အိမ်ရှင်မတိုင်းအတွက် ဟင်းချက်တဲ့အခါ အသုံးတည့်စေမယ့် နည်းလမ်း (၁၀) ခု

ရေခဲသေတ္တာထဲမှာ အနံ့ဆိုးတွေထွက်တာက အရမ်းကို ဆိုးပါတယ်။ ဒီလိုသေးငယ်တဲ့ ပြဿနာလေးတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေကို love media ကနေ ပြောပြပေးချင်ပါတယ်။ ပြီးတော့ ပိုက်ဆံအများကြီး သုံးစရာမလိုပါဘူး။

၁။ အစားအစာတွေကို မိုက်ခရိုဝေ့ထဲမှာ အညီအမျှ အပူပေးပါ။

သင့်အစားအစာတွေကို မိုက်ခရိုဝေ့ဖ်ထဲမှာ အပူပေးပြီးရင် အလယ်ဘက်လောက်က မပူနေတာကို သတိထားမိပါလိမ့်မယ်။ မိုက်ခရိုဝေ့ဖ်က သင့်အစားအစာဆီကို အပူလှိုင်းတွေ ပို့ပေးနေတာဖြစ်ပေမယ့် မီးဖိုတွေလို အောက်ဖက်ကနေ အပူမပေးပါဘူး။

သင်စားမယ့် အစားအစာကို အကုန်နွေးစေချင်တယ်ဆိုရင်တော့ အဝိုင်းပုံစံလေးလုပ်လိုက်ပါ။ ဒီနည်းလမ်းလေးတွေက ပူပူနွေးနွေး ဟင်းတစ်ခွက်ကို စားဖို့ ကူညီပေးပါလိမ့်မယ်။ စားကောင်းပါစေ။

၂။ အာလူးတွေ မပုပ်သွားအောင် ထားနည်း

အစားအသောက်တွေကို မစားရပဲ စွန့်ပစ်ရတာက တကယ်ကို နှမြောဖို့ ကောင်းပါတယ်။ အာလူးလိုမျိုး အသီးအနှံမျိုးက မပုပ်သွားအောင် အရမ်းဂရုစိုက်ရပါတယ်။ အာလူးထားတဲ့နေရာမှာ ပန်းသီးတစ်လုံးကို အထဲမှာထည့်ထားပါ။ အနီးအနားမှာ ကြက်သွန်နီတွေ မထားပါနဲ့။ ပြီးတော့ အေးမြပြီးမှောင်တဲ့နေရာမှာပဲ ထားပါ။

၃။ ကြက်ဥကို အနှစ်နဲ့အကာ အလွယ်တကူခွဲနည်း

တကယ်လို့ သင့်ဆီမှာ ကြက်ဥအနှစ်နဲ့အကာကို အလွယ်တကူခွဲထုတ်နိုင်တဲ့ ပစ္စည်းမရှိရင် အပေါက်ဖောက်ထားတဲ့ ဇွန်းတစ်ချောင်းကို သုံးနိုင်ပါတယ်။ ဒီနည်းက သင့်ကို ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ဦးလိုမျိုး ကြက်ဥကို အထာကျကျ ခွဲတတ်စေပါလိမ့်မယ်။

၄။ ခြစ်ကို အလွယ်တကူသန့်ရှင်းရေးလုပ်နည်း

ခြစ်ကို သုံးပြီးတိုင်း သန့်ရှင်းရေးလုပ်ရတာ ငြီးငွေ့နေတယ်ဆိုရင် ပါးလွှာတဲ့ ဆပ်ပြာကို ထည့်ခြစ်လိုက်တာက သင့်ကို ကူညီပေးနိုင်ပါတယ်။ ဆပ်ပြာနဲ့ သက်သက်ဆေးစရာမလိုပဲ ရေဆေးချတာနဲ့ အလိုလိုပြောင်ပြီးသား ဖြစ်နေပါလိမ့်မယ်။

၅။ ခွက်ကိုသုံးပြီး ဓားကို သွေးပါ။

မီးဖိုချောင်သုံးဓားတွေက သုံးပါများရင် တုံးလာပါတယ်။ သင့်မှာ ဓားသွေးကျောက်မရှိရင် မတ်ခွက်တစ်လုံးယူပြီး ဇောက်ထိုးထားလိုက်ပါ။ ပြီးရင် ခွက်အစွန်းမှာ ဓားကို 45° ထောင့်ထောင်ပြီး သွေးနိုင်ပါပြီ။

