မတော်တဆတွေ့ရှိမှုကနေ သန်းကြွယ်သူဌေးဖြစ်သွားကြသူများ

ကံကောင်းမှုက သင့်ကိုဘယ်နေရာမှာမဆို စောင့်နိုင်ပါတယ်။ ပစ္စည်းဟောင်းအပုံထဲမှာ၊ သားငါးဈေးမှာ၊ အိမ်နောက်ဖေးမှာ ဒါမှမဟုတ် လယ်ကွင်းအလယ်မှာတောင် ရှိနေတတ်ပါတယ်။။ ကံကြမ္မာဟာ မမျှော်လင့်ဘဲနှင့် အထူးခြားဆုံး ပုံစံတွေနဲ့ ပြောင်းလဲတတ်ပါတယ်။

၁။ အကြွေစေ့နံရံ

Pennsylvania ပြည်နယ် Windber မှာ အနှစ် ၂၀ကျော် စွန့်ပစ်ထားခဲ့တဲ့ အိမ်အိုကြီး တစ်လုံးရှိပါတယ်။ တစ်နေ့မှာ ဒေသခံကလေးတွေကအိမ်ထဲဝင်ဆော့ပြီး နံရံတစ်ခုအနီးမှာ အကြွေစေ့ဟောင်းများစွာကို တွေ့ရှိခဲ့ပါတယ်။

ကလေးတွေက သူတို့ရဲ့မိဘတွေကို သူတို့ရှာတွေ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ မိဘတွေက နံရံကို ခွဲဖို့ ဆုံးဖြတ်ပြီး ရာနဲ့ချီတဲ့ အကြွေစေ့တွေ ပြုတ်ကျလာခဲ့ပါတယ်။

တွက်ချက်မှုတွေအရ ဒေါ်လာ ၈၅၀၀ ရှိပါတယ်။ သာမန်ဒင်္ဂါးတွေလည်းပါသလို ၁၇၉၃-၁၈၅၇ ခုနှစ်ကြားမှာ ထုတ်ခဲ့တဲ့ ရှားရှားပါးပါး ဒင်္ဂါးအချို့ လည်း ပါပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀၀,၀၀၀ ဖြစ်ပါတယ်။

၂။ ရွှေ

Ballarat (Australia) မှာ ဒေသခံလယ်သမားတစ်ဦးဟာ သူ့ရဲ့အိမ်တစ်ဝိုက်မှာရှိတဲ့ သဲကန္တာရမြေတွေပေါ်မှာ သတ္တုရှာဖွေစက်တစ်ခုနှင့် လမ်းလျှောက်နေခဲ့ပါတယ်။ စက်က အချက်ပြတာကို တွေ့တဲ့အခါ စတင်တူးဖော်ခဲ့ပါတယ်။

ချက်ချင်းဆိုသလို ရွှေတုံးလေးတွေ တွေ့ပါတယ်။ ဆက်လက်တူးရင်းတူးရင်းနဲ့ အလေးချိန် ၅.၅ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဒေါ်လာ ၃၁၅,၀၀၀ တန်ကြေးရှိ ရွှေတုံးကြီးကို တွေ့ရှိခဲ့ပါတယ်။

အံ့သြစရာကောင်းတာက ဒီဧရိယာကို အကြိမ်ပေါင်းများစွာ စူးစမ်းလေ့လာခဲ့ပေမယ့် ထူးထူးခြားခြား မတွေ့ခဲ့ရပါဘူး။

၃။ မဟူရာ

သြစတြေးလျနိုင်ငံက နောက်ထပ်ကံကောင်းသူတစ်ဦးကတော့ ကမ္ဘာ့အရှားပါးဆုံး မဟူရာကို တွေ့ရှိခဲ့ပါတယ်။ မိုင်းတွင်းလုပ်သားတစ်ဦးဟာ သူ့အလုပ်ချိန်အတွင်းမှာ သာမန်ကျောက်ခဲတွေရဲ့အောက်မှာ တောက်ပနေတဲ့ ကျောက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အမှတ်တရအဖြစ် သိမ်းထားဖို့ သိမ်းထားလိုက်ပါတယ်။ ၁၄ နှစ်အကြာမှာ ကျွမ်းကျင်သူတစ်ဦးကို ပြခဲ့ပါတယ်။ အလွန်ရှားပါးတဲ့ အနက်ရောင် မဟူရာ ကို တွေ့ရှိခဲ့တာပါ။

အဲဒီကျောက်တုံးကို "တော်ဝင်ဘုရား" လို့ အမည်ပေးခဲ့ပါတယ်။ ကျွမ်းကျင်သူတွေအဆိုအရ လေလံပွဲတစ်ခုမှာ သူ့ရဲ့မူရင်းတန်ဖိုးက ဒေါ်လာ ၃ သန်းဖြစ်ပါတယ်။

၄။ ပိုက်ဆံနဲ့ စာအိတ်တွေ

၂၀၀၉ ခုနှစ်မှာ Bob Kitts လို့ခေါ်တဲ့လူက သူ့ရဲ့သူငယ်ချင်း Amanda Reece ရဲ့အိမ်ကို ပြန်လည်အလှဆင်ပေးခဲ့ပါတယ်။ ရေချိုးခန်းထဲက ကြွေပြားဟောင်းတွေကို ဖြိုဖျက်ရင်း အထဲမှာ ပိုက်ဆံအိတ်တွေ ထည့်ထားတဲ့သေတ္တာ ၂ လုံးကို တွေ့ရှိခဲ့ပါတယ်။ စာအိတ်တွေမှာ The P. Dunne သတင်းဌာနကို လိပ်မူထားတဲ့ ဒေါ်လာ ၁၈၂,၀၀၀ ပါရှိပါတယ်။

သူတို့နှစ်ယောက် ပိုက်ဆံတွေကိုရှာတွေ့ခြင်းအတွက် ပျော်ရွှင်နေကြပေမယ့်လည်း ငွေကို ဘယ်လိုခွဲရမယ်ဆိုတာကို အငြင်းပွားခဲ့ကြပါတယ်။ Amanda က Bob ကို 10% ပေးခဲ့ပေမယ့် 40% ကို တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် သဘောမတူနိုင်ဘဲ တရားရုံးမှာ ဖြေရှင်းခဲ့ကြပါတယ်။ တရားရုံးကတော့ သူတို့နှစ်ယောက်လုံးအတွက် ငွေကို အညီအမျှခွဲဝေပေးခဲ့ပါတယ်။

၅။ ပျောက်သွားတဲ့တူကိုရှာရင်းကနေ အမှတ်မထင်တွေ့လိုက်ရတဲ့ ရတနာသိုက်

၁၉၉၂ခုနှစ်မှာ Peter Whatling လို့ခေါ်တဲ့ ဗြိတိသျှလယ်သမားတစ်ဦးဟာ တူတစ်ချောင်းပျောက်သွားခဲ့ပါတယ်။ သူ့အိမ်ခြံဝင်းတွေထဲမှာ ရှာတာမတွေ့တဲ့အတွက်ကြောင့် လက်လုပ်သတ္တုရှာဖွေစက်ရှိတဲ့ သူ့သူငယ်ချင်း Eric Lawes ကို အကူအညီတောင်းခဲ့ပါတယ်။

ပထမမိနစ်အနည်းငယ်မှာပဲ Lawes ဟာ ငွေဒင်္ဂါးပြားကြီးတစ်ပြားကို တွေ့ခဲ့ပါတယ်။ ဒင်္ဂါးပြားကို ရှာတွေ့တဲ့ နေရာကို ဆက်ရှာတဲ့အခါ ရွှေဆွဲကြိုး၊ လက်ဝတ်ရတနာတွေနဲ့ ဒင်္ဂါးရာပေါင်းများစွာပါတဲ့ သစ်သားသေတ္တာကို တွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်း သုတေသန ပညာရှင်တွေကတော့ ဒီရှာဖွေတွေ့ရှိမှုကို Hoxne Hoard လို့ အမည်ပေးခဲ့ပါတယ်။ မူရင်းတန်ဖိုးမှာ ဒေါ်လာ ၁၅ သန်းခန့်ဖြစ်ပါတယ်။ ပစ္စည်းတွေအားလုံးကို ဗြိတိသျှပြတိုက်ကို ပေးအပ်ခဲ့ပါတယ်။ Ericနဲ့ သူ့သူငယ်ချင်းတို့ဟာ ဆုကြေး ဒေါ်လာ ၂.၃ သန်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် Peter Whatling ကတော့ သူ့ရဲ့တူကို ရှာမတွေ့ခဲ့ပါဘူး။

၆။ လွတ်လပ်ရေးကြေညာစာတမ်း

Pennsylvania က အမျိုးသားတစ်ဦးဟာ ပန်းချီကားတစ်ချပ်ကို ၄ ဒေါ်လာနဲ့ ဝယ်ယူခဲ့ပါတယ်။ သူ့အိမ်မှာ အလှဆင်ဖို့ ဘောင်သွားပြောင်းတဲ့အခါ ပန်းချီကားရဲ့ နောက်ကျောမှာ တွဲထားတဲ့ စာရွက်စာတမ်းတစ်ခုကို တွေ့ခဲ့ပါတယ်။

အဲ့တာဟာ 1776 ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးကြေငြာစာတမ်းရဲ့တရားဝင်ကော်ပီ 25 စောင်ထဲက တစ်စောင်ဖြစ်နေပါတယ်။ နောက်ပိုင်းမှာ ဒီစာတမ်းကိုဒေါ်လာ 2.4 သန်းနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

Nashville မှာလည်း Michael Sparks နှင့် အလားတူ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း စျေးဆိုင်တစ်ဆိုင်ကနေကြေညာစာတမ်းတစ်စောင်ကို ဝယ်ခဲ့ပါတယ်။ $2.48 ပေးခဲ့ပြီး ကျွမ်းကျင်သူတွေကို ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖြစ်ချင်တော့ အဲ့ကြေညာစာတမ်းဟာ လွန်ခဲ့တဲ့ 184 နှစ်ခန့်က ရေးခဲ့တဲ့ စာတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေါ်လာ ၁၂၅၀၀၀နဲ့ ရောင်းချခဲ့ပါတယ်။

၇။ ဗြိတိသျှဘုရင်တွေရဲ့ ရွှေ

အပျော်တမ်း ရှေးဟောင်းသုတေသနပညာရှင် တယ်ရီ ဟားဘတ်က သူ့သူငယ်ချင်း ပိုင်တဲ့ လယ်ကွက်တစ်ခုထဲမှာ(အင်္ဂလန်နိုင်ငံ၊ Staffordshire မှ လယ်သမားတစ်ဦး) သတ္တုထောက်လှမ်းကိရိယာနဲ့ ရှာဖွေခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဒင်္ဂါးအနည်းငယ်ကို ရှာတွေ့ဖို့ပဲ သူမျှော်လင့်ထားခဲ့တာပါ။ ပထမဆုံးနေ့မှာတင်ပဲ စုစုပေါင်းအလေးချိန် 4.5 ကီလိုဂရမ်ရှိတဲ့ ရှေးဟောင်းပစ္စည်း 4,000 ကို တွေ့ရှိခဲ့ပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ အဲ့ရတနာတွေဟာ XII ရာစုက ဗြိတိသျှဘုရင်တွေ၊ တပ်မှူးတွေနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေ ပိုင်ဆိုင်ကြပြီး နတ်ဘုရားတွေအတွက် ယဇ်ပူဇော်ခြင်းမျိုး ဖြစ်နိုင်ချေများတယ်လို့ တွက်ဆခဲ့ကြပါတယ်။ ရတနာဟာ တန်ဖိုး ဒေါ်လာ ၅ ဒသမ ၃ သန်းခန့် ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments