တစ်ခါတလေမှာ ဖျော်ဖြေပွဲတစ်ခု ဒါမှမဟုတ် အလွန်အမင်းကျယ်လောင်တဲ့ အသံတွေကို ကြားရပြီးတဲ့နောက် နားထဲမှာ စူးခနဲဖြစ်သွားတာကို ကြုံဖူးမှာပါ။ ဘယ်နေရာက လာတယ်ဆိုတာကိုလည်း ခန့်မှန်းလို့မရပါဘူး။ ပိုထူးဆန်းတာက အခြားအရာအားလုံး တိတ်ဆိတ်နေမှသာ ကြားနိုင်တာဖြစ်ပါတယ်။
အရင်းအမြစ်မရှိတဲ့ အသံ
နားထဲမှာ စူးကနဲကြားနေရတဲ့ ကျယ်လောင်စွာ အော်ခံရခြင်း ဒါမှမဟုတ် ထူးဆန်းတဲ့အသံတွေကို tinnitus လို့ခေါ်ပါတယ်။ အရင်းအမြစ်မရှိတဲ့ အသံတစ်ခုရဲ့ အသွင်အပြင်တစ်ခု ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း မတူကြတာကြောင့် ဟောက်သံကြားရရင်တောင် ဒီလိုဖြစ်တတ်ပါတယ်။
ဒီလို အသံတွေကြားနေရတဲ့ လက္ခဏာဟာ ယာယီသာဖြစ်ပြီး ခဏလေးအတွင်း သက်သာပါတယ်။ တစ်ခါတလေ အလွန်ပြင်းထန်သွားရင်လည်း စကားပြောဆိုဖို့ ခက်သွားတာတွေ ရှိပါတယ်။
ဒီလို ထူးထူးခြားခြား ကျယ်လောင်တဲ့ အသံတွေ ဖြစ်ရတဲ့ အကြောင်းရင်း
နားအတွင်းမှာရှိတဲ့ သေးငယ်တဲ့ အမွှေးအမျှင်လေးတွေ ထိခိုက်မှုကြောင့် Tinnitus ဖြစ်တတ်ပါတယ်။ ဒီဆဲလ်တွေက နားထဲကိုရောက်လာတဲ့ အသံလှိုင်းတွေအတိုင်း ရွေ့လျားနေတဲ့ သေးငယ်တဲ့ villi တွေဖြစ်ပါတယ်။ နားအာရုံကြောက ဒီလှိုင်းတွေကို အသံအဖြစ် ရိပ်မိပြီး အဓိပ္ပာယ်ပြန်ပေးတာပါ။
ဒါပေမယ့် villi ဒဏ်ရာရသွားတဲ့အခါ သူတို့က ဦးနှောက်ဆီကို အချက်ပြမှုတွေ မှားယွင်းစွာ ပို့လိုက်တာဖြစ်ပြီး တကယ်မဟုတ်တဲ့ အသံတစ်ခုကို ကြားနိုင်စေပါတယ်။
ဒီမြည်သံတွေကို နှိုးဆွပေးနိုင်တဲ့ အကြောင်းရင်းများ
နားအတွင်းပိုင်း ဒဏ်ရာအသေးစားတွေ အပါအဝင် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လိုတွေလဲဆိုတော့
- ဖျော်ဖြေပွဲ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်လိုမျိုး ကျယ်လောင်တဲ့ဆူညံသံကို အချိန်အကြာကြီး ကြားနေရခြင်း၊ စပီကာတွေ ဒါမှမဟုတ် နားကြပ်ကနေတဆင့် နားထောင်ခြင်းက ဒီလိုအခြေအနေကို ဖြစ်စေနိုင်ပါတယ်။ ပထမအခြေအနေမှာတော့ အရမ်းမသိသာတာကြောင့် သိပ်မခံစားရပါဘူး။ ဒါပေမယ့် ဒုတိယအခြေအနေမှာ နားကိုအရမ်းထိခိုက်သွားတာကြောင့် ပျက်စီးမှုတွေဖြစ်လာနိုင်ပါတယ်။
- နားဖာချေးက နားအူခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။ နားအတွင်းမှာ နားဖာချေးတွေစုပုံခြင်းကြောင့် အဟန့်အတားတစ်ခု ဖြစ်လာပြီး နားကို ရောင်ရမ်းစေလာပါတယ်။ နားစည်ကို ယားယံစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံဖော်မရတဲ့ အသံတွေကို ကြားရစေပါတယ်။ ပြီးတော့ နားပိုးဝင်ခြင်းကနေလည်း ဖြစ်နိုင်ပါတယ်။
- အသက်ကြီးလာတာနှင့်အမျှ အကြားအာရုံကို တဖြည်းဖြည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အသက် ၆၀ ကျော်သူတွေမှာ အဆက်မပြတ် အသံမြည်ခြင်း ဒါမှမဟုတ် အသံတွေကြားနေရခြင်းတို့ ဖြစ်တတ်ပါတယ်။
- သွေးပေါင်ချိန်ပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- ဦးခေါင်းနှင့် လည်ပင်းနေရာတွေမှာ အလွန်အကျွံ ဖိစီးမှုဖြစ်ရင် နားအူခြင်း ဖြစ်စေနိုင်ပါတယ်။ နေရာတွေက ဆက်စပ်နေတာကြောင့် များသောအားဖြင့် နားတစ်ခုတည်းမှာသာ ဖြစ်ပေါ်တတ်ပါတယ်။
- အဓိကရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ နားအလယ်ပိုင်း ossicles (otosclerosis) တင်းမာခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- Temporomandibular အဆစ် (မေးရိုးနှင့် ဦးခေါင်းခွံနှင့် ဆုံသည့်နေရာ) ပြောင်းလဲမှု ဒါမှမဟုတ် ဒဏ်ရာအချို့ ခံစားရတဲ့အခါ နားနှင့် နီးကပ်နေတာကြောင့် နားအူနိုင်ပါတယ်။
- ပိုမိုပြင်းထန်တဲ့ အခြေအနေတွေမှာ Ménière's syndrome ဆိုတဲ့ ရောဂါလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ဦးခေါင်းခွံထဲမှာ ညင်သာပျော့ပျောင်းတဲ့အကျိတ်တစ်ခုထွက်လာရင်လည်း vestibular schwannoma ဖြစ်တတ်ပါတယ်။
- ပဋိဇီဝဆေးတွေ သောက်ပါများရင်လည်း ဖြစ်တတ်ပါတယ်။
Tinnitus မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
တကယ်လို့ ဒီခံစားမှုက ကြာရှည်ပြင်းထန်စွာ ခံစားရရင် နေ့စဉ်ဘ၀ကို ထိခိုက်စေနိုင်ပြီး ပင်ပန်းနွမ်းနယ်မှု၊ အာရုံစူးစိုက်မှုကင်းမဲ့မှု၊ စိတ်တိုတိုနှင့် အိပ်မပျော်ခြင်း ဒါမှမဟုတ် မှတ်ဉာဏ်ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အလွန်ကျယ်လောင်တဲ့ အသံတွေကို ရှောင်ပြီး နားကြပ်နဲ့ သီချင်းနားထောင်ရင်လည်း တိုးတိုးပဲနားထောင်သင့်ပါတယ်။ ဆူညံတဲ့ ဧရိယာကိုသွားရင်လည်း နားတွေကို ကာကွယ်ဖို့ နားကြပ်တွေကို တပ်သင့်ပါတယ်။
ဒီအခြေအနေအတွက် သီးခြားကုသမှု မရှိတာကြောင့် ကျန်းမာတဲ့အစားအစာတွေ စားပြီးတော့ လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့က အရေးကြီးပါတယ်။
Zombie (lovemedia)
0 Comments