လူအများစုက ရေချိုးတဲ့အခါ ဆပ်ပြာနဲ့အတူ ပွတ်တိုက်ဖို့ ရေမြှုပ် သို့မဟုတ် သပွတ်အူကို အသုံးပြုကြပါတယ်။ တကယ်တော့ ရေမြှုပ်နဲ့ သပွတ်အူက နေ့စဉ်အသုံးပြုဖို့ဆိုရင်တော့ မကောင်းပါဘူး။ အချိန်ကြာလာတဲ့အခါမှာတော့ အသားအရေကို ထိခိုက်လာစေမှာပါ။
၁။ ပိုးဝင်နိုင်ခြင်း
ရေမြှုပ်နဲ့ ပွတ်တိုက်ပြီးတဲ့အချိန်မှာတော့ အသားအရေက ချောမွေ့သွားတယ်လို့ ထင်ရစေပါတယ်။ ရေမြှုပ်က ဆဲလ်သေတွေ၊ ဂျီးတွေကို အလွယ်တကူ ဖယ်ရှားပေးလို့ပါ။ ဒါပေမယ့် ရေမြှုပ်မှာ ဘက်တီးရီးယားတွေ ခိုအောင်းနေနိုင်တာကြောင့် အသားအရေကို အလွယ်တကူ ပိုးဝင်နိုင်စေပါတယ်။
၂။ အသားအရေကို ပွန်းစေခြင်း
ရေမြှုပ်နဲ့ သပွတ်အူတို့က အသားအရေက ဂျီးကို ပြောင်စင်စေပေမယ့် မကြာခဏ အသုံးပြုတဲ့အခါမှာတော့ အသားအရေကို ပွန်းစေမှာပါ။ အဲဒါကြောင့် မကြာခဏအသုံးမပြုသင့်ပါဘူး။ အသားအရေ ထိလွယ်ရှလွယ်သူတွေအတွက် နီမြန်းတာ၊ နာကျင်တာကို ကြုံတွေ့ရစေနိုင်ပါတယ်။
၃။ အမွေးအမျှင်တွေဖယ်ရှားပြီး ရက်အနည်းကြာအောင် မသုံးသင့်သေးပါဘူး။
ခြေထောက်က အမွေးအမျှင်တွေ ဖယ်ရှားပြီးနောက်မှာတော့ အသားအရေက နာကျင်နေတတ်ပါတယ်။ အဲဒီကြောင့် ရက်အနည်းငယ်ကြာတဲ့အထိ ရေမြှုပ်နဲ့ ခြေထောက်ကို မပွတ်တိုက်သင့်သေးပါဘူး။ ရေမြှုပ်မှာ ဘက်တီးရီးယားတွေ အများကြီး ရှိတာကြောင့် အသားအရေထဲကို ဝင်သွားနိုင်လို့ပါ။
၄။ ဘက်တီးရီးယားတွေ ပွားလာခြင်း
ရေချိုးခန်းထဲမှာ ရေမြှုပ်ကို ချိတ်ထားရင် စိုထိုင်းတာကြောင့် ဘက်တီးရီးယားတွေ ပိုပွားပါတယ်။ အဲဒီဘက်တီးရီးယားတွေကို E.Coli လို့ခေါ်ကြပါတယ်။ E.Coli နဲ့ ထိတွေ့ပါများတဲ့အခါမှာတော့ အစာအိမ်နာတာ၊ မူးတာ၊ အန်တာကို ဖြစ်စေပါတယ်။
Zombie (lovemedia)
0 Comments