တစ်ခါတရံမှာ အချို့သော စံနှုန်းတွေက အချစ်စစ်တွေကြားမှာ အတားအဆီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အတားအဆီးတွေကို ဖြတ်ကျော်ပြီး အချစ်စစ်အကြောင်းကို သက်သေပြခဲ့တဲ့ စုံတွဲ ၆ တွဲအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ Paulo Gabriel da Silva Barros နဲ့ Katyucia Lie Hoshino
သူတို့နှစ်ဦးကတော့ အပုဆုံးစုံတွဲအဖြစ် လူသိများပါတယ်။ Paulo Gabriel da Silva Barros နဲ့ Katyucia Lie Hoshino တို့ရဲ့ နှစ်ယောက်ပေါင်းအရပ်က ၁၈၁.၄၁ စင်တီမီတာ (၇၁.၄၂ လက်မ) ရှိပါတယ်။ သူတို့နှစ်ဦး လက်ထပ်ပြီးနောက်မှာတော့ ဂင်းနစ်စံချိန်ကို ဝင်သွားခဲ့ပါတယ်။
"ကျွန်တော်တို့ အရပ်ပုရင်ပုလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်တတ်တဲ့ နှလုံးသားတွေ ရှိတယ်" လို့ Paulo က ပြောပါတယ်။
၂။ Anton Kraft နဲ့ China Bell
Anton Kraft ဟာ ကာယဗလသမား တစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အရပ်က ၄ ပေ ၄ လက်မ( ၁၃၂ စင်တီမီတာ)ပဲ ရှိပါတယ်။ Anton Kraft ဟာ သူ့ကိုယ်အလေးချိန်ရဲ့ ၄ ဆရှိတဲ့ ဝိတ်တုံးကို မ နိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော လူတစ်ယောက်ပါ။
ဒါပေမယ့် Anton Kraft က သူ့ဘဝရဲ့အဓိကအောင်မြင်မှုဟာ China Bell နဲ့ လက်ထပ်ရခြင်းလို့ ယူဆထားသူပါ။ China Bell ဟာ လိင်ပြောင်းအမျိုးသမီး တစ်ဦးဖြစ်ပြီးတော့ အရပ်က ၁၉၀.၅ စင်တီမီတာ ရှိပါတယ်။ သူတို့ကြားမှာ ခြားနားချက်တွေ အများကြီးရှိပေမယ့် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပါတယ်။
၃။ Sean Stephenson နဲ့ Mindie Kniss
Motivational speaker တွေဖြစ်ကြတဲ့ Sean Stephenson နဲ့ Mindie Kniss တို့ဟာ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ Sean Stephenson ဟာ အရိုးရောဂါနဲ့မွေးဖွားလာသူဖြစ်ပြီး သူ့အသက် ၁၈ နှစ်မှာ အရိုးအချောင်း ၂၀၀ ကျိုးသွားတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ သူတို့နှစ်ဦးကို ဝေဖန်တိုက်ခိုက်ကြပေမယ့် Mindie ကတော့ သူမရဲ့အိမ်ထောင်သည်ဘဝမှာ အရမ်းကို ပျော်ရွှင်နေပါပြီ။
၄။ Gabriela နဲ့ Victor Peralta
သူတို့စုံတွဲကတော့ တစ်ကိုယ်လုံးနီးပါးကို တက်တူးတွေ ထိုးထားတာကြပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှာ နားကပ်တွေနဲ့ အခြားအရာပေါင်း ၅၀ကျော်ကိုလည်း ဖော်ကထားကြပါသေးတယ်။
သူတို့နှစ်ဦးလက်ထပ်ထားတာက နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ Gabriela နဲ့ Victor Peralta တို့ဟာ တစ်ယောက်အတွက် တစ်ယောက် ပြည့်စုံတယ်လို့ ယူဆထားကြပြီး အခြားသူတွေရဲ့ အမျိုးမျိုးသော အမြင်တွေကိုလည်း ဂရုမစိုက်ကြပါဘူး။
၅။ Nick Vujicic နဲ့ Kanae Miyhara
Nick ဟာ မွေးကတည်းက ခြေရော၊ လက်ရော ချို့တဲ့လာခဲ့သူပါ။ အဲဒါကြောင့် ငယ်ငယ်ကတည်းက စိတ်ရောကိုယ်ရော ကြံ့ကြံ့ခိုင်နိုင်အောင် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးဟာ မြင်မြင်ချင်း ချစ်မိသွားခဲ့ကြပါတယ်။ အခုတော့ သူတို့တွေရဲ့ ကလေး ၄ ယောက်ကို အတူတူ ပြုစုပျိုးထောင်နေကြပါပြီ။
၆။ Elisane Silva နဲ့ Francinaldo Da Silva Carvlho
Elisane Silva ဟာ ဘရာဇီးနိုင်ငံမှာ အရပ်အရှည်ဆုံးအမျိုးသမီးပါ။ သူမရဲ့အရပ်က ၆ ပေ ၈ လက်မရှိပါတယ်။ အကျိတ်တစ်ခုကြောင့် သူမရဲ့အရပ်က အရမ်းကို ရှည်သွားခဲ့ပါတယ်။
Elisane Silva ဟာ အရပ် ငါးပေ ၄ လက်မပဲရှိတဲ့ Francinaldo Da Silva Carvlho နဲ့လက်ထပ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲ သူတို့နှစ်ဦးရဲ့ပထမဆုံးကလေးလေးကို မွေးဖွားခဲ့ပါတယ်။
Zombie (lovemedia)
0 Comments