ပန်ကရိယကျန်းမာရေးအတွက် စားသုံးပေးသင့်တဲ့အစားအစာ (၈) မျိုး

အစာချေစနစ်အတွက် ပန်ကရိယက အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ ပန်ကရိယကျန်းမာတဲ့အခါ ခန္ဇာကိုယ်ကျန်းမာရေးလည်း ကောင်းမွန်လာမှာပါ။ အဲဒါကြောင့် ပန်ကရိယကျန်းမာရေးအတွက် စားသုံးသင့်တဲ့အစားအစာတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ နနွင်း

နနွင်းက ပန်ကရိယကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ နနွင်းက ပန်ကရိယထဲက အင်ဆူလင်ထုတ်လုပ်မှုတ်ကို လှုံ့ဆော်ပေးပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာဖြစ်လို့ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူနဲ့ ပျားရည်စိမ်ထားတာကို မနက်ခင်း ဘာမှမစားခင်မှာ စားပေးသင့်တယ်လို့ အချို့တွေက အကြံပေးကြပါတယ်။ ပျားရည်နဲ့ ကြက်သွန်ဖြူကို ရောလိုက်ရင် ကိုယ်ခံအား ကောင်းလာစေပါတယ်။ ဒါ့အပြင် နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ ပန်ကရိယထဲက တစ်ရှူးတွေကို ပြုပြင်ပေးတာပါ။

၃။ ဟင်းနုနွယ်ရွက်

ပန်ကရိယရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဗီတာမင်ဘီနဲ့ သံဓာတ်ကို ဟင်းနုနွယ်ရွက်က ဖြည့်ပေးပါတယ်။ သံဓာတ်က ရောင်ရမ်းတာတွေကို ကာကွယ်ပေးပြီး ဗီတာမင်ဘီကတော့ ပန်ကရိယကို အာဟာရဖြည့်ပေးတာပါ။ ဒါ့အပြင် ဟင်းနနွယ်က ပန်ကရိယကင်ဆာဖြစ်နိုင်ချေတွေကိုလည်း လျှော့ချပေးပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ကိုက်လန်တို့က ပန်ကရိယကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒီအသီးအရွက်တွေက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း လျော့ပါးအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။

၅။ စပျစ်သီး

စပျစ်သီးမှာပါဝင်တဲ့ phenolic က အားကောင်းတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးပါ။ သူက ပန်ကရိယရောင်တာကို လျှော့ချပေးပြီး ပန်ကရိယကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ စပျစ်ဝိုင်ကို သောက်ရင်လည်း အာနိသင်က အတူတူပါပဲ။ ဒါပေမယ့် စပျစ်သီးကို ဒီအတိုင်းစားတာတော့ အကောင်းဆုံးပါ။

၆။ ကန်စွန်းဥ

ကန်စွန်းဥက ပန်ကရိယကင်ဆာဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပါတယ်။ ကန်စွန်းဥက သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါသေးတယ်။

၇။ အော်ရီဂါးနိုး

အော်ရီဂါးနိုးမှာလည်း phenolic အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ အဲဒါကြောင့် ပန်ကရိယကျန်းမာရေးအတွက် အကျိုးပြုတဲ့အရာပါ။

၈။ ဒုဓလီပန်း

ဒုဓလီပန်းခြောက်ကို ရေနွေးထဲ ခပ်သောက်ခြင်းက အသည်းနဲ့ ပန်ကရိယက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒုဓလီပန်းအမြစ်က ပြင်းထန်တဲ့အာနိသင်မဖြစ်စေဘဲ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးပါတယ်။

ပန်ကရိယကျန်းမာစေဖို့အတွက်

- အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများ၊ ကာဗိုဟိုက်ဒရိတ်များကို ရှောင်ကြဉ်ပါ။

- ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့အတွက် ရေကိုများများသောက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments