ကမ္ဘာပေါ်မှာ ကလေးတွေ ဆယ်ဂဏန်းအထက်မွေးထားတဲ့ မိသားစု (၆) စု

ရှေးရှေးတုန်းကတော့ မိသားစုတွေမှာ ကလေးတွေအများကြီး မွေးကြပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုတွေမှာ ကလေး တစ်ယောက်ကနေ ၅ ယောက်အထိပဲ မွေးကြပါတော့တယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ကလေးတွေကို အများကြီးမွေးတဲ့ မိသားစုတွေလည်း ရှိပါတယ်။

၁။ Zionas မိသားစု

Zionas ကို အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့ပြီး သူ့ရဲ့အမျိုးသမီး Zathiangi နဲ့ အသက် ၁၇ နှစ်အရွယ်မှာ လက်ထပ်ခဲ့ပါတယ်။ Zionas မိသားစုဟာ ကမ္ဘာပေါ်က အကြီးဆုံးမိသားစုထဲမှာ တစ်စုအပါအဝင်ပါပဲ။ အခုတော့ သူ့မှာ ဇနီး ၃၉ ယောက်ရှိပြီး ကလေးကတော့ ၉၄ ယောက် ရှိပါတယ်။

သူတို့မှာ မိသားစုဝင်တွေများတာကြောင့် ဆန် ပေါင် ၂၀၀ နဲ့ အာလူး ပေါင် ၁၃၀ ကို နေ့စဉ်ချက်ရပါတယ်။ သူတို့မိသားစုဟာ အခန်းပေါင်း ၂၀၀ ပါတဲ့အဆောက်အဦးကြီးမှာ နေထိုင်ကြပြီး အခြားအထောက်အပံ့မပါဘဲ ကိုယ်တိုင်ရပ်တည်နေတာပါ။

Zionas က Chana pawl လို့ခေါ်တဲ့ အိန္ဒိယခရစ်ယာန်ဂိုဏ်းကွဲရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောင်တစ်ချိန်မှာ ယေရှုနဲ့အတူ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

၂။ Bates မိသားစု

Bates မိသားစုကတော့ ဧဝံဂေလိအသင်းဝင် အမေရိကန်မိသားစုတစ်စုဖြစ်ပါတယ်။ သူတို့မိသားစုမှာ မိသားစုဝင်ပေါင်း ၁၉ ယောက်ရှိပါတယ်။ မိဘတွေဖြစ်တဲ့ Gil နဲ့ Kelly ဟာ အသက် ၂၂ နှစ်နဲ့ ၂၁ နှစ်အရွယ်မှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့က ဘယ်တုန်းကမှ ကလေးတွေအများကြီးမွေးဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ပထမဆုံးကလေးကို မွေးဖွားပြီးနောက်ပိုင်းမှာတော့ ကလေးတွေကို ချစ်လာပြီး အများကြီး မွေးဖြစ်သွားခဲ့ကြပါတယ်။ သူတို့မှာ မြေး ၁၀ ယောက်လည်း ရှိပါသေးတယ်။

၃။ Hanns မိသားစု

ဒီမိသားစုကတော့ Dundee ကဖြစ်ပြီး စကော့တလန်မှာတော့ သူတို့မိသားစုက အကြီးဆုံးပါပဲ။ Emma နဲ့ Roy မှာ အသက် ၂ နှစ်ကနေ ၂၅ နှစ်အရွယ်အထိရှိတဲ့ ကလေး ၁၃ ယောက် ရှိပါတယ်။

Roy က သူနာပြုအလုပ်လုပ်ပြီး Emma ကကတော့ အိမ်ရှင်မကောင်း တစ်ယောက်ပါပဲ။ သူတို့အိမ်မှာ တစ်ပတ်ကို နွားနို့ ၅၀ ပိုင့်၊ ပေါင်မုန့်လုံး ၂၁ လုံးခန့် ကုန်ပါတယ်။

၄။ Radfords မိသားစု

Noel နဲ့ Sue Radford တို့က ငယ်ငယ်ကတည်းက သိခဲ့ကြသူတွေပါ။ Sue အသက် ၁၄ နှစ်၊ Noel အသက် ၁၈ နှစ်မှာ သူတို့ရဲ့ပထမဆုံးကလေးကို မွေးဖွားခဲ့ပါတယ်။

ကလေး ၂၂ ယောက်ရှိတာကြောင့် ဗြိတိန်မှာတော့ သူတို့ဟာ မိသားစုဝင် အများဆုံးပါပဲ။ သူတို့မိသားစုဟာ Radford's Pie Company ဆိုတဲ့မုန့်တိုက်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

၅။ Duggars မိသားစု

Jim ရဲ့အသက် ၁၉ နှစ်၊ Michelle ရဲ့အသက် ၁၇ နှစ်မှာ လက်ထပ်ခဲ့ကြပြီး အမေရိကန်ုနိုင်ငံ Arkansas ပြည်နယ်မှာ နေထိုင်ပါတယ်။ အခုဆိုရင်တော့ Duggars မိသားစုမှာ ကလေး ၁၉ ယောက်ရှိနေပါပြီ။

သူတို့မှာ မြေး ၁၇ ယောက်လည်း ရှိပါသေးတယ်။ Duggars မိသားစုက နာမည်ကြီးတာကြောင့် TV reality show တွေမှာလည်း သူတို့အကြောင်းကို ပြသလေ့ရှိပါတယ်။

၆။ Bonells မိသားစု

ဩစတေးလျနိုင်ငံက Bonells မိသားစုကတော့ အဖေနဲ့အမေ အပါအဝင်ဆိုရင် မိသားစုဝင် ၁၈ ယောက်ရှိပါတယ်။ သူတို့မိသားစုမှာ အသက် ၄ နှစ်ကနေ ၂၉ နှစ်အထိ ကလေးပေါင်း ၁၆ ယောက်ရှိပါတယ်။ Bonells မိသားစုဟာ Queensland မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments