အရေးအကြောင်းနဲ့ အစက်အပြောက်တွေကို ကာကွယ်ဖို့ အသက် ၂၅ နှစ်မှာ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းနည်း (၇) နည်း

အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ အစက်အပြောက်တွေ၊ အရေပြားတွန့်တာတွေ ဖြစ်ပေါ်လာပါတယ်။ အသက်အရွယ်ကြီးလာတာကြောင့် အရေးအကြောင်းတွေ ပေါ်လာတာကို တားဆီးဖို့ခက်ခဲပေမယ့် ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေကိုတော့ တားဆီးနိုင်ပါတယ်။

အဲဒါကြောင့် အရေးအကြောင်းတွေ စောစောစီးစီးမဖြစ်လာစေဖို့ အသက် ၂၅ နှစ်အရွယ်မှာ လုပ်သင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မုန်လာဥနီနဲ့ ကြက်ဥ

မုန်လာဥနီတစ်လုံးကို ကြိတ်လိုက်ပါ။ အဲဒီနောက် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး နှံ့သွားအောင် မွှေပါ။ အဲဒီနောက် မျက်နှာတစ်ခုလုံးနဲ့ လည်ပင်းကို လိမ်းပေးပါ။ မိနစ် ၃၀ ခန့်ထားပြီးနောက် မျက်နှာသစ်လိုက်လို့ရပါပြီ။

အဲဒီနောက် မျက်နှာကို ရေဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပါ။ မုန်လာဥနီနဲ့ ကြက်ဥ mask ကို တစ်ပတ်မှာ ၂ ကြိမ် ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ တစ်လအကြာမှာတော့ အစက်အပြောက်တွေ ကင်းစင်သွားပြီး အသားအရေက သိသိသာသာ ချောမွေ့လာပါတယ်။

၂။ တရုတ်နံနံ

ကြိတ်ထားတဲ့ တရုတ်နံနံ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် သင့်ရဲ့မျက်နှာမှာလိမ်းလိုက်ပြီး မိနစ် ၂၀ ခန့်ထားပါ။ မိနစ် ၂၀ ခန့်ထားပြီးရင် ရေအေးနဲ့ မျက်နှာသစ်ပြီး ရေဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပါ။

ဒီ mask က အသားအရေအဆီပြန်သူ၊ အသားအရေ ပုံမှန်ရှိသူတွေအတွက် အရမ်းသင့်တော်ပါတယ်။ အသားအရေခြောက်သူဆိုရင်တော့ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးလို့ရပါတယ်။ တရုတ်နံနံ mask က အသားအရေကို ဝင်းပတင်းရင်းစေပါတယ်။

၃။ ငှက်ပျောသီး

ငှက်သီးတစ်လုံးကို ချေလိုက်ပြီး မျက်နှာမှာ မိနစ် ၂၀ ကနေ ၃၀ ခန့် ကပ်ထားပါ။ ပြီးနောက် ရေအေးနဲ့ မျက်နှာသစ်ပါ။ ငှက်ပျောသီး mask ကိုတော့ တစ်ပတ်ကို ၃ ကြိမ်ခန့် ပြုလုပ်လို့ရပါတယ်။ ငှက်ပျောသီး mask ကတော့ အမည်းရောင်အစက်အပြောက်တွေ၊ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးတာပါ။

၄။ ယောဂ

မျက်နှာမှာ အရေးအကြောင်းတွေ မဖြစ်လာစေဖို့အတွက် ယောဂနည်းက အရမ်းကို ထိရောက်ပါတယ်။ နှဖူးက အရေးအကြောင်းတွေကို ဖျောက်ဖို့အတွက် လက်ချောင်းလေးတွေကို နှဖူးနဲ့ မျက်ခုံးပေါ်မှာ တင်ထားပါ။ နဖူးက အရေပြားကို လက်ချောင်းလေးတွေကို အသုံးပြုပြီး စက္ကန့် ၂၀ ခန့် ဆွဲထားပါ။ ဒီနည်းကို ၃ ကြိမ်ပြုလုပ်လို့ရပါတယ်။

၅။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ဝက်ခြံအမာရွတ်တွေနဲ့ အမည်းစက်တွေကို မှေးမှိန်သွားအောင်လုပ်ပးနိုင်ပါတယ်။ အဲဒါကြောင့် အစက်အပြောက်ရှိတဲ့နေရာမှာ ပန်းသီးရှာလကာရည်ကို အနည်းငယ်တို့ထားပြီး တစ်ညထားလိုက်ပါ။ မျက်နှာမခြောက်သွေ့အောင်လို့ ပန်းသီးရှာလကာရည်ထဲမှာ ဆီတစ်ခုခု ရောပြီးထည့်လိမ်းလည်း ရပါတယ်။

၆။ ကြက်ဆူဆီ

ကြက်ဆူဆီအနည်းငယ်ကို မျက်နှာမှာလိမ်းထားပြီး နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ် အသုံးပြုလို့ရပါတယ်။ တစ်လအကြာမှာတော့ မျက်နှာမှာ အစက်အပြောက်တွေ ကင်းစင်ပြီး အရေးအကြာင်းတွေလည်း လျော့ပါးသွားမှာပါ။

၇။ ဗီတာမင်စီ

အသားအရေ လှချင်သူတိုင်းအတွက် ဗီတာမင်စီက မရှိမဖြစ်ပါပဲ။ မျက်နှာအသားအရေ စိုပြေလှပဖို့ ဗီတာမင်စီကို သောက်လို့ရသလို ဗီတာမင်စီပါဝင်တဲ့ ခရင်မ်တွကိုလည်း လိမ်းပေးနိုင်ပါတယ်။ ဗီတာမင်စီက အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေကို ဝင်းလက်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments