ကြွက်သားတွေရရှိအောင် ပြုလုပ်ဖို့က ခက်ခဲတယ်လို့ ထင်ရစေပါတယ်။ ဒါပေမယ့် မလျှော့တဲ့ဇွဲ၊ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ပြုလုပ်မယ်ဆိုရင်တော့ လူတကာ ငေးမောရတဲ့ ကြွက်သားတွေကို ပိုင်ဆိုင်ရမှာပါ။

အဲဒါကြောင့် ကြွက်သားတွေကို ဘယ်လိုနည်းတွေနဲ့ တည်ဆောက်မလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်တိုင်း ကြွက်သားတွေ မထွက်လာနိုင်ပါဘူး။ ကြွက်သားတွေ ကြီးထွားလာဖို့ဆိုရင် ပရိုတိန်းဓာတ် လုံလုံလောက်လောက်လိုအပ်ပါတယ်။ ကြွက်သားတစ်ရှူးတွေ အသစ်တည်ဆောက်နိုင်ဖို့အတွက် ခန္ဓာကိုယ်မှာ လုံလောက်တဲ့ ပရိုတိန်းဓာတ်ကို ဖြည့်ပေးဖို့ အရေးကြီးပါတယ်။

၁။ လေ့ကျင့်ခန်းပြုလုပ်ပါ။

ကြွက်သားတက်ဖို့ အလေးမတဲ့အခါ မ တဲ့အကြိမ်အရေအတွက်ကို သတိပြုဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် အလေးကို ၁ ကြိမ်ကနေ ၅ ကြိမ်အထိ မ တဲ့အခါ ခန္ဓာကိုယ်က ကြံ့ခိုင်လာပါတယ်။

အလေးကို ၆ ကြိမ်ကနေ ၁၂ ကြိမ်အထိ မ ရင် ကြွက်သားတွေ ပိုဖြစ်ထွန်းလာပြီး ၁၂ ကြိမ်ကနေ အကြိမ် ၂၀ အထိ အလေးမမယ်ဆိုရင်တော့ ကြွက်သားတွေ ခံနိုင်ရည် ပိုရှိလာတဲ့အပြင် ကြွက်သားတွေလည်း ပိုကြံ့ခိုင်လာပါတယ်။

၂။ အလွန်အကျွံလေ့ကျင့်တာကို ရှောင်ကြဉ်ပါ။

လိုချင်တဲ့ကြွက်သားပုံစံကို ရဖို့အတွက် လေ့ကျင့်ခန်းအမျိုးအစားကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကြွက်သားကို မြန်မြန်ရချင်တဲ့စိတ်နဲ့ အလွန်အကျွံ လေ့ကျင့်တာကိုလည်း ရှောင်သင့်ပါတယ်။ အလွန်အကျွံလေ့ကျင့်တာက အခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေတာကြောင့် နားရက်လည်း ယူသင့်ပါတယ်။

၃။ အစားအစာ

ကြွက်သားတွေ တက်လာဖို့ဆိုရင် အစားအစာက အရေးကြီးပါတယ်။ နေ့စဉ်စားသုံးရမယ့် ကယ်လိုရီက အသက်အရွယ်၊ ကျား၊ မ၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ နေ့စဉ်လှုပ်ရှားမှုပေါ်မူတည်ပြီး လိုအပ်ပါတယ်။ ကြွက်သားတွေ တည်ဆောက်ဖို့ဆိုရင် ပရိုတိန်းကတော့ မရှိမဖြစ်ပါပဲ။

ပရိုတိန်းကို အာဟာရပညာရှင်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်တွေကိုလည်း သင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ပေါ် မူတည်ပြီးတော့မှ တွက်ချက်စားသုံးပါ။

၄။ ကြွက်သားတည်ဆောက်ဖို့အတွက် စားသင့်သောအစားအစာများ

ဗီတာမင်ဘီပါဝင်တဲ့ ကြက်ဥ၊ ဆော်လမွန်ငါး၊ ကြက်ရင်အုံသား၊ ဒိန်ချဉ်၊ ဗီတာမင်အေနဲ့ ဘီ၊ အိုမီဂါ ၃ ပါဝင်တဲ့ တူနာငါး၊ အဆီနည်းတဲ့ အမဲသား၊ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ ပုဇွန်၊ ကြက်ဆင်ရင်အုပ်သား၊ ကုလားပဲ၊ မြေပဲ၊ တိုဖူး၊ နွားနို့၊ ဆန်လုံးညိုစတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။

၅။ အိပ်ရေးဝဝအိပ်ပါ။

ခန္ဓာကိုယ်နဲ့ ကြွက်သားတွေဟာ အနားယူဖို့အတွက် အိပ်ရေးဝဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၈နာရီ ထားသင့်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကထွက်တဲ့ ဟော်မုန်းက ကြွက်သားတွေ ကြီးထွားလာဖို့ ကူညီပေးပါတယ်။

၆။ ပရိုတိန်းအားဖြည့်စာများ

ကြွက်သားတွေ ကြီးထွားလာဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်သလို အစားအစာကလည်း လိုအပ်ပါတယ်။ သင်လိုချင်တဲ့ကြွက်သားကို ရရှိဖို့အတွက် နေ့စဉ်အစားအစာတွေထဲမှာ creatine, protein supplments, weight gainers, Beta-Alanine တို့ကို ထည့်သွင်းစားသုံးသင့်ပါတယ်။

Zombie (lovemedia)