သင့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲပြီး ချမ်းသာအောင်မြင်လာစေမယ့် အလေ့အထများ

၂၀၂၁ ခုနှစ်မှာ ကမ္ဘာပေါ်က ဘီလီယံနာအရေအတွက်ဟာ ၂၇၅၅ ယောက်အထိ တိုးမြင့်လာပါတယ်။ အောင်မြင်တဲ့သူတွေက အရမ်းကို အားကျစရာကောင်းပါတယ်။ အဲဒါကြောင့် အောင်မြင်တဲ့သူတွေ ပြုလုပ်တတ်တဲ့ အလေ့အကျင့်အကြောင်းကို love media ကနေ ‌ဖော်ပြပေးပါမယ်နော်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ခြင်း

" သန်းကြွယ်သူဌေးတွေက ကျန်းမာရေးကို ပိုဦးစားပေးတယ် " လို့ ချမ်းသာရေး အလေ့အထများစာအုပ်ကို ရေးသားတဲ့ Tom Corley က ဆိုပါတယ်။ ချမ်းသာတဲ့သူတွေက အသင့်စားအစားအစာတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသောက်လေ့ရှိပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့လုပ်ငန်းတွေကို သက်ရောက်မှုရှိစေပါတယ်။ ဦးနှောက်မှာ စွမ်းအင်လုံလုံလောက်လောက် မရရှိတဲ့အခါ အလုပ်တွေကိုလည်း အာရုံစိုက်ပြီး လုပ်နိုင်မှာမဟုတ်ပါဘူး။

တီဗွီ၊ အင်တာနက်တို့နဲ့ အချိန်မဖြုန်းခြင်း

ချမ်းသာကြွယ်ဝသူ သုံးပုံနှစ်ပုံဟာ တစ်နေ့ကို တီဗွီတစ်နာရီအောက်ပဲ ကြည့်တယ်ပြီး အင်တာနက်ကိုလည်း တစ်နာရီအောက်ပဲ သုံးတယ်လို့ Tom Corley က ဖော်ပြထားပါတယ်။ အချိန်ကို အကျိုးမရှိတဲ့နေရာတွေမှာ သုံးမယ့်အစား ကိုယ့်ကိုယ်ကိုယ် တိုးတက်စေမယ့်အရာတွေ၊ ပရဟိတလုပ်တာတွေ၊ မိတ်ဆွေအသစ်ရှာတာတွေ၊ ဝင်ငွေအသစ်ရနိုင်မယ့် နည်းလမ်းရှာတာတွေက ပိုပြီး အကျိုးရှိစေပါတယ်။

စာအုပ်ဖတ်ခြင်း

လေ့လာချက်တွေအရ ချမ်းသာကြွဘ်ဝသူတွေဟာ စာဖတ်ခြင်းကို နေ့စဉ်ပြုလုပ်လေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်လကို စာအုပ် ၂ အုပ်ခန့် ဖတ်ကြပါတယ်။ အချို့တွေကလည်း audio book တွေကို နားထောင်ကြပါတယ်။

စာဖတ်ခြင်းက မှတ်ဉာဏ်ကိုတိုးတက်စေပြီး ဦးနှောက်ရဲ့လုပ်ငန်းတွေကို ပိုပြီးသွက်လက်လာစေပါတယ်။ အသက်ကြီးတဲ့အခါ ဦးနှောက်ထိခိုက်ချို့ယွင်းခြင်းကိုလည်း စာအုပ်ဖတ်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ပိုင်စည်းကမ်းနဲ့ နေထိုင်ခြင်း

ချမ်းသာကြွယ်ဝသူတွေက သူတို့ရဲ့ဝင်ငွေကို သတိထားပြီး ဘယ်လောက်ကို စုသင့်ကြောင်း၊ ဘယ်လောက်ကို သုံးသင့်ကြောင်း စည်းကမ်းတွေ ချမှတ်ထားလေ့ရှိပါတယ်။ လူအများစုက တခါတရံမှာ ဝင်ငွေထက် ထွက်ငွေက ပိုများနေတတ်ပါတယ်။

အဲဒီအခါ အကြွေးတွေ တင်လာပါတော့တယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိစေဖို့အတွက် ငွေကို စုဆောင်းတတ်ဖို့ လိုအပ်သလို ဝင်ငွေထွက်ငွေကို ချိန်ညှိသုံးနိုင်ဖို့လည်း အရေးကြီးပါတယ်။

အလုပ်ကြိုးစားခြင်း

ဘဝမှာ အလုပ်မရှိတဲ့အခါ အရမ်းကို ပျင်းစရာကောင်းနေမှာပါ။ ငွေကြေးချမ်းသာသူတွေ အမြဲပြုလုပ်လေ့ရှိတာကတော့ အလုပ်ကို အားကြိုးမာန်တက် ကြိုးစားတာပါပဲ။ ဘီလီယံနာအများစုက တစ်ပတ်ကို နာရီ ၆၀ နဲ့အထက် အလုပ်လုပ်ကြပါတယ်။

လမ်းပြနိုင်မယ့်သူတွေဆီကနေ အကြံဉာဏ်တွေ ရယူဖို့ မရှက်ရွံ့ခြင်း

အောင်မြင်သူတွေက အခြားသူတွေ ဘယ်လိုနည်းနဲ့ အောင်မြင်ခဲ့လဲ ဆိုတာကို လေ့လာကြပါတယ်။ အတွေ့အကြုံများတဲ့လူတွေက မှန်ကန်တဲ့နည်းလမ်းတွေကို လမ်းပြပေးနိုင်ပြီး အလျင်စလို ဆုံးဖြတ်ချက်တွေကနေလည်း သင့်ကို ကယ်တင်ပေးနိုင်ပါတယ်။

ရည်မှန်းချက်တွေ ချမှတ်ပြီး ရောက်အောင်သွားနိုင်ခြင်း

အောင်မြင်သူတွေက သူတို့ရဲ့ရည်မှန်းချက်ကို ရောက်အောင် ဇွဲနဲ့ သွားတတ်ကြပါတယ်။ အောင်မြင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ကတိတွေကို တည်အောင်ကြိုးစားပြီး အခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိလာကြပါတယ်။

စောစောထခြင်း

ကြီးပွားချမ်းသာသူတွေဟာ အိပ်စက်ချိန် ၇ နာရီပြည့်အောင် အိပ်တတ်ကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အိပ်ချိန်က ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြန်လည်သိုလှောင်ပေးပြီး ကောင်းကျိုးတွေအများကြီး ရစေပါတယ်။ နောက်တစ်ခုကတော့ အောင်မြင်သူအများစုမှာ စောစောထတတ်တဲ့ အလေ့အထ ရှိတာပါ။

အချိန်မဆွဲခြင်း

လုပ်စရာရှိတဲ့အလုပ်တွေကို အချိန်ဆွဲပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေရင် မကောင်းတဲ့ရလဒ်တွေကိုပဲ ရနိုင်ကြောင်း အောင်မြင်တဲ့သူတွေက ကောင်းကောင်းကြီးနားလည်ကြပါတယ်။ အလုပ်ကို အချိန်ဆွဲတာက မိမိအတွက်သာမက အခြားသူတွေကိုပဲ အနှောင့်အယှက်ဖြစ်စေပါတယ်။

မိမိရဲ့လုပ်ဖော်ကိုင်ဖက်ရဲ့ ယုံကြည်မှုတွေကိုလည်း လျော့ပါးသွားစေနိုင်ပါတယ်။ အဲဒါကြောင့် လုပ်စရာရှိတဲ့အခါ အချိန်မဆွဲဘဲ ချက်ချင်းပြုလုပ်လိုက်ပါ။

လုပ်စရာကိစ္စတွေကို သေသေချာချာ ရေးမှတ်ထားခြင်း

နည်းစနစ်ကျ နေထိုင်ပြုမူတတ်တာက အောင်မြင်တဲ့လမ်းကြောင်းကို ပို့ပေးနိုင်တဲ့အရာတစ်ခုပါ။ လုပ်စရာရှိတဲ့ ကိစ္စတွေကို ရေးမှတ်ထားလိုက်ရင် မမေ့တော့ပါဘူး။ ပြီးတော့ ပိုပြီးတော့လည်း လုပ်ဖြစ်သွားပါတယ်။

အားကစားလုပ်ခြင်း

ချမ်းသာကြွယ်ဝသူတွေက အားကစားကိုလည်း မေ့မထားကြပါဘူး။ လေ့ကျင့်ခန်းလုပ်တာ အားကစားလုပ်တာက ခန္ဓာကိုယ်အတွက် အားအင်တွေရစေတဲ့အပြင် စိတ်ကိုလည်း တက်ကြွစေပါတယ်။ ပြီးတော့ စိတ်ဓာတ်ကိုလည်း ပိုမိုခိုင်မာလာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments