ဇရာကို ဘယ်သူမှ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် အရွယ်တင်နုပျိုနေစေဖို့တော့ တတ်နိုင်သမျှ ပြုလုပ်လို့ရပါသေးတယ်။ သင်ဟာ အသက်အရွယ်ကြီးလာပေမယ့်လည်း အရွယ်တင်နုပျိုနေစေဖို့ ဒီအချက်တွေကို ပြုလုပ်ပေးပါ။

၁။ ရို့စ်မေရီ

နားသယ်စလေးတွေမှာ ဆံပင်ဖြူလေးတွေ စပြီးတွေ့လာရပြီဆိုရင် ရို့စ်မေရီကို စတင်အသုံးပြုဖို့ လိုအပ်ပါပြီ။ ရို့စ်မေရီအရည်ကို ဆံပင်မှာ ဖျန်းပေးရင် ဆံပင်ဖြူတွေကို ဖုံးကွယ်ပြီးသား ဖြစ်စေပါတယ်။ ရို့စ်မေရီအရည်က ဆံပင်ကိုလည်း မည်းနက်စေပါတယ်။

၂။ အဆီမပါသော နွားနို့

နွားနို့က နေ့စဉ်အစားအစာထဲမှာ လိုအပ်တဲ့အရာပါ။ ဒါပေမယ့် အသက်ကြီးလာတဲ့ အမျိုးသမီးတွေအတွက်တော့ အရွယ်တင်နုပျိုစေဖို့ အဆီထုတ်ထားတဲ့နွားနို့ကိုသောက်တာ သို့မဟုတ် နွားနို့ကို လျှော့သောက်ပါ။

၃။ Intermittent fasting

Intermittent fasting က အခုနှစ်ပိုင်းအတွင်းမှာ အရမ်းကို ခေတ်စားလာပါတယ်။ Fasting ကို ပုံမှန်ပြုလုပ်ပေးတဲ့အခါ ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်စေတဲ့အပြင် အသားအရေလည်း လှလာစေပါတယ်။ အိုမင်းရင့်ရော်တာကိုလည်း နှေးကွေးသွားစေပါတယ်။

၄။ ပက်လက်အိပ်ခြင်း

အရွယ်နုပျိုဖို့အတွက် အိပ်စက်တဲ့ပုံစံကလည်း အရေးပါပါတယ်။ အိပ်တဲ့အခါ မှောက်အိပ်တာက အရေးအကြောင်းတွေ ပိုဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် ပက်လက်အိပ်နည်းက အရေးအကြောင်းတွေကို အနည်းငယ်ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၅။ Double cleansing

နူးညံ့ချောမွတ်တဲ့ အသားအရေကို ထိန်းသိမ်းချင်တဲ့သူတွေအတွက် Double cleansing က အရေးကြီးပါတယ်။ ပထမဆုံး မျက်နှာကို oil-based cleanser နဲ့ အရင်သန့်ရှင်းပါ။ အဲဒီနောက် water-base cleanser နဲ့ ထပ်မံသန့်ရှင်းပါ။

ပထမအကြိမ် သန့်ရှင်းတာက မိတ်ကပ်၊ sunscreen တို့ကို ဖယ်ရှားပေးပြီး ဒုတိယအကြိမ်သန့်ရှင်းရေးလုပ်တာကတော့ ချွေးနဲ့ အဆီတွေကို ဖယ်ရှားပေးတာပါ။

၆။ နနွင်း mask

နနွင်းက အရေးအကြောင်းတွေကို လျော့ပါးစေတဲ့ အစွမ်းသတ္တိ ရှိပါတယ်။ နနွင်းအနည်းငယ်၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ဒိန်ချဉ်တွေတို့ကို ရောမွှေပြီး မျက်နှာအနှံ့လိမ်းထားပါ။ ၁၀ မိနစ်ကြာပြီးနောက်မှာတော့ ရေနွေးနဲ့ မျက်နှာသစ်ပါ။ အဲဒီနောက် မျက်နှာကို toner, serum, moisturizer တို့ကို လိမ်းပေးပါ။

၇။ တလည်းသီးဆီ

တလည်းသီးဆီမှာလည်း အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ အစွမ်းရှိပါတယ်။ တလည်းသီးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ ပါဝင်တာကြောင့် အသားအရေကို အများကြီးအကျိုးပြုပါတယ်။ မျက်နှာကို သေသေချာချာ သန့်ရှင်းရေးလုပ်ပြီးနောက်မှာ တလည်းသီးဆီကို လိမ်းပေးပါ။ အဲဒီအခါ ရလဒ်က ပိုပြီးမြန်ဆန်ပါတယ်။

Zombie (lovemedia)