လူတိုင်းမှာ မတူညီတဲ့အမူအကျင့်လေးတွေ ရှိတတ်ကြပါတယ်။ ကောင်းတဲ့အမူအကျင့်တွေလည်း ရှိသလို မကောင်းတဲ့အမူအကျင့်တွေကိုလည်း လုပ်မိသွားတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးကို အကျိုးပြုတဲ့နေ့စဉ်အမူအကျင့်တွေအကြောင်းကို love media ကနေ ဖော်ပြပေးသွားပါမယ်နော်။
၁။ လျှာကို ခြစ်ခြင်း
ခံတွင်းအနံ့ဆိုးတဲ့အခါ အရမ်းကို အဆင်မပြေ ဖြစ်တတ်ပါတယ်။ သင်က လျှာကို ပုံမှန်ခြစ်ချပေးသူဆိုရင် လျှာပေါ်က ဘက်တီးရီးယားတွေက ပါသွားတဲ့အတွက် ခံတွင်းအနံ့ဆိုးကလည်း နည်းပါးသွားမှာပါ။ ဒီအမူအကျင့်လေးက ခံတွင်းနံ့ကို သက်သာစေတဲ့အပြင် အရသာခံနိုင်စွမ်းကိုလည်း မြင့်လာစေပါတယ်။
၂။ ခံတွင်းကို ဆီနဲ့ ပလုတ်ကျင်းခြင်း
ခံတွင်ကို ဆီနဲ့ ပလုတ်ကျင်းတဲ့ အလေ့အထကို အိန္ဒိယနိုင်ငံမှာ တော်တော်များများပြုလုပ်ကြပါတယ်။ ဒီနည်းက သွားတွေကို သန့်ရှင်းဖြူစင်စေပါတယ်။ အုန်းဆီ၊ နေကြာဆီ၊ နှမ်းဆီတွေကို ပလုတ်ကျင်းဖို့အတွက် အသုံးပြုနိင်ပါတယ်။
ဆီလက်ဖက်ရည်ဇွန်း ၁ဇွန်း သို့မဟုတ် ၂ ဇွန်းခန့်ကို အသုံးပြုပြီးပလုတ်ကျင်းပါ။ ဆီနဲ့ ပလုတ်ကျင်းတာက ပန်းနာရင်ကျင်၊ အရေပြားပြဿနာ၊ ကူးစက်ရောဂါပိုး၊ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။
၃။ ဖုန်းကို မတူညီတဲ့ပုံစံနဲ့ကိုင်ခြင်း
ဖုန်းကို ကိုင်ပြီးအသုံးပြုပါများရင် လက်အဆစ်တွေ၊ ကြွက်သားတွေကို နာကျင်လာစေပါတယ်။ ဖုန်းကိုကိုင်တဲ့အခါမှာ လက်ကို တစ်ဖက်စီပြောင်းကိုင်သင့်သလို ဖုန်းနဲ့ လက်ကြားမှာ အဝတ်စလေးတစ်ခု ခံထားပြီးကိုင်ပါ။ အဲဒီအခါ လက်ကြွက်သားတွေ မနာကျင်တော့ဘဲ ဖုန်းကို အချိန်ကြာကြာ အသုံးပြုနိုင်မှာပါ။
၄။ ဓာတ်ပုံကိုနည်းနည်းပဲရိုက်ခြင်း
နေရာတစ်ခုခုကို သွားတဲ့အခါ ဓာတ်ပုံပဲ ရိုက်နေတာက သင့်ရဲ့မှတ်ဉာဏ်ကို အသုံးပြုနိုင်မှုနည်းသွားစေပါတယ်။ ဓာတ်ပုံမှာပဲ အာရုံစိုက်တာကြောင့် အခြားအရာတွေကို သေချာအာရုံစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်က ဓာတ်ပုံမရိုက်သင့်ဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။
၅။ ဗိုက်ပြည့်နေချိန်မှာ ဈေးဝယ်ထွက်ခြင်း
ဗိုက်ဆာနေတဲ့အချိန်မှာ ဈေးဝယ်ထွက်တဲ့အခါ မလိုအပ်တာတွေ၊ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုပြီးဝယ်မိ၊ စားမိသွားစေပါတယ်။ အဲဒါကြောင့် ဗိုက်ပြည့်နေချိန်မှာ ဈေးဝယ်ထွက်တာက မစားချင်တဲ့အရာတွေကို မဝယ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
၆။ ချဉ်တဲ့အသီးတွေကို အနံ့ခံခြင်း
လိမ္မော်သီးတို့လို ဆစ်ထရစ်အက်ဆစ်များတဲ့အသီးတွေက ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ချဉ်တဲ့အသီးတွေရဲ့အနံ့က စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။
၇။ ခါးကွင်းလှည့်ခြင်း
သင်က လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ချင်သူဆိုရင် ခါးကွင်းလှည့်ကြည့်ပါ။ ခါးကွင်းလှည့်တာက ပျော်စရာကောင်းတဲ့အပြင် ကယ်လိုရီတွေ၊ အဆီတွေကို လောင်ကျွမ်းစေပါတယ်။
၈။ အိပ်ရာမဝင်ခင်မှာ ကော်ဖီသောက်ခြင်း
ညအိပ်ရာဝင်ခါနီးမှာ ကော်ဖီသောက်ရင် အိပ်မပျော်ဘူးဆိုတာက အမြဲတမ်းတော့ မဟုတ်ပါဘူး။ ညဘက်မှာ အလုပ်လုပ်တဲ့သူတွေအတွက် ကော်ဖီသောက်တာက အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။
၉။ ကြမ်းပေါ်မှာ အိပ်ခြင်း
ကြမ်းပေါ်မှာ အိပ်တာက ခါးမှာဖြစ်တတ်တဲ့ ပြဿာနာတွေကို သက်သာစေပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ ကြမ်းပေါ်မှာအိပ်တာက အေးမြမှုကို ရရှိစေပါတယ်။
Zombie (lovemedia)
0 Comments