ပန်းငရုတ်ကို စားပေးရုံနဲ့ မထင်ထားလောက်အောင် ရရှိလာမယ့် ကျန်းမာရေးကောင်းကျိုး (၈) ခု

ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ကျန်းမာရေး ကောင်းနေရသူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုကလည်း ဟင်းသီးဟင်းရွက်ကို စားသုံးတာကြောင့်ပါပဲ။ ကျန်းမာရေးကို အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ပန်းငရုတ်လည်း တစ်ခုအပါအဝင်ပါပဲ။

၁။ သံဓာတ်ချို့တဲ့မှု

ပန်းငရုတ်မှာ သံဓာတ်နဲ့ ဗီတာမင်စီ ပါဝင်ပါတယ်။ သံဓာတ်ချို့တဲ့မှုကနေ သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ပန်းငရုတ်ကို ပုံမှန်စားပေးတဲ့အခါ သံဓာတ်ချို့တဲ့မှုကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၂။ မျက်လုံးပြဿနာများ

ပန်းငရုတ်မှာ ဗီတာမင်အေ၊ lutein, zeaxanthin တို့အများအပြား ပါရှိတာကြောင့် မျက်လုံးကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ အသက်ကြီးတဲ့အခါ ဖြစ်လာတတ်တဲ့ မျက်လုံးပြဿာနာတွေကို လျှော့ချပေးဖို့ ပန်းငရုတ်ကို ပုံမှန်စားပေးပါ။

၃။ အသားအရေ

ပန်းငရုတ်စားရုံနဲ့ အသားအရေလည်း ကောင်းလာနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပန်းငရုတ်မှာ ဗီတာမင်စီပါဝင်လို့ပါ။ ပန်းငရုတ်ကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားပြီးနောက်ပိုင်း အသားအရေ ကောင်းလာတာ၊ အမာရွတ်တွေ မှေးမှိန်လာတာကို တွေ့ရမှာပါ။

၄။ နှလုံးပြဿနာများ

Lisopene က ပန်းငရုတ်မှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးပါ။ Lisopene က နှလုံးသွေးကြောကျန်းမာရေးကို တိုးတက်စေပြီး လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ ပန်းငရုတ်က ကိုလက်စထရောကိုလည်း ထိန်းညှိပေးပါသေးတယ်။

၅။ သွေးကြောပြဿနာများ

သွေးကြောထုံးတာက အသက်ကြီးသူတွေမှာ အဖြစ်များပါတယ်။ ပန်းငရုတ်မှာ ပါတဲ့ capsaicin က ခြေထောက်မှာ သွေးကြောထုံးတာတွေကိုလည်း ကာကွယ်ပေးတာကြောင့် နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးသင့်ပါတယ်။

၆။ အရိုး

ပန်းငရုတ်မှာ မန်းဂနိစ်၊ ဇင့်နဲ့ ကော့ပါးလည်း ပါဝင်ပါသေးတယ်။ သူတို့တွေက အရိုးကျန်းမာရေးအတွက် မရှိမဖြစ်ပါပဲ။ ပန်းငရုတ်ကို ပုံမှန်စားပေးရင် အရိုးအားနည်းမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါဘူး။

၇။ အစာချေစနစ်

ပန်းငရုတ်ရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ အူကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးတာပါ။ သူ့မှာ အမျှင်ဓာတ်တွေလည်း ပါတာကြောင့် အစာအိမ်အူလမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေကို လျော့နည်းသွားစေပါတယ်။

၈။ ကိုယ်ခံအားစနစ်

ပန်းငရုတ် ၁၀၀ ဂရမ်မှာ ဗီတာမင် B6 ၁၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗီတာမင် B6 က ကိုယ်ခံအားကောင်းစေဖို့အတွက် ပံ့ပိုးပေးပါတယ်။ အဲဒါကြောင့် ကူးစက်ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လို့မရအောင် ပန်းငရုတ်ကို ရွေးချယ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments