ဘယ်တော့မှ ရောနှောပြီး အသုံးမပြုသင့်တဲ့ သန့်ရှင်းရေးသုံးပစ္စည်း (၇) မျိုး

အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ အချို့သန့်ရှင်းရေးပစ္စည်းတွေကို ရောနှောပြီး သန့်ရှင်းလိုက်ရင် ပိုပြီး အကျိုးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးပစ္စည်းတိုင်းကို ရောနှောလို့တော့ မရပါဘူး။

တခါတရံမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်ပြီး အန္တရာယ်ဖြစ်လာစေနိုင်လို့ပါ။ အဲဒါကြောင့် ဘယ်တော့မှာ ရောနှောပြီး အသုံးမပြုသင့်တဲ့ သန့်ရှင်းရေးပစ္စည်းတွေအကြောင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အစွန်းချွတ်ဆေးနဲ့ အယ်လ်ကိုဟော

ဒီနှစ်ခုကို ရောနှောလိုက်တဲ့အခါ chloroform နဲ့ hydrochloric acid တို့ထွက်လာပါတယ်။ အဲဒါတွေက အာရုံကြောစနစ်၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ မျက်လုံးနဲ့ အသားအရေတို့ကို ထိခိုက်စေပါတယ်။ Chloroform များတဲ့အခါမှာတော့ မူးတာ၊ အန်တာ၊ သတိလစ်တာအပြင် အသက်ဆုံးရှုံးတာအထိ ဖြစ်စေပါတယ်။

၂။ အစွန်းချွတ်ဆေးနဲ့ အမိုးနီးယား

အစွန်းချွတ်ဆေးနဲ့ အမိုးနီးယားကို ရောလိုက်တဲ့အခါမှာတော့ အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေ ထွက်လာပြီး အသက်ရှူစနစ်ကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အမိုးနီးယားနဲ့ chloramine ပါဝင်မှုများတဲ့အခါ ပေါက်ကွဲစေတာကြောင့် ဘယ်တော့မှာ ရောနှောပြီးတော့ မသုံးသင့်ပါဘူး။

၃။ အစွန်းချွတ်ဆေးနဲ့ ရှာလကာရည်

အစွန်းချွတ်ဆေးထဲကို ရှာလကာရည် နည်းနည်းလောက် ထည့်လိုက်ရင်တောင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ထွက်လာပြီး မျက်လုံးနဲ့ ကျောက်ကပ်ကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။

၄။ အစွန်းချွတ်ဆေးနဲ့ အခြားသန့်ရှင်းရေးသုံးပြုပစ္စည်းများ

မှန်ကြည်ဆေးရည်၊ အိမ်သာဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည်တို့နဲ့ အစွန်းချွတ်ဆေးတို့ကို ရောနှောပြီး ဘယ်တော့မှ မသုံးသင့်ပါဘူး။ ရောနှောလိုက်တဲ့အခါ ကလိုရင်းဓာတ်ငွေ့ထွက်လာပါတယ်။ ကလိုရင်းဓာတ်ငွေ့ကို နည်းနည်းလေးထိမိရင်တောင် အသက်ရှူစနစ်နဲ့ အမြင်အာရုံစနစ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်

ရှာလကာရည်မှာ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို ရောနှောလိုက်ရင် ဘာမှအကျိုးမရှိတဲ့အရာတွေပဲ ထွက်လာပါတယ်။ အကျိုးမရှိစေတဲ့အပြင် သူတို့နှစ်ခုပေါင်းစပ်မှုက ပေါက်ကွဲမှုတွေပါ ဖြစ်စေပါတယ်။

၆။ ရှာလကာရည်နဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်

ဒီနှစ်ကို ဘူးတစ်ခုထဲမှာ ရောပြီးထည့်မယ်ဆိုရင်တော့ peracetic acid ထွက်လာပါတယ်။ အဲဒီအက်စစ်က အရေပြား၊ မျက်လုံး၊ လည်ချောင်း၊ နှာခေါင်းနဲ့ အဆုတ်တို့ကို ထိခိုက်စေပါတယ်။

၇။ မတူတဲ့ သန့်ရှင်းရေးပစ္စည်းများ

သန့်ရှင်းရေးသုံးပစ္စည်းတွေရဲ့ ဖော်မြူလာတွေက တစ်ခုနဲ့တစ်ခု မတူတာကြောင့် ရောနှောပြီးသုံးရင် ဓာတုဓာတ်ပြုမှုတွေ ဖြစ်စေပါတယ်။ အဲဒါကြောင့်

- သန့်ရှင်းရေးသုံးပစ္စည်းတွေကို အညွှန်းမှာပါတဲ့အတိုင်း စနစ်တကျ သိမ်းဆည်းပါ။

- အစွန်းချွတ်ဆေး သို့မဟုတ် အမိုးနီးယားကို သုံးရင် ရေများများလောင်းချပါ။

- သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ အခြားအိမ်အသုံးအဆောင်တွေကို ရောမထားသင့်ပါဘူး။

- သန့်ရှင်းရေးသုံးပစ္စည်းတွေကို ကလေးတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာထားပါ။

Zombie (lovemedia)

Post a Comment

0 Comments