆိုတဲ့ single father တစ်ယောက်ကလည်း သူ့ရဲ့ကလေးကို အခက်အခဲကြားကနေ ပျော်ရွှင်သူအဖြစ် ကြီးပြင်းလာအောင် ပြုစုပျိုးထောင်သူပါ။

ကလေးရဲ့တိုးတက်ဖွံ့ဖြိုးမှုအတွက် အဖေနေရာမှာရော အမေနေရာမှာပါ ကွက်လပ်တွေ ဖြည့်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ Single father တစ်ယောက်ဖြစ်တဲ့ Panuthai ဟာ အဲဒီလိုအခက်အခဲတွေကြားကနေ သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။


Panuthai မှာ Imsome နဲ့ Ozone ဆိုတဲ့ သားနှစ်ယောက်ရှိပါတယ်။ Panuthai တို့ ကွာရှင်းပြီးနောက်ပိုင်းမှာ ကလေးတွေရဲ့အမေက ဥရောပကို ပြောင်းရွှေ့သွားပါတယ်။ အဲဒါကြောင့် Panuthai က သူ့ရဲ့ကလေးတွေကို အဖေနေရာမှာရော အမေနေရာမှာပါ စောင့်ရှောက်ပေးခဲ့ပါတယ်။


ထိုင်းနိုင်ငံရဲ့အမေများနေ့ရောက်တဲ့အခါ ကျောင်းမှာ ပွဲကျင်းပပေးပါတယ်။ သူ့သားလေးတွေရဲ့ အတန်းဖော်တွေဟာ အမေတွေနဲ့အတူ အမေများနေ့ အခမ်းအနားကို အတူတက်ရောက်ကြပါတယ်။ Panuthai ကလည်း သူ့သားလေးတွေ မျက်နှာမငယ်အောင် အထူးစီစဉ်ပြီး ပွဲကို တက်ရောက်ခဲ့ပါတယ်။


ကလေးတွေကို အမေမရှိတော့တဲ့ ခံစားချက် မရရှိစေချင်တာကြောင့် အမေများနေ့အခမ်းအနားကို Panuthai က အမျိုးသမီးတစ်ယောက်လို ဝတ်ပြီး သွားခဲ့ပါတယ်။

Panuthai က သူ့ကိုယ်သူ အမေတစ်ယောက်လို ထင်ဟပ်မိအောင် ပန်းရောင်ဝတ်စုံလေးကို ဝတ်သွားခဲ့ပါတယ်။ အခမ်းအနားပြုလုပ်နေစဉ်မှာ ကလေးတွေက အမေရဲ့ခြေရင်းမှာထိုင်ပြီး အမေကို ကန်တော့ကြပါတယ်။ Panuthai ရဲ့သားလေးတွေကလည်း Panuthai ကို အမေလို သဘောထားပြီး ကန်တော့ကြပါတယ်။

Panuthai က အဖေတစ်ယောက်ရဲ့တာဝန်လည်း ကျေသလို ကလေးတွေအတွက် အမေတစ်ယောက်လိုလည်း နွေးထွေးကြင်နာပေးတတ်သူပါ။ Panuthai ရဲ့ သူငယ်ချင်း Kornpat Ae Sukhom က ရင်ထဲခံစားရတဲ့ ဒီပုံရိပ်လေးကို ဗွီဒီယိုရိုက်ပြီး ‌ဖေ့စ်ဘုတ်မှာ ထင်ပေးလိုက်ပါတယ်။


ဗီဒီယိုကြည့်ရှုသူက ၆ သန်းကျော်အထိ ရောက်သွားခဲ့ပြီး Panuthai ရဲ့ ဖခင်မေတ္တာကို လေးစားနေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments