ခရီးသွားတဲ့အခါ တစ်ယောက်တည်းသွားတာထက် ချစ်တဲ့သူနဲ့အတူ သွားရတာက ပိုပြီးကောင်းမှာပါ။ ဒါပေမယ့် သင်ချစ်တဲ့သူ မလိုက်နိုင်တဲ့အခါမှာလည်း သူ့ကို ခရီးတစ်လျှောက်လိုက်ပါနိုင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတစ်ခုလည်း ရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံက Raymond နဲ့ Janne Fortunado တို့စုံတွဲက Coron ကျွန်းကို အတူတူ ခရီးထွက်ဖို့အတွက် စီစဉ်ထားခဲ့ကြပါတယ်။
ဒါပေမယ့် Janne Fortunado က မော်ဒယ်တစ်ယောက် ဖြစ်တာကြောင့် အလုပ်နဲ့ခရီးထွက်ဖို့ရက် တိုက်ဆိုင်နေတာကြောင့် မလိုက်ဖြစ်တော့ပါဘူး။ အဲဒါကြောင့် Raymond တစ်ယောက်တည်းပဲ ခရီးထွက်ဖြစ်ပါတော့တယ်။
သူတို့နှစ်ယောက် လက်ထပ်တုန်းက ကတိတစ်ခုပေးခဲ့တာ ရှိပါတယ်။ အဲဒါကတော့ Raymond က Janne Fortunado ကို ဘယ်နေရာကိုသွားသွား ခေါ်သွားမယ်ဆိုတဲ့ကတိပါ။
သူ့ကတိအတိုင်း Janne Fortunado မလိုက်ဖြစ်တော့တဲ့အခါ Janne Fortunado ရဲ့မျက်နှာပုံစံခေါင်းအုံးကို ခရီးသွားတဲ့အခါ ယူသွားလိုက်ပါတယ်။
ခရီးတစ်လျှောက် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း အဲဒီခေါင်းအုံးနဲ့အတူတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေကတော့ social media မှာ အတော်ကို လူကြိုက်များသွားခဲ့ပါတယ်။
Janne Fortunado ရဲ့မျက်နှာပုံစံ ခေါင်းအုံးက ရယ်စရာကောင်းနေပေမယ့် သူတို့နှစ်ယောက်ရဲ့စိတ်ကူးက ချစ်စရာကောင်းနေပါတယ်။
Zombie (lovemedia)
0 Comments