၆။ စတော်ဘယ်ရီသီးတွေကို ရှာလကာရည်နဲ့ ဆေးပါ။

စတော်ဘယ်ရီသီးဟာ အပုပ်မြန်တတ်တဲ့ အသီးမျိုးပါ။ ဒါ့ကြောင့် တတ်နိုင်သမျှ လန်းဆန်းနေစေဖို့ အသီးတွေကို ရှာလကာရည်နဲ့ ဆေးပါ။ ရှာလကာရည်ဖြူ ၁ ခွက်နှင့် ရေ ၈ ခွက် လိုအပ်ပါတယ်။

၇။ သတင်းစာကို သုံးပြီး ပလပ်စတစ်နှင့် ဖန်အိုးက အနံ့ဆိုးတွေကို ဖယ်ရှားပါ။

ပုလင်းတစ်လုံးက ရေဆေးပြီးတာတောင် အနံ့ဆိုးတွေ ဆက်လက်ထွက်နေတယ် ဆိုရင်တော့ ဒီနည်းကို သုံးသင့်ပါပြီ။ သတင်းစာက အနံ့ဆိုးတွေကို စုပ်ယူနိုင်ပါတယ်။ သတင်းစာ စာရွက်များစွာကို ယူပြီး ခေါက်ချိုးပါ။ ပြီးရင် အိုး ဒါမှမဟုတ် ပလပ်စတစ်ဘူးထဲကို ထည့်ပါ။ 24 ကနေ 48 နာရီလောက်ထိ ထည့်ထားလိုက်ပါ။

၈။ ရေခဲသေတ္တာထဲမှာ မုန့်ဖုတ်ဆိုဒါ ထည့်ထားခြင်းဖြင့် အနံ့ဆိုးတွေကို ဖယ်ရှားလိုက်ပါ။

ပုပ်နေတဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတွေ၊ ပြုတ်ထားတဲ့ ဟင်းချိုနှင့် အသားတွေက သင့်ရေခဲသေတ္တာထဲမှာ အနံ့ဆိုးတွေကို အချိန်အကြာကြီး စွဲကပ်စေနိုင်ပါတယ်။ အနံ့ဆိုးတွေ ကင်းစင်ချင်ရင် ရေခဲသေတ္တာထဲမှာ မုန့်ဖုတ်ဆိုဒါ တစ်ဗူး ထားလိုက်ပါ။ သူ့အလိုလို အနံ့မရှိပေမယ့် အနံ့တွေကို စုပ်ယူပါတယ်။

၉။ ပန်းသီးကို သုံးပြီး ကွတ်ကီးတွေကို လတ်ဆတ်အောင်ထားပါ။

အရသာရှိတဲ့ ကွတ်ကီးတွေကို စားရတာလောက် ကောင်းတာမရှိပါဘူး။ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်လို့ ကွတ်ကီးတွေက အရမ်းခြောက်သွားပြီး စားဖို့နည်းလမ်း အဆင်မပြေတော့ဘူးဆိုရင်တော့ နှမြောစရာကောင်းပါတယ်။

ဒါကြောင့် ပန်းသီးတစ်လုံးနဲ့ သိမ်းထားပါ။ ပန်းသီးခြောက်သွားရင်တောင်မှ သင့် cookies တွေ လတ်ဆတ်နေစေဖို့ အသစ်တစ်လုံးထပ်ထည့်ပါ။

၁၀။ အသီးအရွက်လှီးတဲ့အချိန် လက်ကိုမထိချင်ရင်

အသီးအရွက်လှီးဖြတ်တဲ့အချိန်မှာ လက်ချောင်းတွေကို ဖြတ်မိရင် တော်တော်ကို ခံရခက်ပါတယ်။ ဒီလိုမျိုးထပ်မဖြစ်စေဖို့ သင့်ကိုယ်ပိုင်လက်ချောင်းအကာအကွယ် တည်ဆောက်နည်းကို ပြောပြချင်ပါတယ်။ ပလပ်စတစ်ပုလင်းနှင့် သရေကွင်းတစ်ခုသာ လိုအပ်ပါတယ်။

ပုံမှန်ပလပ်စတစ်ပုလင်း (Coke ဒါမှမဟုတ် ရေပုလင်း)ကိုယူပြီး ပုံမှာပြထားတဲ့အတိုင်း ပုလင်းထိပ်အပိုင်းကို ဖြတ်ပါ။ ပြီးရင် ဘေးဘက်မှာ အပေါက် ၂ ပေါက်လုပ်ပြီး သရေကွင်းကို ထည့်ပါ။ လှီးဖြတ်နေတဲ့အချိန်မှာ ဒီအကာကို သင့်လက်ချောင်းတွေပေါ် ထားခြင်းဖြင့် အသုံးပြုနိုင်ပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments